ထိုးမုန့်တွေမှာ ဝက်ဆီပါတယ်ဆိုတဲ့သတင်းအမှား

မန္တလေးမြိုက ထိုးမုန့်တွေမှာ ဝက်ဆီတွေပါလို့အစ္စလာမ်ဘာသာဝင်တွေ စားလို့မရဘူးဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေရေးသားမှုတွေရှိနေပြီး ဒီလိုရေးသားတဲ့အကြောင်းအရာကို လူပေါင်းများစွာကဝေမျှလျက်ရှိပါတယ်။

လူကြီးမိဘတွေ ကန်တော့ခြင်း၊ လက်ဆောင်ပေးခြင်းတွေ ပြုလုပ်ဘို့ ထိုးမုန့် လမုန့်တွေ ဝယ်ယူရောင်းချမှု များပြားလာမယ့် သီတင်းကျွတ်ကာလနဲ့ အံကိုက်ပြီး မန္တလေးမြိုက ထိုးမုန့်တွေမှာ ဝက်ဆီတွေပါတဲ့အတွက် ဘာသာခြား အထူးသဖြင့် မွတ်ဆလင် လူမျိုးတွေ စားသုံးဘို့ မသင့်ဘူးလို့ လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေမှုတွေရှိလာပါတယ်။

ဒီအကြောင်းကို Yewin Tun ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ စတင်ရေးသား ဖြန့်ဝေခဲ့တာ တွေ့ရပြီး ကူးယူဖြန့်ဝေမှုများအပြင် ယင်းပိုစ့်ကို ပြန်လည်ဖြန့်ဝေသူပင် နှစ်ထောင်ကျော်ရှိနေခဲ့ပါတယ်။

"ကျနော်သိသော ထိုးမုန့်များအကြောင်း" ဆိုပြီး ခေါင်းစဉ်နဲ့ ရေးသားထားပြီး အောက်က ပိုစ့်ထဲမှာတော့ "မွတ်ဆလင်အများစု ထိုးမုန့်စားသုံးကြတာကိုတွေ့လို့ဒီစာကိုရေးဖြစ်တဲ့အကြောင်း၊ မန္တလေးက နာမည်ကြီး ထိုးမုန့်ဆိုင်မှာ သွားဝယ်စဉ် အရောင်းဝန်ထမ်းမှ ဝက်ဆီလူးထားလို့ မွတ်ဆလင်တွေစားလို့ မရေကြောင်း သူ့ရဲ့မေးမြန်းမှုကို ဖြေခဲ့ကြောင်း၊ ထိုးမုန့်အားလုံးနီးပါးသည် ဝက်ဆီနဲ့မလွတ်ကင်းကြောင်း၊ ယခင်က မန္တလေးထိုးမုန့်တန်းနားမှာ ဝက်ဆီချက်တဲ့ လုပ်ငန်းရှိပြီး ထိုးမုန့်ရောင်းတဲ့ဆိုင် အားလုံးနီးပါးကို နေ့စဉ်ဝက်ဆီတွေ ပို့ပေးရတဲ့ ဖြစ်စဉ်ရှိဘူးကြောင်း၊ ဝက်ဆီက ထိုးမုန့်အရောင်ကို ပိုမိုလှပစေပြီး ကြာရှည်စွာထားနိုင်မူ့ကို အထောက်အကူ ပြုတဲ့အတွက် သုံးခြင်းဖြစ်ကြောင်း" ရေးသားထားတာပါ။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းရာနဲ့ ပါတ်သတ်ပြီး နှစ်ပေါင်း ၅၀ ကျော်ကြာ ထိုးမုန့်လုပ်ငန်းလုပ်ကိုင်လာတဲ့ မော်မော်စန်းထိုးမုန့်လုပ်ငန်းကို ဆက်သွယ်မေးမြန်းရာ "အဲ့လိုမျိုး (ဝက်ဆီအသုံးပြုပြီး) မလုပ်ပါဘူး။ ထိုးမုန့်လုပ်တာ ပဲဆီနဲ့လုပ်ရတာပါ။ ကျွန်မတို့ဆီမှာတော့ ဓူဝံပဲဆီကို သုံးပြီးလုပ်ပါတယ်" လို့ မခင်စန္တာမြိုင် က BOOM ကို ပြောပါတယ်။

နောက်ထပ် မန္တလေးထိုးမုန့်လုပ်ငန်းမှာ အောင်မြင်နေတဲ့ မြင့်မြင့်ခင်ထိုးမုန့်လုပ်ငန်းကို ဆက်သွယ်မေးမြန်းရာမှာ "ထိုးမုန့်လုပ်တဲ့ဆီက မြေပဲဆီနဲ့ပဲ လုပ်တာပါ။ မြေပဲဆီဆိုတာတောင် ကိုယ့်ပိုင်ကြိတ်စက်နဲ့ ကြိတ်ပြီး ရလာတဲ့ ဆီပဲ သုံးတာပါ။ လူမျိုးဘာသာမရွေး စားလို့ရပါတယ်" လို့ HR ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

Claim :   မန္တလေးမြိုက ထိုးမုန့်တွေမှာ ဝက်ဆီတွေပါလို့ မွတ်ဆလင် စားလို့မရဘူးဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.