BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တောင်ကြီးမြို့တွင်ဖြစ်ပေါ်ခဲ့သည့်...
သတင်းအတု

တောင်ကြီးမြို့တွင်ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲသံကိစ္စ အကြောင်းအရင်းမသိရသေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ နိုဝင်ဘာလ ၂ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျယ်လောင်တဲ့ ပေါက်ကွဲသံ ၂ချက် ဆင့်ကဲထွက်ပေါ်ခဲ့မှုအပေါ် အကြောင်းပြုပြီး ဗုံးပေါက်ကွဲတယ်ဆိုပြီး လူမှုမီဒီယာပေါ်မှာ ရေးသားဖြန့်ဝေမှုတချို့ရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  8 Nov 2020 3:59 PM IST
  • တောင်ကြီးမြို့တွင်ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲသံကိစ္စ အကြောင်းအရင်းမသိရသေး

    ပေါက်ကွဲမှုမှာ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်၊ ဆက်သွယ်ရေးကုန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံ နှစ်ချက် ၅ စက္ကန့်နီးပါးခြားကာ ထွက်ပေါ်ခဲ့တာပါ။

    ရေးသားဖြန့်ဝေမှုကို Satekuu Cho ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီခွဲခန့်မှာ ပိုစ့်တင်ခဲ့တာဖြစ်ပြီး "တောင်ကြီးမှာ ဗုံးနှစ်လုံးဆင့်ကွဲမှုဖြစ်ပွားပြီး ဗုံးစတွေက သူ့ရဲ့အိမ်ကိုတောင် လာမှန်တယ်" ဆိုပြီး ရေးသားထားတာပါ။ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြစ်စဉ်နဲ့ ပါတ်သတ်ပြီး BOOM က တောင်ကြီးရဲမြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ပေါက်ကွဲသံထွက်ပေါ်ခဲ့ တာမှန်ပေမယ့် ဗုံးပေါက်ကွဲတာ မဟုတ်ကြောင်း၊ သံသယဖြစ်ဖွယ် သဲလွန်စလည်း မတွေ့ရှိကြောင်းနဲ့ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲသာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ပိုစ့်အောက်မှာ ပေးထားတဲ့ မှတ်ချက်များမှာလည်း အချို့က တောင်ပေါ်ဆက်သွယ်ရေး တာဝါတိုင် မိုးကြိုးထိလို့ ထွက်လာတဲ့ အသံဆိုပြီး ပြောဆိုထားတာ ရှိပါတယ်။


    တောင်ကြီးရဲဌာနရဲ့ အဖြေနဲ့ ပိုစ့်အောက်ရှိ မှတ်ချက်များအရ ဒီသတင်းကို ထပ်မံအတည်ပြုရန် တောင်ကြီးမြို့မှ လူမူရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တောင်ကြီးမြို့ခံ ကိုဝင်းနိုင်စိုးကို ထပ်မံဆက်သွယ်မေးမြန်းထားတာမှာ သူက အောက်ပါအတိုင်း ပြောပါတယ်။

    ကိုဝင်းနိုင်စိုး က "ပေါက်ကွဲသံကြားရတာတော့ ဟုတ်တယ်။ ငါးစက္ကန့်လောက်စီခြားပြီး ထွက်လာတာ။ ကျွန်တော်တို့ အတွေ့အကြုံအရတော့ ဒါက ဗျောက်အိုးဖောက်တာတို့၊ ယမ်းပေါက်ကွဲတဲ့ အသံတော့ မဟုတ်ဘူး။ ပေါက်ကွဲတယ်လို့ ယူဆရတဲ့ နေရာကို သွားကြည့်ခဲ့တယ်။ အထဲထိတော့ အဝင်မခံဘူး။ ခုထိ သတင်းက တိတိကျကျတော့ မသိရသေးပါဘူး။" လို့ ပြန်လည်ဖြေကြားထားတာပါ။

    ဒီသတင်းနဲ့ ပါတ်သတ်ပြီး Golden Triangle Regional News ဆိုတဲ့ သတင်းဌာနရဲ့ ဖေစ့်ဘွတ်ပေချ့်မှာလည်း နိုဝင်ဘာလ ၃ ရက်နေ့က ဖော်ပြထားပြီး တာဝန်ရှိသူတွေအနေနဲ့ ပေါက်ကွဲသံထွက်ပေါ်တဲ့နေရာကို ည၁၂ ဝန်းကျင် အချိန် ခန့်အထိ လိုက်လံရှာဖွေခဲ့ပေမယ့် တွေ့ရှိရခြင်းမရှိကြောင်းနဲ့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ ပေါက်ကွဲစေနိုင်တဲ့ အရာဝတ္ထုတစ်ခုခုတင်ဆောင်ခဲ့တဲ့ သဲအိတ်တစ်လုံးနဲ့ ကိုက်၃၀ခန့်ရှိ ဝါယာကြီးတစ်ချောင်း တွေ့ရှိရကြောင်း ရေးသားထားပါတယ်။


    Golden Triangle Regional News သတင်းဌာနရဲ့ ရေးသားဖော်ပြမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    BombExplosionTaunggyi Explosionဗျောက်အိုးဖောက်ယမ်းပေါက်ကွဲမှု
    Read Full Article
    Claim :   ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ နိုဝင်ဘာလ ၂ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျယ်လောင်တဲ့ ပေါက်ကွဲသံ ၂ချက် ဆင့်ကဲထွက်ပေါ်ခဲ့မှုအပေါ် အကြောင်းပြုပြီး ဗုံးပေါက်ကွဲတယ်ဆိုပြီး လူမှုမီဒီယာပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ အတွက် သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!