BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ခရစ္စတီယာနို...
      သတင်းအတု

      ခရစ္စတီယာနို ရော်နယ်ဒိုပိုင်ဆိုင်တဲ့ ဟိုတယ်တွေကို ကိုရိုနာလူနာတွေအတွက် ဆေးရုံအဖြစ်ပြောင်းလဲမယ်ဆိုတာ မဟုတ်ပါဘူး

      Mainstream မီဒီယာအတော်များများနဲ့ ဘောလုံးကလပ်အသင်းတွေရဲ့ လူမှုကွန်ရက်အကောင့်ပေါင်းများစွာဟာ ဒီသတင်းမှားကြီးကို လွဲမှားဖော်ပြခဲ့ကြပါတယ်။

      By - Boom Live Myanmar |
      Published -  29 March 2020 9:48 AM IST
    • ခရစ္စတီယာနို ရော်နယ်ဒိုပိုင်ဆိုင်တဲ့ ဟိုတယ်တွေကို ကိုရိုနာလူနာတွေအတွက် ဆေးရုံအဖြစ်ပြောင်းလဲမယ်ဆိုတာ မဟုတ်ပါဘူး

      သတင်းဆောင်းပါးတွေနဲ့ လူမှုကွန်ရက်မီဒီယာတွေကနေ ဖော်ပြချက်အရတော့ ပေါ်တူဂီဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူပိုင်ဆိုင်တဲ့ ဟိုတယ်တွေကို ကိုရိုနာလူနာတွေကို စောင့်ရောက်ကုသမယ်ဆိုတဲ့ သတင်းဟာ မှားယွင်းနေခဲ့ပါတယ်။

      BOOM မီဒီယာဟာ ခရစ္စတီယာနိုရော်နယ်ဒိုပိုင်ဆိုင်တဲ့ Pestana CR7 ဟိုတယ်ကို ဆက်သွယ်မေးမြန်းခဲ့သလို တခြားသတင်းအချက်အလက်တွေနဲ့လည်း တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာတော့ ဒီသတင်းဟာ မှားယွင်းနေကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

      ဒီလို မှားယွင်းတဲ့ သတင်းဖော်ပြချက်မှာ ဟိုတယ်တွေကို ဆေးရုံအဖြစ် အသွင်ပြောင်းလဲ စောင့်ရှောက်ပေးမယ်ဆိုတာတင်မကဘဲ စောင့်ရှောက်ကုသမှုတွေဟာ အခမဲ့ဖြစ်ကြောင်းနဲ့ ရော်နယ်ဒိုဟာ ဆရာဝန်နဲ့ ကျန်းမာရေးလုပ်သားတွေရဲ့ အဖိုးအခကို ပေးချေမယ်ဆိုတာတွေပါ ဖော်ပြခဲ့ပါတယ်။

      ဒီလို သတင်းအမှားကို Verified ရထားတဲ့ Twitter account တွေ ဖြစ်တဲ့ ပြင်သစ်ဘောလုံးမီဒီယာ Foot Mercato ၊ အားကစားသတင်းတွေ ဖော်ပြပေးတဲ့ The Sportsman၊ ဘောလုံးပွဲလောင်းကြေးနဲ့ ပွဲခန့်မှန်းချက်တွေကို ထုတ်ပြန်ပေးတဲ့ Footy Accumulators နဲ့ ယူအေအီးနိုင်ငံရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖော်ပြတဲ့ သတင်းစာ Gulf News လို မီဒီယာတွေကအစ မျှဝေခဲ့တာ ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာလည်း ABP Ananda သတင်းမီဒီယာရဲ့ Verified Facebook Page ကြီးကနေ ဒီသတင်းအမှားကို မျှဝေဖော်ပြခဲ့ပါတယ်။

      ပေါ်တူဂီဘောလုံးအသင်းရဲ့ ကပ္ပတိန်ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ စီးရီးအေ ကလပ် ဂျူဗင်တပ်ရဲ့ လက်ရှိကစားသမားလည်း ဖြစ်ပါတယ်။ သမိုင်းတလျှောက် အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ယောက်လို့လည်း အသိအမှတ်ပြုခံထားရတဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီနိုင်ငံ၊ Pestana Group နဲ့ ပူးပေါင်းပြီး ဟိုတယ်အုပ်စုတစ်ခုကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

      BOOM သတင်းမီဒီယာဟာ ဒီသတင်းအမှားကို ဖော်ထုတ်ဖို့အတွက် ဒီသတင်းကို ဖော်ပြခဲ့တဲ့ Gulf News ၊ Give Me Sport နဲ့ Juve FC ရဲ့ ဆောင်းပါးတွေကို မွှေနှောက်လေ့လာတဲ့အခါ ဒီသတင်းအတွက် စပိန်အားကစားသတင်းစာကြီးတစ်စောင်ဖြစ်တဲ့ Marca မှာ ပါဝင်တဲ့ ဆောင်းပါးတစ်ပုဒ်ကို အခြေခံရည်ညွှန်းပြီး ဖော်ပြခဲ့တာ ဖြစ်တယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

      လတ်တလော အားကစားသတင်းတွေအရ ရော်နယ်ဒိုဟာ COVID-19 စစ်ဆေးမှုမှာ Negative (ပိုးမတွေ့ရှိ) အဖြေထွက်ပြီး မွေးရပ်မြေဖြစ်တဲ့ ပေါ်တူဂီနိုင်ငံ Madeira မှာပဲ အပြင်မထွက် နေအိမ်ကန့်သတ်ပုံစံနဲ့ နေထိုင်နေပါတယ်။ ရော်နယ်ဒိုရဲ့ အသင်းဖော်ဖြစ်တဲ့ Daniele Rugani ကတော့ မတ်လ ၁၁ ရက် ၂၀၂၀ ခုနှစ်မှာ COVID-19 Positive တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ဂျူဗင်တပ်ကြယ်တစ်ပွင့်ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ မတ်လ ၁၃ရက်နေ့မှာ သူ့ရဲ့ တရားဝင် Twitter အကောင့်ကနေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအကြောင်းကို Tweet လုပ်ခဲ့ပြီး မတ်လ ၁၄ ရက်နေ့အရောက်မှာတော့ သူပိုင်တဲ့ ဟိုတယ်တွေကို ဆေးရုံအဖြစ်ပြောင်းလဲလှူဒါန်း စောင့်ရှောက်ပေးမယ်ဆိုတဲ့ သတင်းအမှားကြီး ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

      အချက်အလက်တိုက်ဆိုင်စစ်ဆေးခြင်း

      အထက်မှာ ပြောခဲ့သလိုပဲ BOOM ဟာ ဂျူဗင်တပ်ကြယ်ပွင့် Cristiano Ronaldo ရဲ့ ဟိုတယ်အုပ်စုကို ဒီသတင်းအကြောင်း Email နဲ့ လှမ်းပြီး မေးမြန်းစုံစမ်းတဲ့အခါ ဟိုတယ်အုပ်စုဘက်က ဒီသတင်းမမှန်ကြောင်းချက်ချင်းပဲ ငြင်းဆိုခဲ့ပါတယ်။

      Pestana CR7 Lisboa ဟိုတယ်ရဲ့ တာဝန်ရှိသူက "ကျွန်တော်တို့ရဲ့ ဟိုတယ်တွေကို ဆေးရုံတွေလို အသွင်ပြောင်းပြီး ကုသစောင့်ရှောက်ပေးမယ်ဆိုတဲ့သတင်းနဲ့ ပက်သက်ပြီး ကျွန်တော်တို့ ဘာသတင်းညွှန်ကြားချက်မှ မရထားပါဘူး၊ ဟိုတယ်လုပ်ငန်းအတိုင်းပဲ ဆက်ပြီး လည်ပတ်သွားမှာပါ" လို့ ပြောပြခဲ့ပါတယ်။

      BOOM ဟာ ပေါ်တူဂီဒီဂျစ်တယ်မီဒီယာအုပ်စုဖြစ်တဲ့ Observador ကနေလည်း ဒီသတင်းမမှန်ကြောင်းထောက်ပြခဲ့တာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Pestana Group နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကနေပြီးတော့ ဒီသတင်းဟာ အတုအယောင်သာ ဖြစ်ကြောင်း Observador ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

      ဒါတင်မဟုတ်ဘဲ Observador ဟာ ရော်နယ်ဒိုနဲ့ ရင်းနီးတဲ့ သတင်းရင်းမြစ်တစ်ခုကိုလည်း ချဉ်းကပ်ခဲ့ပြီး အဲဒီသူကလည်း ဒီသတင်းမဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် Observador ရဲ့ သတင်းဆောင်းပါးမှာ စပိန်နေ့စဉ်အားကစားသတင်းစာ Marca ရဲ့ ဒီလို သတင်းအမှားဖော်ပြချက်ဟာ ဘယ်သတင်းရင်းမြစ်ကိုမှ စုံစမ်းကိုးကားမှုမရှိဘဲ ရေးသားခဲ့တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

      Read Full Article
      Claim :   ခရစ်တီယာနို ရော်နယ်ဒိုပိုင်ဆိုင်တဲ့ဟိုတယ်တွေကို ကိုရိုနာရောဂါကူးစက်ခံရသူတွေအတွက်ဆေးရုံအဖြစ်ပြောင်းလဲမယ်ဆိုပြီး သတင်းအတုဖြန့်ချိခဲ့ပါတယ်။
      Claimed By :  Facebook pages
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!