BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လဝက အရာရှိဟန်ဆောင်ပြီး...
သတင်းအတု

လဝက အရာရှိဟန်ဆောင်ပြီး ငွေကြေးလိမ်လည်နေတဲ့ အဖွဲ့

လဝက အရာရှိဟန်ဆောင်ပြီး လူမှုကွန်ယက်ပေါ်ကနေ ငွေကြေးလိမ်လည်နေတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  7 Aug 2025 9:18 PM IST
  • လဝက အရာရှိဟန်ဆောင်ပြီး ငွေကြေးလိမ်လည်နေတဲ့ အဖွဲ့

    အဆိုပါ ငွေကြေးလိမ်လည်သူတွေဟာ တစ်ခြား လူမှုကွန်ယက် သုံးစွဲသူတွေရဲ့ Profile ဓါတ်ပုံတွေကို ခိုးယူ အသုံးပြုပြီး Oo Sat Naing Htun ဆိုတဲ့ နာမည်နဲ့ လဝက အရာရှိဟန်ဆောင်ကာ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် အမြန်ပြုလုပ်ပေးနေတယ်လို့ လဝကရုံးဆိုင်ရာ ဖေ့စ်ဘွတ်ဂရုတွေထဲကို အကောင့်ပေါင်း များစွာနဲ့ ဖြန့်ဝေကြပါတယ်။ ဒီလို ဖြန့်ဝေပြီးတဲ့အခါမှာလည်း ၎င်းတို့ရဲ့ အကောင့်တုပေါင်းများစွာနဲ့ အလွန်စိတ်ချရတဲ့ သူဖြစ်ကြောင့် Comment တွေ ဝိုင်းဝန်းရေးသား ကြပါတယ်။ အကောင့်တုတွေဟာ ၎င်းတို့ တင်သမျှ ပိုစ့်တိုင်းရဲ့ အောက်မှာ အလွန်စိတ်ချရကြောင်း ခပ်ဆင်ဆင် Comment တွေ ဝိုင်းဝန်း ရေးသားကြသလို Group တွေထဲ အကြိမ်ရေ ရာနဲ့ချီ မျှဝေထားကြပါတယ်။


    မူရင်း ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    ငွေကြေးလိမ်လည်နေတဲ့ အကောင့်က တင်ထားတဲ့ ပိုစ့်တွေကို ၎င်းတို့ရဲ့ အကောင့်တုတွေက တဆင့် ရာနဲ့ချီပြီး ထပ်ဆင့်ဝေမျှမှုတွေ ပြုလုပ်ထားပါတယ်။

    သတင်းဆန်းစစ်ချက်

    လဝက အရာရှိဟန်ဆောင်ပြီး အိမ်ထောင်စုစာရင်း မှတ်ပုံတင် လုပ်ပေးမယ်လို့ ဖြန့်ထားတဲ့ Oo Sat Naing Htun ဆိုတဲ့ အကောင့်ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ တစ်ခြားသူ တစ်ဦးရဲ့ ဖေ့စ်ဘွတ်က ဓါတ်ပုံတွေကို ယူတင်ပြီး လိမ်ညာနေတာကို တွေ့ရပါတယ်။

    မူရင်း ဓါတ်ပုံတွေဟာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပိုင်း လုပ်နေတဲ့ တစ်ဦးရဲ့ ရုံးပိုင်းဆိုင်ရာ ဓါတ်ပုံတွေဖြစ်ပြီး ကာယကံရှင်နဲ့ တစ်ခြား ဖေ့စ်ဘွတ်အကောင့်တွေက Oo Sat Naing Htun အကောင့်မှာ လိမ်ညာနေကြောင်း Comment ရေးသားရင်လည်း အချိန်ပိုင်းအတွင်း ဖျက်ချကာ ဟန်မပျက် လိမ်ညာနေဆဲသာ ဖြစ်ပါတယ်။


    ဒါ့အပြင် Account တုတွေဟာလည်း Oo ဆိုတဲ့ နာမည်တွေနဲ့ အစပြုထားပြီး အချင်းချင်း အလွန်ယုံကြည်စိတ်ချရကြောင်း မကြာခဏ မှတ်ချက်တွေ လာရေးကြပါတယ်။

    ဒီအဖွဲ့ဟာ ငွေကြေး လိမ်ညာရာမှာလည်း Kpay နံပါတ် 09950639531 နဲ့ ဦးဆက်နိုင်ထွန်း ဆိုတဲ့ အမည်ကို အသုံးပြုပြီး လိမ်ညာနေတာဖြစ်ကာ ဒီအဖွဲ့ထံမှာ ငွေကြေး လိမ်ညာခံရသူတွေဟာ ၁၀ သိန်းအထက် အလိမ်ခံရသူတွေပါရှိနေပြီး လူပေါင်းများစွာ မကြာခဏ လိမ်ညာခံနေရပါတယ်။

    လဝက ရုံးဆိုင်ရာ Group တွေထဲမှာလည်း ဒီအဖွဲ့ကို လူလိမ်အဖွဲ့အဖြစ် သိနေသူတွေ ရှိနေပေမယ့် ၎င်းတို့ကတော့ အကောင့်တု ပေါင်းများစွာနဲ့ အခုထိ လိမ်ညာနေဆဲသာ ဖြစ်ပါတယ်။

    Read Full Article
    Claim :   လဝက အရာရှိဟန်ဆောင်ပြီး ငွေကြေး လိမ်ညာနေတဲ့အဖွဲ့
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!