BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ၀မ်းတွင်မဲပုံးပြသနာ...
      သတင်းအတု

      ၀မ်းတွင်မဲပုံးပြသနာ မသမာမှုတကယ်ဖြစ်ခဲ့သလား

      ဝမ်းတွင်းမြို့တွင် ကြိုတင်မဲပေးစဉ်ကာလအတွင်း NLD ပါတီဝင်များက မဲပုံးလုံခြုံရေးကြိုးများအား ဖြတ်ခဲ့ပြီး မဲမသမာမှုပြုလုပ်ခဲ့တယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ကို လူမှုမီဒီယာတွေအပေါ်မှာ ဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  11 Jan 2021 12:44 PM IST
    • ၀မ်းတွင်မဲပုံးပြသနာ မသမာမှုတကယ်ဖြစ်ခဲ့သလား

      ဒီဗွီဒီယိုဖိုင်ကို Myanmar Hard Talk ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီလ ၃ ရက်နေ့က ဖြန့်ဝေခဲ့တာဖြစ်ပြီး ပြန်လည်ဖြန့်ဝေသူ ကိုးထောင့်တစ်ရာကျော် ရှိနေပါတယ်။

      ၂ မိနစ်ခွဲကျော်ကြာတဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့ မဲပုံးလုံခြုံရေးကြိုး ချိတ်မပိတ်တာနဲ့ ပါတ်သတ်ပြီး အငြင်းပွားနေတာပဲဖြစ်ပါတယ်။ ဗွီဒီယိုဖိုင်ကို ဖြန့်ဝေရာမှာ ရေးသားထားတာကတော့ "မဲလိမ် ၊ မဲခိုးမှု့များအား တပ်မတော်မှစစ်ဆေးနေစဉ် ရွေးကောက်ပွဲကြိုတင်မဲပေးစဉ်ကာလက ဝမ်းတွင်းမြို့တွင် မဲပုံးလုံခြုံရေးကြိုးများအား ဖျက်ပြီး မဲမသမာမှု့လုပ်ထားသော ဗီဒီယိုဖိုင် အွန်လိုင်းတွင်ပျံနှံလျှက်ရှိပြီး ထိုသို့ မဲပုံးလုံခြုံရေးကြိုးဖျတ်ရန် NLD ပါတီဝင်များမှပြုလုပ်ခဲ့ကြတယ်လို့ အမည်မဖေါ်လိုသောဒေသခံတွေကပြောကြောင်းသိရပါတယ်။" ဆိုပြီး ရေးသားထားတာပါ။

      ပြောဆိုနေမှုထဲမှာ ဗွီဒီယိုရိုက်ကူးသူများဘက်မှာ "ခင်ဗျားအစိုးရက ချမှတ်ထားတဲ့အတိုင်းပဲလုပ်၊ လုံခြုံရေးကြိုးမပါဘူး။ သွားပြီးမဲခံယူတဲ့နေ့က စောင့်ကြည့်သူတွေပါလား။ ကြံ့ခိုင်ရေးက လူတွေ ပါလား။ လုံခြုံရေးကြိုးနဲ့ ပိတ်ရမယ့်နေရာမှာ သံကြိုးနဲ့ ပိတ်ထားတယ်။ သံကြိုးနဲ့ ပိတ်ထားတာသည် အချိန်မရွေး ပြန်ထုတ်လို့ရတယ်" ဆိုပြီး တဘက်နဲ့ တဘက် အငြင်းပွားနေတာပဲ ဖြစ်ပါတယ်။

      ဖြန့်ဝေထေားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ မိထ္ထီလာခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးမျိုးမင်းထိုက်က "အဲ့ဒါဟာ ကြိုတင်မဲကောက်တဲ့အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြိုတင်မဲကောက်တဲ့အချိန်မှာ မဲပုံးကို ကြိုက်ရာကြိုးနဲ့ ချည်လို့ရတယ်။ လုံခြုံရေးကြိုးတပ်ထားတဲ့ မဲပုံးကို ရပ်ကွက်ရုံးမှာ ထားတယ်။ ရပ်ကွက်ထဲမှာ လည်ပြီးကောက်တဲ့အချိန်မှာ ဘာကြိုးနဲ့မဆို ချည်လို့ရတယ်။ အဲ့ဒါကို မသိနားမလည်ပဲ ပုံကြီးချဲ့ပြီး တင်တာ။ အဲ့ဒီဗွီဒီယိုကို ကြည့်ဖူးတယ်။ အဲ့ဒါ မဲမသမာမှုလုပ်တာမဟုတ်ဘူး။ ပြောတဲ့သူရော ဖြေရှင်းတဲ့သူရော ဥပဒေကို မသိတာဖြစ်ပါတယ်။ ညွှန်ကြားချက်တွေ ရှိပြီးသားပါ။ အပြင်သွားပြီး မဲကောက်တာ ဘာနဲ့ ကောက်ကောက်ရတယ်" လို့ ပြောပါတယ်။

      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က အောက်တိုဘာလ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ " ကြိုတင်ဆန္ဒမဲပေးကြသည့် မဲဆန္ဒရှင်များသို့ အသိပေးကြေညာချက်" ဆိုတဲ့ ကြေညာချက်ထဲမှာ " ကြိုတင်ဆန္ဒမဲများ ကောက်ယူပြီးစီးပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲရုံများအလိုက်ထားရှိသော ချိပ်ပိတ်ထားသည့် ကြိုတင်ဆန္ဒမဲပုံးအတွင်းသို့ ပြောင်းရွှေ့ထည့်သွင်းရန်" ဆိုတဲ့အချက်အရ ချိပ်ပိတ်ထားတဲ့ ကြိုတင်မဲဆန္ဒပုံးတွေဟာ ရပ်ကွက်ရုံးမှာ ထားတယ်ဆိုတာ မှန်ကန်ပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      အလားတူ ဧရာဝတီသတင်းဌာနရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၃၀ ရက်နေ့က ဖော်ပြခဲ့တဲ့ "ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြ ကြိုတင်မဲပေး" ဆိုတဲ့ သတင်းမှာလည်း စဉ့်ကိုင်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်အေရွေးခံတဲ့ ဒေါ်ဝင်းမြမြက နေအိမ်မှာ ကြိုတင်မဲပေးခဲ့တယ်လို့ ရေးသားထားပါတယ်။


      ဒီသတင်းမှာ ပါတဲ့ ပုံကို အောက်တွင် ကြည့်ရှု့ပါ။ အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာမှာ လုံခြုံရေးကြိုးနဲ့ ချိပ်ပိတ်ထားတာ မဟုတ်ပဲ ရိုးရိုးကြိုးနဲ့ ချည်ထားခြင်းသာဖြစ်ပါတယ်။


      ဒါကြောင့် ကြိုတင်မဲလှည့်လည် ကောက်ယူရာမှာ လုံခြုံရေးကြိုးနဲ့ ချိပ်ပိတ်ထားတဲ့ ပုံးကို အသုံးပြုခြင်းမဟုတ်ပဲ အဆင်ပြေတဲ့ ကြိုး၊ သံကြိုးတို့နဲ့သာ ချည်နှောင်အသုံးပြုခြင်း ဖြစ်ပါတယ်။

      ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      Tags

      Ballot boxAdvance Votingမဲပုံးလုံခြုံရေးကြိုးရွေးကောက်ပွဲကော်မရှင်
      Read Full Article
      Claim :   ဝမ်းတွင်းမြို့တွင် ကြိုတင်မဲပေးစဉ်ကာလအတွင်း NLD ပါတီဝင်များက မဲပုံးလုံခြုံရေးကြိုးများအား ဖြတ်ခဲ့ပြီး မဲမသမာမှုပြုလုပ်ခဲ့တယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ကို လူမှုမီဒီယာတွေအပေါ်မှာ ဖြန့်ဝေနေမှုတွေ ရှိနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!