BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီရေပေါ်အိမ် ဆောက်လုပ်ထားတာ...
သတင်းအတု

ဒီရေပေါ်အိမ် ဆောက်လုပ်ထားတာ မြန်မာနိုင်ငံက ဖြစ်စဉ်မဟုတ်ပါ

သစ်သားထည် အိမ်ရဲ့ အောက်ခြေမှာ ပလတ်စတစ် စည်ပိုင်းတွေခံပြီး နေအိမ်ဆောက်ထားတဲ့ ရေပေါ်အိမ်တစ်လုံးရှေ့မှာ ထိုင်နေတဲ့ အဖိုးအဖွား နှစ်ဦးရဲ့ ပုံတွေကို အသုံးပြုပြီး မြန်မာနိုင်ငံက ဖြစ်စဉ်တစ်ခု သဖွယ် ရေးသားဖြန့်ဝေမှုတွေ ရှိနေပါ တယ်။

By - Boom Live Myanmar |
Published -  14 Sept 2024 5:02 PM IST
  • ဒီရေပေါ်အိမ် ဆောက်လုပ်ထားတာ မြန်မာနိုင်ငံက ဖြစ်စဉ်မဟုတ်ပါ

    ဒီအကြောင်းအရာကို ALawn ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ရေပေါ်အိမ်တစ်လုံးရှေ့မှာ ထိုင်နေတဲ့ အဖိုးအဖွား နှစ်ဦးရဲ့ ပုံတွေကို အသုံးပြုပြီး 'အဖိုးနဲ့ အဖွားကို လေးစား ပါတယ်။ ရာသီဥတုသတင်း ကြေငြာပြီးတဲ့နေ့ကစပြီး သူတို့ရဲ့ အိမ်လေးနဲ့အတူ ကြိုတင်ပြင်ဆင်မှုတွေ မနားတမ်းလုပ်လိုက် တာ တကယ်လဲဖြစ်လာရော ခုမြင်တွေ့တဲ့အတိုင်းပါပဲ။ အရမ်းကောင်းလိုက်တဲ့ ideas' လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ‌ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ တမင်လုပ်ကြံဖန်တီးပြီး ဖြန့်ဝေ ထားတဲ့ အကြောင်းအရာသာ ဖြစ်ကြောင်း တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ပုံတွေဟာ မလေးရှားနိုင်ငံပိုင် သတင်းဌာန Bernama မှာ 2022 ခုနှစ် ဒီဇင်ဘာ၂၁ ရက်နေ့က ဖော်ပြထားတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။

    မလေးဘာသာစကားနဲ့ ရေးထားတဲ့ သတင်းခေါင်းစဉ်က 'ငါ့အိမ်၊ ငါ့ဖေါင်' က Pokwe မိသားစုကို ရေဘေးကနေ ကယ်တင်ခဲ့တယ်" လို့ ရေးသားထားပါတယ်။


    သတင်းထဲမှာတော့ အသက် ၆၇ ရှိ Pokwe လို့ လူသိများတဲ့ လော်ရီကား ယာဉ်မောင်းဟောင်း ဟာ မလေးရှားနိုင်ငံ အနောက်ဘက်ခြမ်းမှာ ရေလွှမ်းမိုးခံနိုင်ရည်ရှိတဲ့ ရေပေါ်အိမ်ကို ပလပ်စတစ်စည်ပိုင်းပေါင်း ၆၉ လုံး နဲ့ ဘုတ်ပြား ၅၄ ခုကို အသုံးပြု တည်ဆောက်ခဲ့တာဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုမှာ သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေ မျောပါသွား ခဲ့တာကြောင့် ဆောက်လုပ်ဖို့ ဖြစ်လာတာလို့ ဆိုပါတယ်။

    အခုဖြန့်ဝေနေသလို ရာသီဥတုသတင်း ကြေငြာပြီးချိန်မှ စပြီး ဆောက်ခဲ့တာ မဟုတ်ပါဘူး။

    မလေးရှားနိုင်ငံပိုင် သတင်းဌာန Bernama မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ထိုင်းနိုင်ငံက ဖေစ့်ဘွတ်အသုံးပြုသူတွေ ကြားမှာလည်း ဒီပုံတွေကို အသုံးပြုပြီး ထိုင်းနိုင်ငံက ဖြစ်စဉ်ပုံစံ ဖြန့်ဝေနေတဲ့ အတွက် AFP သတင်းဌာနက သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါသေးတယ်။

    AFP သတင်းဌာနရဲ့ သတင်းဆန်းစစ်မှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ရေကြီးရေလျှံမှုFloodOld imagesfloating houseFakenewsသတင်းမှားရေပေါ်အိမ်Myanmar Flood
    Read Full Article
    Claim :   ရေပေါ်အိမ် ဆောက်လုပ်ထားတဲ့ အဖိုးအဖွား
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!