BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG အလှူငွေ အခြေအနေ...
သတင်းအတု

NUG အလှူငွေ အခြေအနေ ဒေါက်တာဆာဆာပြောတယ်ဆိုတဲ့ သတင်းအတု

ကုန်စျေးနှုန်းတွေ မြင့်တက်လာခြင်းကြောင့် NUG အလှူငွေရရှိဖို့ ခက်ခဲလာတယ်ဆိုတဲ့အကြောင်းအရာအပါအဝင် နိုင်ငံတကာအကူအညီမရတဲ့အပေါ် ဒေါက်တာဆာဆာ ပြောဆိုထားသယောင် ဖန်တီးဖြန့်ဝေထားတဲ့ သတင်းတုတပုဒ်ကို လူမှုကွန်ရက်ပေါ်မှာဖြန့်ဝေလာပါတယ်။

By - Boom Live Myanmar |
Published -  25 Aug 2022 8:36 PM IST
  • NUG အလှူငွေ အခြေအနေ ဒေါက်တာဆာဆာပြောတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ဩဂုတ်လ ၁၆ ရက်နေ့က လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြတာဖြစ်ပြီး သတင်းအတုရဲ့ ခေါင်းစဉ်မှာ "ကုန်ဈေးနှုန်းများ တက်လာခြင်းနှင့် စားဝတ်နေရေးအဆင်မပြေမှုများကြောင့် NUG အတွက် အလှူငွေရရှိရန်ခက်ခဲနေ" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "နိုင်ငံတွင်း နေ့စဉ်တက်နေသော ကုန်ဈေးနှုန်းနှင့် အလှူရှင်များ၏ စားဝတ်နေရေး ခက်ခဲမှုများကြောင့် NUG ဘဏ္ဍာရေးဌာန အလွန်အကြပ်ရိုက်နေသည်ဟု သိရှိရသည်။ ထို့အပြင် ဒေါက်တာ ဆာဆာ ခေါ် ပြည်ပြေး ဆာဆာက "ရန်သူကိုလျှော့တွက်မိတာ ကျွန်တော်တို့ အမှားကြီးမှားသွားပြီ။ အမေရီကန်အပါအဝင် နိုင်ငံတကာရဲ့အကူညီလည်း ဒီနေ့ထိ တစ်ပြားတစ်ချပ်မှ မရသေးဘူး" ဟု မနေ့က သူ၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။" (အသုံးအနှုန်း မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ်ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ကုန်စျေးနှုန်းမြင့်တက်လာခြင်းကြောင့် NUG က အလှူငွေရရှိဖို့ ခက်ခဲလာပြီး ဒေါက်တာဆာဆာက စစ်တပ်ကို လျှော့တွက်ခဲ့တာ မှားခဲ့ကြောင်း ပြောထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး ဒေါက်တာဆာဆာရော NUG ကရော တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိပါဘူး။ NUG ဟာ ၎င်းတို့ ရောင်းချတဲ့ ငွေတိုက်စာချုပ်တွေ၊ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နေအိမ် အစုရှယ်ယာတွေလည်း ရောင်းချနေရဆဲဖြစ်ပြီး အလှူငွေ ကောက်ခံမရဘူးလို့ ပြောဆို ထုတ်ပြန်ထားခြင်း တစ်စုံတစ်ရာ မရှိပါဘူး။ NUG ရဲ့ ထုတ်ပြန်ချက်တွေကို United Bonds – NUG ၊ Ministry of Defence - National Unity Government of Myanmar နဲ့ National Unity Government of Myanmar တို့မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ဒေါက်တာဆာဆာက စစ်ကောင်စီကို လျှော့တွက်တာမှားသွားတယ် လို့ ၎င်းရဲ့ Twitter စာမျက်နှာမှာ ပြောထားတယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါမှာလည်း Dr. Sa Sa က ၎င်းရဲ့ Twitter မှာ တစ်စုံတစ်ရာ ရေးသားထားခြင်း မရှိသလို မည်သည့် သတင်းဌာနကိုမှ ပြောဆို ဖြေကြားထားခြင်း မရှိပါဘူး။ ဒေါက်တာဆာဆာရဲ့ ပြောဆို ရေးသားမှုတွေကို ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ Twitter စာမျက်နှာဖြစ်တဲ့ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းအမှားဟာ NUG ရော ဒေါက်တာဆာဆာရော ပြောဆိုထားခြင်း မရှိတဲ့ အကြောင်းအရာကို ဝါဒဖြန့်ဖို့ လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    Tags

    Fake newsNUGNUG BondfundingCommodityMilitaryCoupRecessionသတင်းအတုကုန်စျေးနှုန်းအလှူငွေစစ်ကောင်စီ
    Read Full Article
    Claim :   ကုန်ဈေးနှုန်းများ တက်လာခြင်းနှင့် စားဝတ်နေရေးအဆင်မပြေမှုများကြောင့် NUG အတွက် အလှူငွေရရှိရန်ခက်ခဲနေ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!