BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဖေ့စ်ဘွတ်နဲ့ စစ်ကောင်စီကြား...
သတင်းအတု

ဖေ့စ်ဘွတ်နဲ့ စစ်ကောင်စီကြား စာချုပ်မရှိပါ

မြန်မာ နစက အစိုးရနဲ့ ဖေစ့်ဘွတ်တည်ထောင်သူ မက်ဇူကာဘတ်တို့ သဘောတူညီမှုစာချုပ်အသစ် ထပ်မံချုပ်ဆိုလိုက်တယ် ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာတွေဟာ သတင်းမှားတွေသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  8 May 2021 10:28 AM IST
  • ဖေ့စ်ဘွတ်နဲ့ စစ်ကောင်စီကြား စာချုပ်မရှိပါ

    ဒီအကြောင်းအရာကို မေလ ၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး "မြန်မာ့ နစက အစိုးရနဲ့ FB တည်ထောင်သူ မက်ဇူကာဘတ် တို့ သဘောတူညီမှုစာချုပ်အသစ် ထပ်မံချုပ်ဆို။ မက်ဇူကာဘတ် အနေဖြင့် စီးပွားရေးဆောင်ရွက်သူ ဖြစ်သဖြင့် လက်ရှိ အစိုးရတာဝန်ထမ်းဆောင်သူနဲ့ စာချုပ်ချုပ် ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် NUG နဲ့ CRPH တို့ရဲ့သတင်းတွေ မကြာခင်မှာ ပျောက်ကွယ်သွားတော့ မယ်ထင်ပါတယ်။ အမျိုးသားရေး သမားများနဲ့ တပ်မတော် ထောက်ခံသူတွေ အကောင့်တွေ အသစ်မဖွင့်ရတော့ဘူးပေါ့။" ဆိုကာ ရေးသားဖြန့်ဝေနေကြတာပါ။

    ဒါကို ဖြန့်ဝေသူ အမြောက်အများရှိပြီး ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာစစ်ကောင်စီနဲ့ ဖေစ့်ဘွတ် သဘောတူညီမှုစာချုပ်တယ်ဆိုတာ မဖြစ်နိုင်တဲ့ အချက်သာဖြစ်ပြီး သတင်းမှားတွေ ဖြန့်ဝေနေခြင်းသာ ဖြစ်ပါတယ်။

    ဖေစ့်ဘွတ်အနေနဲ့ အာဏာသိမ်းကာစမှာပဲ 'တပ်မတော်သတင်းမှန်ပြန်ကြားရေး' ဖေစ့်ဘွတ်ပေချ့်၊ MRTV နဲ့ MRTV Live၊ အခြား တပ်မတော်နဲ့ ပါတ်သတ်တဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ အကောင့်တွေကို ကြည့်ရှု့သူနည်းအောင် ထိန်းချုပ်ထားခဲ့ကြောင်း ဖေစ့်ဘွတ်ရဲ့ မြန်မာနိုင်ငံနဲ့ ပါတ်သတ်ပြီး ကြေငြာတဲ့ အထဲမှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


    ဖေဖေါ်ဝါရီလ ၂၄ ရက်မှာတော့ တပ်မတော်ရဲ့ ဖေစ့်ဘွတ်ပေချ့်တွေအပါအဝင် စစ်ကောင်စီလက်အောက်က နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဖေစ့်ဘွတ်နဲ့ Instagram ပေါ်က ဖယ်ရှားခဲ့ပါတယ်။

    ဒါ့အပြင် တပ်မတော်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်လိုက်ပါတယ်။


    ဒါ့အပြင် စစ်ကောင်စီရဲ့ ဖေစ့်ဘွတ်အကောင့်တွေကို စောင့်ကြည့်ခြင်း၊ အကြောင်းရှာ ဖမ်းဆီးနှိပ်စက်ခြင်းက ရှောင်ရှားနိုင်ဖို့ မိမိရဲ့ ဖေစ့်ဘွတ်အကောင့်ကို ကိုယ်ရေးမှတ်တမ်းပိတ်ထားနိုင်တဲ့ Lock Profile feature ကို မြန်မာနိုင်ငံအတွက် မတ်လ ၃၁ ရက်နေ့မှာ ထည့်ပေးခဲ့ပါတယ်။


    ဒီအကြောင်းအရာကို စစ်ကောင်စီထောက်ခံတဲ့ ဖေစ့်ဘွတ် ဂရုတွေ၊ ပေချ့်တွေမှာ ရေးသားဖြန့်ဝေနေတာ ဖြစ်ပြီး ဖြန့်ဝေနေသူအများစုဟာလည်း စစ်တပ်ထောက်ခံသူတွေ ဖြစ်ပါတယ်။

    ဒီအပေါ်က အချက်တွေကြည့်ရုံနဲ့ အခုဖြန့်ဝေနေမှုတွေဟာ သတင်းမှား ဖြစ်ကြောင်း သိနိုင်ပါတယ်။

    Tags

    FacebookMyanmar Armymilitary governmentသဘောတူညီမှုစာချုပ်အသစ်
    Read Full Article
    Claim :   မြန်မာ နစက အစိုးရနဲ့ ဖေစ့်ဘွတ်တည်ထောင်သူ မက်ဇူကာဘတ်တို့ သဘောတူညီမှုစာချုပ်အသစ် ထပ်မံချုပ်ဆိုလိုက်တယ် ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!