BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြို့ကြီးတွေမှာ...
သတင်းအတု

မြို့ကြီးတွေမှာ အကြမ်းဖက်ခံရနိင်ခြေရှိတယ်ဆိုတဲ့ သတင်းဟောင်းကို ပြန်လည်ဖြန့်ဝေသူများရှိ

By - Boom Live Myanmar |
Published -  11 July 2020 11:32 AM IST
  • မြို့ကြီးတွေမှာ အကြမ်းဖက်ခံရနိင်ခြေရှိတယ်ဆိုတဲ့ သတင်းဟောင်းကို ပြန်လည်ဖြန့်ဝေသူများရှိ

    ဒီလိုဝေမျှထားတဲ့ video ထဲမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာအကြမ်းဖက်တိုက်ခိုက်မှုများဖြစ်လာနိုင်တဲ့အတွက် လုံခြုံရေးသတိရှိကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားတယ်ဆိုတဲ့ သတင်းဟောင်းတစ်ပုဒ်ကို အသုံးပြုပြီး ပြန်လည်ဖြန့်ဝေနေတာဖြစ်ပြီး အဲ့ဒီအကောင့်ကတဆင့် ပြန်လည်ဝေမျှနေသူထောင်နဲ့ချီရှိနေပါတယ်။

    ဒီဗီဒီယိုဖိုင်ကို ဒေါ်နန့်ခိုင် သဇင်ဝင်း ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်က ဇွန်လ ၁၆ ရက်နေ့မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ ၂၅၀၀ ကျော်ရှိခဲ့ပါ တယ်။ မူရင်းဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီအကောင့်မှာဝေမျှထားတဲ့ တစ်မိနစ်နီးပါးကြာချိန်ရှိတဲ့ ဒီဗီဒီယိုဖိုင်ဟာ Myanmar National Television (MNTV) သတင်းဌာန ဖေစ့်ဘွတ်စာမျက်နှာမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က ဖော်ပြထားတဲ့ သတင်းဟောင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။

    အောက်ဖော်ပြပါပုံကို ကြည့်ပါ။ ရက်စွဲတွေနဲ့ သတင်းခေါင်းစဉ်ကို အနီရောင်နဲ့ ဖော်ပြထားပါတယ်။ MNTV သတင်းဌာနရဲ့ ၂၀၁၉ ခုနှစ်က ဖော်ပြခဲ့တဲ့ မူရင်းသတင်းကို ဒီနေရာ မှာကြည့်ရှု့နိုင်ပါတယ်။


    သတင်းဟောင်းတစ်ပုဒ်ကို ပြန်လည်ဖြန့်ဝေနေတဲ့အပေါ် တခြားသူတွေ အထင်မြင်လွဲမှားစေနိုင်ကြောင်း ပိုစ့်အောက်တွင် မှတ်ချက်ပေးသူများလည်းတွေ့ရပါတယ်။


    ဒီသတင်းကို Khit Thit Media ရဲဖေစ့်ဘွတ်စာမျက်နှာမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က ဖော်ပြထားပြီး ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ Khit Thit Media မီဒီယာက ရေးသားဖော်ပြထားရာမှာလည်း "ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့ကြီးများတွင် စက်တင်ဘာ ၂၆ ၊ အောက်တိုဘာ ၁၆ ၊ အောက်တိုဘာ ၂၆ နှင့် ကာလအပိုင်းအခြားတစ်ခုအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်လာနိုင်သဖြင့် လုံခြုံရေးသတိ လုံခြုံရေးအသိ ဖြင့် ဘေးကင်းစွာ နေထိုင်နိုင်ကြရန် အမေရိကန်သံရုံး (ရန်ကုန်) ကသတင်းထုတ်ပြန်သည်။" လို့ ပါရှိပါတယ်။


    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံမြို့ကြီးသုံးမြို့နဲ့ ပါတ်သတ်တဲ့ လုံခြုံရေးသတိပေးချက်ကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    US EmbassyMyanmarBurmaUSAUSMyanmar National TelevisionNay Pyi TawFact Check
    Read Full Article
    Claim :   မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်လာနိုင်တဲ့အတွက် လုံခြုံရေးသတိရှိကြဘို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားတယ်ဆိုတဲ့ သတင်းဟောင်းတစ်ပုဒ်ကို အသုံးပြုပြီး ပြန်လည်ဖြန့်ဝေနေအတွက် BOOM Myanmar က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!