BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အမေရိကန်ကြောင့် NUG တရားဝင်လက်နက်...
သတင်းအတု

အမေရိကန်ကြောင့် NUG တရားဝင်လက်နက် ဝယ်ယူခွင့်ရမယ်ဆိုတဲ့သတင်းအမှား

အမေရိကန်ကွန်ဂရက်ထဲက မြန်မာနိုင်ငံဆိုင်ရာ ဥပဒေတွေအတည်ပြု ပြဌာန်းပြီးပါက NUG အစိုးရအနေနဲ့ လက်နက်တွေကို တရားဝင် ဝယ်ယူခွင့် ရရှိမှာဖြစ်တယ်လို့ ရေးသားဖြန့်ဝေနေတဲ့အကြောင်းအရာအများအပြားလူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  30 Dec 2021 7:23 PM IST
  • အမေရိကန်ကြောင့် NUG တရားဝင်လက်နက် ဝယ်ယူခွင့်ရမယ်ဆိုတဲ့သတင်းအမှား

    ဖြန့်ဝေနေသူအများစုဟာ အမေရိကန်လွှတ်တော်ထဲက မြန်မာနိုင်ငံဆိုင်ရာ အက်ဥပဒေတွေနဲ့ ပါတ်သတ်ပြီး နားလည်မှုလွဲကာ ရောထွေးနေတာ တွေ့ရပါတယ်။

    အမေရိကန် အထက်လွှတ်တတော်မှာ ပြီးခဲ့တဲ့အပတ်အတွင်းက အတည်ပြုခဲ့တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ (NDAA) နဲ့ အမေရိကန်အောက်လွှတ်တော်မှာ အောက်တိုဘာလ ၅ ရက်နေ့က တင်သွင်းခဲ့တဲ့ "မြန်မာစစ်တပ်ကို ဒဏ်ခတ်ရေး ဥပဒေမူကြမ်း The Burma Act 2021" တို့ကို ရောထွေးကာ "Burma Act ကိုအမေရိကန်သမ္မတဘိုင်ဒန် လက်မှတ် ထိုးရန်သာ ကျန်တော့။ NUG တရားဝင်လက်နက် ဝယ်နိုင်ပြီ" လို့ ရေးသား ဖြန့်ဝေနေတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အမေရိကန်အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ - NDAA

    NDAA ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၇ ရက်က လက်မှတ်ရေးထိုးကာ ဥပဒေသစ်အဖြစ် အတည်ပြုပေးခဲ့ပါတယ်။ NDAA ဟာ ၁၉၆၁ ခုနှစ်ကစပြီး အနှစ် ၆၀ အတွင်း နှစ်စဥ်ဥပဒေပြင်ဆင်ထုတ်ပြန်နေတဲ့ ဥပဒေ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ် အတွက် ပြဌာန်းတဲ့ အက်ဥပဒေထဲမှာ မြန်မာနိုင်ငံနဲ့ ပါတ်သတ်တဲ့အချက်တွေ ပါဝင်လာတာ ဖြစ်ပါတယ်။

    ဥပဒေထဲမှာ စစ်ကောင်စီကို အရေးယူဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အသိအမှတ်ပြု ကူညီပံ့ပိုးတာတွေအပြင် တရုတ်နဲ့ ရုရှားတို့ရဲ့ခြေလှမ်းတွေကို အမေရိကန်က မဟာဗျူဟာနည်းကျတုံ့ပြန်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

    ဥပဒေအရ လာမယ့် ၂၀၂၂ဘဏ္ဍာနှစ်မှာ အမေရိကန်ကာကွယ်ရေးဌာနအတွက် ဒေါ်လာ ဘီလီယံ ၇၇၀ သုံးစွဲခွင့်ပြုမှာဖြစ်သလို မြန်မာ့အရေးအတွက် ဒေါ်လာ ၁၃၆ သန်းထက် မလျော့နည်းစေဘဲ သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။ သုံးစွဲရာမှာ NUG ရဲ့ အုပ်ချုပ်‌ရေး ဆိုင်ရာဆောင်ရွက်ချက်တွေ၊ အစီအစဉ်တွေကို အထောက်အကူပြုနိုင်အောင် သုံးစွဲရမယ်လို့ ဖော်ပြထားသလို ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလုပ်ခဲ့တဲ့ CDM အတွက်လည်း သုံးစွဲနိုင်မယ်လို့ ဖော်ပြထားပါတယ်။

    ဒါပေမဲ့ NUG ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေအတွက် သုံးစွဲတယ်ဆိုရာမှာ လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန နှစ်ခုရဲ့စီမံအုပ်ချုပ်ဆောင်ရွက်တဲ့အစီအစဉ်တွေကို ထောက် ပံ့ပေးဖို့ဆိုလိုတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီအချက်တွေထဲမှာ လက်နက်ဝယ်ယူတာနဲ့ ပတ်သက်တဲ့အချက် ပါဝင်ခြင်းမရှိပါ။ ဒါကြောင့် NDAA ဥပဒေ အတည်ပြုခြင်း မပြုခြင်းဟာ NUG အစိုးရရဲ့ တရားဝင်လက်နက် ဝယ်ယူခွင့်နဲ့ မသက်ဆိုင်ပါဘူး။

    ဒီသတင်းကို BBC သတင်းဌာနမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့ပါ။

    Burma bill (ခေါ်) The Burma Act 2021 နှင့်ပတ်သက်ပြီး သိသင့်သမျှကို ဆက်လက်ဖတ်ရှုပါ

    မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်း The Burma Act 2021 ကို အာဏာမသိမ်းခင် နှစ်အတန်ကြာကတည်းက ရေးဆွဲနေတာဖြစ်ပြီး မြန်မာနိုင်ငံအတွက် သီးခြားရေးဆွဲထားတဲ့ ဥပဒေဖြစ်ပါတယ်။ "Burma Unified through Rigorous Military Accountability Act of 2021" လို့ခေါ်တဲ့ Burma Act ဥပဒေကို အမေရိကန်အောက်လွှတ်တော်မှာ အောက်တိုဘာလ ၅ ရက်နေ့က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

    ဒီဥပဒေမူကြမ်းထဲမှာ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း ဖြစ်ပွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူနဲ့ အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့၊ မြန်မာနိုင်ငံကထွက်တဲ့ ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံကို တင်သွင်းခွင့် ပိတ်ပင်ဖို့၊ မြန်မာ့ဒီမိုကရေစီ အရေးအတွက် အမေရိကန်အစိုးရဌာနတွေနဲ့ နိုင်ငံတကာက ကြိုးပမ်းအားထုတ်မှုတွေကို စုစည်းဆောင်ရွက်ပေးမယ့် အထူး ညှိနှိုင်းရေးမှုး တစ်ဦးကို နိုင်ငံခြားရေးဌာနကနေ ခန့်အပ် တာဝန်ပေးဖို့၊ မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေက အရပ်ဘက်အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ဖို့ နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေရှိလာအောင် အမေရိကန် နိုင်ငံက ဖိအားပေးသွားဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

    ဒီဥပဒေကြမ်းမှာ NUG အစိုးရကို တရားဝင်အသိအမှတ်ပြု ထိတွေ့ဆက်ဆံဖို့ မပါဝင်ပေမဲ့ အနာဂတ်မှာ တရားဝင် အသိအမှတ်ပြုမယ့် အကြောင်းအရာအချို့ကို ထည့်သွင်းထားတာ တွေ့ရကြောင်းလည်း RFA သတင်းဌာနမှာ အောက်တိုဘာလ ၆ ရက်နေ့က ဖော်ပြ ထားပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အထက်မှာ ရေးသားခဲ့တဲ့ အချက်တွေထဲမှာ လက်နက်ဝယ်ယူတာနဲ့ ပတ်သက်တဲ့အချက် ပါဝင်ခြင်းမရှိပါဘူး။ ဒါကြောင့် The Burma Act 2021 ဥပဒေ အတည်ပြုခြင်း မပြုခြင်းဟာ NUG အစိုးရရဲ့ တရားဝင်လက်နက် ဝယ်ယူခွင့်နဲ့ မသက်ဆိုင်တာကိုတွေ့ရှိရပါတယ်။


    ဒါ့အပြင် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ စက်တင်ဘာလ ၇ ရက်နေ့ကကြေညာခဲ့တဲ့ တော်လှန်ရေးကြေညာချက်ကို အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူတစ်ဦးက မြန်မာ့ အကျပ်အတည်းကိုလက်နက်ကိုင်နည်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ အပေါ် လက်မခံကြောင်း ပြောဆိုခဲ့တယ်လို့ BBC သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် အမေရိကန်လွှတ်တော်ထဲက မြန်မာနိုင်ငံဆိုင်ရာ ဥပဒေတွေအတည်ပြုခြင်း မပြုခြင်းဟာ NUG အစိုးရရဲ့ တရားဝင်လက်နက် ဝယ်ယူခွင့်နဲ့ သက်ဆိုင်မှု ရှိမနေပါဘူး။

    Tags

    သမ္မတဘိုင်ဒန်US SenatePresident BidenMitch McConnellBurma Act 2021အမျိုးသားကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ပြုခြင်း အက် ဥပဒေ - NDAANUGအမျိုးသားညီညွတ်ရေးအစိုးရDaw Zin Mar Aungဒေါ်ဇင်မာအောင်NUG Buy WeaponsNUG Defense Minister
    Read Full Article
    Claim :   အမေရိကန်ကွန်ဂရက်ထဲက မြန်မာနိုင်ငံဆိုင်ရာ ဥပဒေတွေအတည်ပြု ပြဌာန်းပြီးပါက NUG အစိုးရအနေနဲ့ လက်နက်တွေကို တရားဝင် ဝယ်ယူခွင့် ရရှိမှာဖြစ်
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!