BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေ့ဗ် နဲ့...
သတင်းအတု

ဒေ့ဗ် နဲ့ မွေ့ထိုင်းဘုရင်ကြိုးဝိုင်းထဲတွေ့မယ်ဆိုတဲ့သတင်းအမှား

မြန်မာပြည်အလွတ်တန်းလက်ဝှေ့ချန်ပီယံ ဒေဝက နာမည်ကျော် မွေ့ထိုင်းလက်ဝှေ့သမား ဘူးခေါ်ဘင်ချမက် (Buakaw Banchamek) ကို ၂၀၂၁ ခုနှစ်မှာ ရင်ဆိုင်ထိုးသတ်မယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  22 Jun 2020 8:01 AM IST
  • ဒေ့ဗ် နဲ့ မွေ့ထိုင်းဘုရင်ကြိုးဝိုင်းထဲတွေ့မယ်ဆိုတဲ့သတင်းအမှား

    ဒီသတင်းဟာ ပြီးခဲ့တဲ့ မေလအတွင်းကတည်းက ကမ္ဘာ့မီဒီယာတွေပေါ်မှာ ပြန့်နှံ့နေခဲ့ပြီး ကာယကံရှင် ကနေဒါ နိုင်ငံသား လက်ဝှေ့ချန်ပီယံ ဒေဝ (ဒေ့ဗ် ) ကိုယ်တိုင် သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဒီသတင်းတွေကို မေလ ၁၆ရက်၊ ၁၈ ရက် နဲ့ ၁၉ ရက်တွေမှာ သုံးကြိမ်ပြန်လည်ဖြန့်ဝေထားတာ တွေ့ရပါတယ်။ အောက်ဖော်ပြပါ ပုံကို ကြည့်ပါ။ ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။


    ဒေဝဟာ မြန်မာပြည်အလွတ်တန်းလက်ဝှေ့ချန်ပီယံဖြစ်ပေမဲ့ မြန်မာရိုးရာ လက်ဝှေ့ ချန်ပီယံဘွဲ့ကို မြန်မာနိုင်ငံသားများသာ ရရှိစေလိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို World Lethwei Championship (WLC) စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒီလိုချုပ်ဆိုလိုက်တဲ့အတွက် သူရရှိထားတဲ့ မြန်မာ့ ရိုးရာလက်ဝှေ့ ကမ္ဘာ့ ချန်ပီယံ (MWLC)၊ နိုင်ငံတကာ လက်ဝှေ့ အဖွဲ့ချုပ် (ဂျပန်)ILFJ ချန်ပီယံ နှင့် Air KBZ အောင်လံ ချန်ပီယံဘွဲ့ ၃ ခုကို ပြီးခဲ့တဲ့နှစ် မတ်လအတွင်းက စွန့်လွှတ်ထားပြီး ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒေဝနဲ့ နာမည်ကျော် မွေ့ထိုင်းလက်ဝှေ့သမား ဘူးခေါ် တို့ထိုးသတ်မယ်ဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်တယ် ဆိုတာကို နိုင်ငံတကာ လက်ဝှေ့ အဖွဲ့ချုပ် (ဂျပန်) ILFJ က ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ကတည်းက ILFJ ရဲ့ ဖေစ့်ဘွတ်စာမျက်နှာပေါ်မှာ ဖော်ပြငြင်းဆိုထားကာ ဒေဝအနေနဲ့ သူ့ပရိတ်သတ်တွေ သူ့ကိုမေ့သွားမှာစိုးလို့ မီဒီယာကို သတင်းအမှားတွေ ဖြန့်တယ်လို့ဆိုထားပြီး သူတို့အနေနဲ့ ဒေဝအပေါ် တော်တော်စိတ်ပျက်မိကြောင်း ပြောဆိုရေးသား ထားတာပါ။


    ILFJ ရဲ့ ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ကမ္ဘာ့ ကိုယ်ခံပညာနဲ့ ပါတ်သတ်တဲ့ သတင်းတွေရေးသားဖော်ပြလေ့ရှိတဲ့ Kickboxing Z ဝဘ်ဆိုက်စာမျက်နှာမှာ မေလ ၂၂ ရက်နေ့က ဖော်ပြတဲ့ သတင်းမှာလည်း ILFJ ရဲ့ ဒေဝအပေါ်ဝေဖန်မှုများကို ဖော်ပြထားတဲ့အပြင် မွေ့ထိုင်းလက်ဝှေ့ကျော် ဘူးခေါ်ရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုပါသတင်းအမှားအပေါ် တုံ့ပြန်ပြောကြားချက်များကိုလည်း ဖော်ပြထားပါတယ်။ အောက်ပါပုံကို ကြည့်ပါ။


    ပုံမှာအစိမ်းရောင်နဲ့ အသားပေးဖော်ပြထားတာကတော့ ဒီသတင်းနဲ့ ပါတ်သတ်ပြီး ILFJ အနေနဲ့ ထိုင်းလက်ဝှေ့သမား ဘူးခေါ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr. Sasan Ghosairi ကို မေးမြန်းထားတာဖြစ်ပြီး သူပြန်လည်ဖြေကြားထားတာကတော့ ဒီသတင်းက သတင်းအမှားတစ်ခုသာဖြစ်ပြီး ဖေစ့်ဘွတ်ပေါ်က ဟာသတစ်ပုဒ်သာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးပြောထား တာပါ။ မူရင်းသတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ILFJ က ဇွန်လ ၁၄ ရက်နေ့ကလည်း ILFJ ဖေစ့်ဘွတ်စာမျက်နှာပေါ်မှာ Breaking News လို့ရေးသားကာ ဒေဝနဲ့ World Lethwei Championship (WLC) လိမ်လည်နေတယ်လို့ စွပ်စွဲရေးသားကာ ဒေဝကို တရားစွဲဆိုမယ်ဆိုသည် အထိရေးသားထားတာကို WLC ဥက္ကဌ ဦးဇေသီဟ က သူ့ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှ ပြန်လည်ဖြန့်ဝေခဲ့ပါတယ်။ ILFJ ရဲ့ မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ နောက်ပိုင်းတွင် ILFJ က သူ့ရဲ့ ပိုစ့်ကို ပြန်လည်ပြုပြင်ရေးသားခဲ့တာ တွေ့ရပါတယ်။


    ပိုစ့်အောက်ရှိ မှတ်ချက်တစ်ခုကို ပြန်လည်ဖြေကြားထားတဲ့ ဦးဇေသီဟ ရဲ့ မှတ်ချက် (အစိမ်းရောင်ပြသထား) အရ ILFJ ရဲ့ စွပ်စွဲမှုက ဘာကိုဆိုလိုမှန်းမသိရှိကြောင်း ဖြန်လည်ရေးသားထားသော်လည်း ဒေဝရဲ့ သတင်းမှားနဲ့ ပါတ်သတ်ပြီး ဘာမှတ်ချက်မှ ပေးထားခြင်းမရှိတာကို တွေ့ရပါတယ်။ ဦးဇေသီဟရဲ့ မူရင်းဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။


    ဒီသတင်းမှားနဲ့ ပါတ်သတ်ပြီး နိုင်ငံတကာ အားကစားသတင်းစာမျက်နှာများအပြင် ပြည်တွင်းက သတင်းမှားတွေ ဖြန့်ဝေလေရှိတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ Youtube စာမျက်နှာတွေပေါ်မှာလည်း ပြန့်နှံ့နေပြီး ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    MyanmarLethweiDave LeducMuayThaiBuakaw BanchamekILFJWLCWorldLethweiChampionship
    Read Full Article
    Claim :   မြန်မာပြည်အလွတ်တန်းလက်ဝှေ့ချန်ပီယံ ဒေဝက နာမည်ကျော် မွေ့ထိုင်းလက်ဝှေ့သမား ဘူးခေါ်ဘင်ချမက် (Buakaw Banchamek) ကို ၂၀၂၁ ခုနှစ်မှာ ရင်ဆိုင်ထိုးသတ်မယ်ဆိုပြီး သတင်းမှားများစွာထွက်ပေါ်နေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!