BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြည်နယ်သုံးခုမှာ...
သတင်းအတု

ပြည်နယ်သုံးခုမှာ လေယာဉ်ပျံသန်းခွင့်ပိတ်လိုက်တယ်ဆိုတဲ့ သတင်းအမှား

ကချင်၊ ချင်းနဲ့ ကရင်ပြည်နယ်တွေမှာ လေယာဉ်ပျံသန်းခွင့် ပိတ်လိုက်ပြီလို့ အမေရိကန်က ကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  31 Jan 2023 12:11 PM IST
  • ပြည်နယ်သုံးခုမှာ လေယာဉ်ပျံသန်းခွင့်ပိတ်လိုက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Krovan Kamsan ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘ကြေညာချက် အမေရိကန် ထုတ်ပြန်။ ကချင်၊ ချင်း၊ ကရင် လေယာဉ် ပျံသန်းခွင့် ပိတ်လိုက်ပြီ’ လို့ ရေးသား ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ကချင်၊ ချင်း၊ ကရင် လေယာဉ် ပျံသန်းခွင့် ပိတ်လိုက်ပြီဆိုတဲ့ သတင်းကို အခြားပြည်တွင်း ပြည်ပသတင်းဌာနတွေမှာလည်း ဖော်ပြထားတာမရှိသလို NUG ရဲ့ သတင်းထုတ်ပြန်ရေး မီဒီယာတွေမှာလည်း ထုတ်ပြန်ထားတာ မရှိပါဘူး။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်တွေထဲမှာ အခြားသတင်းဌာနတွေရဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ထည့်သွင်း ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

    လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ပေးဖို့နဲ့ ပြည်သူတွေကို အကာအကွယ်ပေးနိုင်မည့် Safe Zone သတ်မှတ်ပေးရေးကို ပြီးခဲ့တဲ့နှစ် အစောပိုင်းက တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့ တောင်းဆိုထားခဲ့ပါသေးတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ကုလသမဂ္ဂရဲ့ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံမှာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ခန့်အပ်ရန် နိုင်ငံရေးအကျဉ်းသားများက အချက် ၅ ချက်ပါ အိတ်ဖွင့်ပေးစာကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံရုံးတွေနဲ့ မီဒီယာတွေထံ ပေးပို့တောင်းဆိုရာမှာလည်း စစ်ကောင်စီက တိုင်းရင်းသားဒေသတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်နေတဲ့အတွက် မြန်မာနိုင်ငံကို No Fly Zone အဖြစ် ကြေညာပေးရန်တောင်းဆိုခဲ့ပါတယ်။

    Tags

    No Fly Zonesလေယာဉ်မပျံသန်းရဇုံFakenewsMilitary Coup
    Read Full Article
    Claim :   ကချင်၊ ချင်းနဲ့ ကရင်ပြည်နယ်တွေမှာ လေယာဉ်ပျံသန်းခွင့် ပိတ်လိုက်ပြီလို့ အမေရိကန်က ကြေညာတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!