BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းကို...
သတင်းအတု

ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းကို အတည်ပြုလိုက်ပြီဆိုတဲ့ သတင်းအမှား

ကုလသမဂ္ဂမှာ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  11 Sept 2022 7:28 PM IST
  • ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းကို အတည်ပြုလိုက်ပြီဆိုတဲ့ သတင်းအမှား

    ဒီသတင်းတုကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Jan Somnang ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ စက်တင်ဘာလ ၄ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေထားတာပါ။

    သတင်းကို အချိန် ၈ မိနစ်ကျော်ကြာ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကုလမှာ ဦးကျော်မိုးထွန်း ကန့်ကွက်သူမရှိ အတည်ပြုပြီ။ ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်။ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ ဂုဏ်ပြုနေကြပြီ' ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့ ဦးကျော်မိုးထွန်းကို အတည်ပြုပြီဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပဲ ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်း တာဝန်ဆက်လက်ထမ်းဆောင်ဖို့ တရားဝင်မှုအရေးတိုက်ပွဲ (Credential Challenge Campaign) အကြောင်းကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာတွေပဲ ပါဝင်ပါတယ်။

    လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကုလသမဂ္ဂရဲ့ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံကို ကျင်းပမှာ ဖြစ်ပြီး အစဉ်အလာအရ ဒီညီလာခံက တဆင့် Credential Committee ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်နေရာမှာ ဘယ်သူ့ကို ထားရှိမလဲဆိုတာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

    မနှစ်က ပြုလုပ်ခဲ့တဲ့ ၇၆ ကြိမ်မြောက် ညီလာခံမှာ NLD အစိုးရလက်ထက်က ခန့်အပ်ထားခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာပါ။

    အခုအခါ သက်တမ်းတစ်နှစ်ပြည့်တော့မှာ ဖြစ်တဲ့အတွက် ပြန်လည်ရွေးချယ်မှာ ဖြစ်ပြီး နိုင်ငံအသီးသီးနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို မခန့်အပ်ဖို့နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားဖို့ လှုပ်ရှားမှုကမ်ပိန်းတွေ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

    ဒါ့ကြောင့် ဦးကျော်မိုးထွန်းကို အတည်ပြုပြီဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

    Tags

    Credential Challenge CampaignCredential Committeeတရားဝင်မှုအရေးတိုက်ပွဲကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းU Kyaw Moe Htun၇၇ ကြိမ်မြောက် အထွေထွေညီလာခံMilitary CoupFakenews
    Read Full Article
    Claim :   ကုလသမဂ္ဂမှာ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ကန့်ကွက်သူမရှိ အတည်ပြု
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!