ထိုင်းဆန္ဒပြပွဲကို ဘာသာရေးပြသနာအဖြစ် ဖြန့်ဝေနေတဲ့ သတင်းအမှား

ထိုင်းနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ လူထုဆန္ဒပြမှုကို အခြေခံပြီး ပြည်တွင်းမှာ ဘာသာရေးပြသနာကြောင့် ဆန္ဒပြတဲ့အသွင်ဖြစ်စေဖို့ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှားတချို့ထွက်ပေါ်နေပါတယ်။

လွှတ်တော်ထဲတွင် အစ္စလာမ်ဘာသာဝင်များ များပြားလာတဲ့အတွက် ထိုင်းတပ်မတော်က ထိမ်းသိမ်းခဲ့မှုအပေါ် အစ္စလာမ်ဘာသာဝင်များ လက်သုံးချောင်းထောင်ကာ ဆန္ဒပြနေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်မှု ပြုလုပ်ထားပါသည်။

သတင်းအမှားတစ်ခုမှာ ထိုင်းလွှတ်တော်ထဲမှာ အစ္စလာမ်ဘာသာဝင်များ များပြားလာတဲ့အတွက် ထိုင်းတပ်မတော်က ထိမ်းသိမ်းခဲ့မှုအပေါ် အစ္စလာမ်ဘာသာဝင်များ လက်သုံးချောင်းထောင်ကာ ဆန္ဒပြနေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်တဲ့ အသေးစိတ်ဆန်းစစ်ချက်ကိုကြည့်ရအောင်ပါ။

ဘာသာရေးအသုံးချပြီးရေးသားထားတဲ့ ဒီဖြန့်ဝေမှုတွေကို အောက်တိုဘာလ လယ်လောက်က စပြီး လူမှုမီဒီယာတွေပေါ်မှာ တွေ့ခဲ့ရပါတယ်။ ရေးသားဖြန့်ဝေရာမှာ "ထိုင်းနိုင်ငံလွှတ်တော် တပ်မတော်ထိန်းသိမ်းထား။ ထိုင်းနိုင်ငံလွှတ်တော်ထဲတွင် အစ္စလာမ်ဘာသာဝင်များ အများအပြား နေရာယူလာခြင်းကြောင့် ထိုင်းတပ်မတော်မှ တိုင်းပြည်အနာဂါတ်အတွတ် ဆိုးရိမ်ကာ လွှတ်တော်ထဲ၌ ထိုင်းတပ်မတော်သားများ ထည့်သွင်းလိုက်သည်နှင့် ထိုင်းနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ လက်သုံးချောင်းထောင်ကာ ဆန္ဒပြသူများအား 15.10.2020နေ့တွင် ရဲများထိန်းသိမ်းကာ ဆန္ဒပြသူ အစ္စလာမ်ခေါင်းဆောင်များဖမ်းစီထားလိုက်သည်။" ဆိုပြီး ဖြစ်ပါတယ်။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေမှုမှာ ပါဝင်တဲ့ လက်သုံးချောင်းထောင် ဆန္ဒပြမှုပုံတွေကို အွန်လိုင်းပေါ်မှာ ရှာဖွေစစ်ဆေးရာ ဒီပုံတွေက ထိုင်းနိုင်ငံဆန္ဒပြပွဲက ပုံတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခုဖြန့်ဝေနေတဲ့ သတင်းတွေမှာ ပြောထားသလို ထိုင်းနိုင်ငံလွှတ်တော်ထဲမှာ အစ္စလာမ်ဘာသာဝင် အများအပြား နေရာယူလာခြင်းကြောင့် ဆန္ဒပြတာမဟုတ်ပဲ ထိုင်းဝန်ကြီး Prayuth China-ocha နုတ်ထွက်ပေးဖို့၊ ဒီမိုကရေစီနဲ့ ပိုပြီးကိုက်ညီတဲ့ အခြေခံဥပဒေတရပ် ရေးဆွဲဖို့နဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုပြီး နေ့စဉ်ဆန္ဒပြနေကြတာဖြစ်ပါတယ်။


အထက်ပါပုံကတော့ VOA သတင်းဌာနမှာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ သတင်းထဲက ပုံပဲ ဖြစ်ပါတယ်။

ဇူလိုင်လ လယ်လောက်က စတင်ဖြစ်ပွားခဲ့တဲ့ ဒီဆန္ဒပြပွဲ ဟာ ထိုင်း ဘုရင်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ကြသလို ဘုရင့် အာဏာကို လျှော့ချဖို့ကိုလည်း တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲနဲ့ ပါတ်သတ်တဲ့ သတင်းတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဖတ်ရှု့နိုင်ပါတယ်။

Claim Review :   ထိုင်းနိုင်ငံလွှတ်တော်ထဲတွင် အစ္စလာမ်ဘာသာဝင်များ များပြားလာတဲ့အတွက် ထိုင်းတပ်မတော်က ထိမ်းသိမ်းခဲ့မှုအပေါ် အစ္စလာမ်ဘာသာဝင်များ လက်သုံးချောင်းထောင်ကာ ဆန္ဒပြနေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်မှု ပြုလုပ်ထားပါသည်။
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story