BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD မဲဆွယ်ပွဲပုံကို USDP ပုံအဖြစ်...
သတင်းအတု

NLD မဲဆွယ်ပွဲပုံကို USDP ပုံအဖြစ် ပြုပြင်ဖြန့်ဝေ

လူမှုကွန်ယက်ပေါ်မှာ ရေနံချောင်းမြို့နယ်က မဆွယ်ပွဲ ဓါတ်ပုံကို Photoshop နဲ့ ပြုပြင်ပြီး USDP ပုံအဖြစ် ပြန်လည်ဖြန့်ဝေမှုတွေ တွေ့ရပါတယ်။

By - Boom Live Myanmar |
Published -  28 Oct 2020 1:20 PM IST
  • NLD မဲဆွယ်ပွဲပုံကို USDP ပုံအဖြစ် ပြုပြင်ဖြန့်ဝေ

    အဆိုပါ ပြုပြင်ထားတဲ့ ပုံကို Ei Ei Moe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာလ ၁၇ ရက်နေ့မှာ ရေနံချောင်း သတင်းစုံ ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ တင်ထားပါတယ်။

    အဆိုပါ ဓါတ်ပုံထဲမှာ ကွင်းပြင်တစ်ခုမှာ လူအများစုရုံးပြီး "USDP ရေနံချောင်း" ဆိုတဲ့ စာလုံးကို ပုံဖော်ထားပါတယ်။ အဆိုပါ ဓါတ်ပုံကို ရေနံချောင်း သတင်းစုံ ဖေ့စ်ဘွတ်ဂရုထဲ ဖြန်ကဝေခဲ့တဲ့ Ei Ei Moe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က "ရေနံချောင်းကတော့ တမြို့လုံး အစိမ်းပါ" လို့ ရေးသားဖြန့်ဝေခဲ့ပါတယ်။

    အဆိုပါ ဓါတ်ပုံကို USDP ပါတီကို ထောက်ခံတဲ့ မိုးညှင်းလူငယ်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြန်လည်မျှဝေထားပြီး "ရေနံချောင်း USDP အား လေးစားဂုဏ်ပြုပါ၏" လို့ ရေးသားထားပါတယ်။ အဲ့ဒီ ဓါတ်ပုံကို မိုးညှင်းလူငယ် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ထပ်ဆင့် ပြန်လည် ဝေမျှသူပေါင်း ၂၀၀ ကျော်ရှိနေပြီး တခြား ပြန်လည် ကူးယူဖော်ပြသူ များစွာလည်း ရှိနေပါတယ်။

    ကူးယူဖော်ပြသူတွေထဲမှာ တကယ့် ပုံအစစ်လို့ ထင်ပြီး ကူးယူဖော်ပြသူတွေ ရှိသလို နောက်ပြောင်ပြီး ပြန်လည် ဝေမျှနေသူတွေလည်း ရှိပါတယ်။



    သတင်းဆန်းစစ်ချက်

    ရေနံချောင်းမြို့နယ်က ကွင်းပြင်တစ်ခုမှာ USDP ပါတီဝင်တွေ က ရေနံချောင်းUSDP ဆိုတဲ့ စာလုံးပုံစံ ဖြစ်အောင် ပုံဖော်ထားတဲ့ပုံကိုစစ်ဆေးကြည့်တဲ့အခါအဆိုပါ ဓါတ်ပုံဟာ Photoshop နဲ့ ပြုပြင်ပြီး ပြန်လည် ဖြန့်ဝေနေတာဖြစ်တာကို တွေ့ရပါတယ်။

    မူရင်း ဓါတ်ပုံဟာ အောက်တိုဘာလ ၁၇ ရက်နေ့က ရေနံချောင်းမြို့နယ်မှာ NLD ပါတီထောက်ခံသူ ရာဂဏန်းကျော်က ကွင်းပြင်တစ်ခုမှာ စုရုံးပြီး "NLD ရေနံချောင်း" ဆိုတဲ့ စာလုံးပုံကို ပုံဖော်ထားတဲ့ ကောင်းကင်ဓါတ်ပုံပဲ ဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံကို Photoshop နဲ့ ပြုပြင်ပြီး ရေနံချောင်း USDP အဖြစ် ဖြန့်ဝေခဲ့ကြခြင်းသာ ဖြစ်ပါတယ်။

    မူရင်း ဓါတ်ပုံတွေကို ဒီမှာ ကြည့်နိုင်ပါတယ်။


    အဆိုပါ မဲဆွယ်စည်းရုံးရေးပွဲမှာ NLD ပါတီထောက်ခံသူတွေက စာလုံးပုံစံဖြစ်အောင် ပုံပေါ်ထားနေတဲ့ အကြောင်းအရာကို NLD ပါတီ အောင်နိုင်ရေးအတွက် ရိုက်ထားတဲ့ Video ရဲ့ ၁ မိနစ် ၃၅ စက္ကန့်မှာ ကြည့်နိုင်ပါတယ်။

    အဆိုပါ Video ကို ဒီမှာ ကြည့်ပါ။




    Tags

    NLDcampaign imageedited and distributedUSDP imageမဲဆွယ်ပွဲဓါတ်ပုံပြုပြင်ဖြန့်ဝေ
    Read Full Article
    Claim :   ရေနံချောင်းမြို့နယ်က ကွင်းပြင်တစ်ခုမှာ USDP ပါတီဝင်တွေ က ရေနံချောင်းUSDP ဆိုတဲ့ စာလုံးပုံစံ ဖြစ်အောင် ပုံဖော်ထားတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!