
ကွန်တိန်နာတွေလဲတဲ့ Video ဖိုင်က အမ်ဖန်မုန်တိုင်းကြောင့်မဟုတ်ပါဘူး
ဘင်္ဂလားပင်လယ်အော်ကနေ ဖြစ်ပေါ်လာတဲ့ အမ်ဖန် ဆိုင်ကလုန်းမုန်တိုင်းက India နိုင်ငံထဲ ဝင်ရောက်ပြီး တန်ချိန် ၃၀ ကျော် ကားကြီးတွေကို ဆွဲလှဲပစ်တယ်ဆိုတဲ့ Video file တွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

ကြာမြင့်ချိန် ၁ မိနစ်ကျော်တဲ့ အဲ့ဒီ Video file ထဲမှာ လေပြင်းမုန်တိုင်းတွေ ကျနေပြီး အဝေးပြေးကားလမ်းမပေါ်မှာ ကွန်တိန်နာကားကြီးတွေ လဲကျနေတာကို ပြသထားတာ ဖြစ်ပါတယ်။ ဒီသတင်းကို ပြန်တင်သူများက "တန်ချိန် ၃၀ ကျော် ကားကြီးတွေတောင် ဆွဲလှဲပစ်တဲ့ အမ်ဖန်မုန်တိုင်း" ၊ "India ရဲ့ အခြေအနေ တွဲကားတွေပါ ဆွဲလှဲပစ်တဲ့ စူပါအင်အားကြီး အမ်ဖန်မုန်တိုင်းရဲ့ ပြင်းအား" ဆိုတဲ့ စာသားများကို ရေးသားပြီး ပြန်လည်မျှဝေ နေကြပါတယ်။
ဒီ Video File ကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွားနဲ့ Youtube အကောင့်တွေမှာပါ ပြန်တင်ထားကြပါတယ်။
သတင်းဆန်းစစ်ချက်
India နိုင်ငံကို ဝင်ရောက်လာတဲ့ အမ်ဖန်မုန်တိုင်းက တန်ချိန် ၃၀ ကျော်ရှိတဲ့ ကွန်တိန်နာကားကြီးတွေကိုပါ ဆွဲလှဲပစ်တယ်ဆိုတဲ့ Video file တွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အဆိုပါ Video file ဟာ ၂၀၁၈ ခုနှစ် က သတင်းအဟောင်း ဖြစ်ပြီး အခုရက်ပိုင်းအတွင်း တိုက်ခတ်နေတဲ့ အမ်ဖန်မုန်တိုင်းနဲ့ မသက်ဆိုင်ပါဘူး။
ဒီ Video ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်မှာ Titli လို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်း မုန်တိုင်းက အိန္ဒိယနိုင်ငံ၊ အန်ဒရာ ပရာဒေ့ရှ်ပြည်နယ်၊ ဆရီကကုလမ်ခရိုင် ကို ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပြီး မုန်တိုင်းကြောင့် အဝေးပြေးလမ်းမပေါ်မှာ ကုန်တင်ကားကြီးတွေ လဲကျနေတာ ဖြစ်ပါတယ်။ အဆိုပါ မုန်တိုင်းကြောင့် လူ ၈ ဦးသေဆုံးခဲ့ပြီး လူ ၃ သိန်းခန့်ကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးခဲ့ရပါတယ်။ ဒါ့အပြင် သစ်ပင်တွေ ပြိုလဲမှုကြောင့် ကားလမ်းတွေ ပိတ်ဆို့ခဲ့ပြီး လျှပ်စစ်ဓါတ်အားလိုင်းတွေလည်း ပြတ်တောက်ခဲ့ရပါတယ်။
၂၀၁၈ ခုနှစ်က သတင်းအဟောင်း ကို ဒီမှာ ကြည့်နိုင်ပါတယ်။
ဒါကြောင့် အခုရက်ပိုင်းအတွင်းတွေ့နေရတဲ့ အမ်ဖန်မုန်တိုင်း ကြောင့် ကုန်တင်ကားကြီးတွေ လဲကျနေတယ် ဆိုတဲ့ သတင်းတွေဟာ သတင်းအမှား သက်သက်သာ ဖြစ်ပါတယ်။
Claim : ၂၀၁၈ ခုနှစ်က Video file အဟောင်းတွေကို အမ်ဖန်မုန်တိုင်းက တန်ချိန် ၃၀ ကျော်ရှိတဲ့ ကွန်တိန်နာကားကြီးတွေကိုပါ ဆွဲလှဲပစ်တယ်ဆိုပြီး ပြန်လည်ဖြန့်ဝေနေတဲ့အပေါ် Boom Myanmar က အချက်အလက်စစ်ဆေးထားပါတယ်။
Claimed By : facebook, Youtube
Fact Check : False
Next Story