BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကုလသမဂ္ဂက R2P နဲ့ အရေးယူဘို့...
သတင်းအတု

ကုလသမဂ္ဂက R2P နဲ့ အရေးယူဘို့ ရာနှုန်းပြည့် သေချာပြီဆိုတဲ့ သတင်းအမှား

မြန်မာစစ်တပ်ကို အရေးယူဖို့အတွက် UN တပ်က ထိုင်းမှာ အထိုင်ချလိုက်ပြီး ကုလသမဂ္ဂက R2P နဲ့ အရေးယူဘို့ ရာနှုန်းပြည့် ကျိန်းသေသွားပြီဆိုပြီး ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာဟာ UN က အမှန်တကယ်ဆုံးဖြတ်ရသေးခြင်းမရှိတဲ့အချက်အလက်အမှားကို ဖန်တီးဖြန့်ဝေထားတဲ့အကြောင်းအရာသာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Jan 2023 8:19 AM IST
  • ကုလသမဂ္ဂက R2P နဲ့ အရေးယူဘို့ ရာနှုန်းပြည့် သေချာပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဇန်နဝါရီ ၂၆ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၅ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ပြည်သူတွေ ကခုန်လို့ရပြီ။ R2P ၁၀၀% တိကျသွားပြီ’ လို့ ရေးသားထားပြီး တချို့ဖြန့်ဝေမှုတွေမှာတော့ ‘R2P တပ်ထိုင်းမှာအသင့်ရောက်နေပြီ။ UN တပ် ထိုင်းမှာ အထိုင်ချလိုက်ပြီ’ လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေမှုဟာ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဇန်နဝါရီ ၂၄ ရက်နေ့ကပြုလုပ်တဲ့ အထူးအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံအရေးကိစ္စနဲ့ စစ်တပ်ကို ကုလသမဂ္ဂ အနေဖြင့် R2P (Responsibility to Protect) အခြေခံမူ သဘောတရားကို စွဲကိုင်ကာ အရေးယူ ဆောင်ရွက်ရမည့်အချိန်ဖြစ်တယ်လို့ တိုက်တွန်း ပြောဆိုတဲ့ သတင်းထွက်ပေါ်ပြီးနောက်ပိုင်း ဖြန့်ဝေလာတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

    ဒီသတင်းကို သတင်းဌာနတွေမှာ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းမှာ ဖော်ပြထားခဲ့ကြတာပါ။


    သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထူးအစီးပွားရေးနှင့် လူမှုရေးကောင်စီမှာ ပြုလုပ်တဲ့ အထူးအစည်းအဝေးပွဲ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ဒါကြောင့် R2P နဲ့ အရေးယူဘို့ ရာနှုန်းပြည့် ကျိန်းသေသွားပြီဆိုတာ သတင်းအမှားသာဖြစ်ပါတယ်။

    ဒီဗွီဒီယိုထဲမှာ R2P နဲ့ အရေးယူဘို့ ရာနှုန်းပြည့် ကျိန်းသေသွားပြီဆိုတဲ့ အကြောင်းအရာ၊ R2P တပ်ထိုင်းမှာအသင့်ရောက်နေပြီနဲ့ UN တပ်တွေ ထိုင်းမှာ အထိုင်ချလိုက်ပြီဆိုတဲ့ အကြောင်းအရာတွေ ပါဝင်ခြင်းမရှိပါဘူး။ မြတအာဂျင်တီးနား တရားရုံးက ဘယ်လိုဖြစ်သွားလဲ၊ အာဆီယံ ဥက္ကဌအသစ်က ဘယ်လိုလဲ၊ R2p က ဘယ်တော့လာမှာလဲ စတဲ့ အခြား သတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်ပါတယ်။

    Tags

    မြန်မာနိုင်ငံအရေးResponsibility to ProtectR2Ptake action with R2P
    Read Full Article
    Claim :   UN တပ် ထိုင်းမှာ အထိုင်ချလိုက်ပြီး ကုလသမဂ္ဂက R2P နဲ့ အရေးယူဘို့ ရာနှုန်းပြည့် ကျိန်းသေသွားပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!