BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ၀ တပ်ဖွဲ့ UWSA က စစ်ကောင်စီကို...
      သတင်းအတု

      ၀ တပ်ဖွဲ့ UWSA က စစ်ကောင်စီကို အပြုတ်တိုက်မယ်ဆိုတဲ့ သတင်းအမှား

      ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က စစ်ကောင်စီကို အပြုတ်တိုက်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  29 Jan 2023 9:58 AM IST
    • ၀ တပ်ဖွဲ့ UWSA က စစ်ကောင်စီကို အပြုတ်တိုက်မယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Krovan Kamsan ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီလ ၂၇ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၂၁ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘UWSA ရဲ့ FPNCC စကစကို အပြုတ်တိုက်ဖို့ ဆုံးဖြတ်’ လို့ ရေးသားကာ ဗွီဒီယိုဖိုင်ကာဗာမှာတော့ ‘UWSA ဒေါသထွက်ပြီ။ မအလ ကို အပြုတ်တိုက်ဖို့ ဆုံးဖြတ်’ ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ UWSA ရဲ့ FPNCC စကစကို အပြုတ်တိုက်ဖို့ ဆုံးဖြတ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်း မရှိပါဘူး။ ဗွီဒီယိုဖိုင်ထဲမှာ ဘုန်းကြီးတစ်ပါးရဲ့ live ဗွီဒီယိုကို ရုပ်ပုံတွေနဲ့ ပြန်လည်ပြုပြင်ဖန်တီးထားတဲ့ ရုပ်သံဖိုင်သာဖြစ်ပါတယ်။

      နောက်ထပ် FPNCC ဆိုတဲ့ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့မှာ ၀ တပ်ဖွဲ့UWSA ၊ TNLAပလောင်၊ KIAကချင်အဖွဲ့ ၊ MNDAAကိုးကန့်၊ ရခိုင်AA၊ ရှမ်း SSPP/SSA ၊ မိုင်းလားအဖွဲ့တွေ ပါဝင်တာ ဖြစ်ပါတယ်။ FPNCC ဟာ ဝတပ်ဖွဲ့ UWSA ရဲ့ သီးသန့်အဖွဲ့ တစ်ခု မဟုတ်ပါ။

      UWSA နဲ့ ပက်သက်ပြီး လတ်တလော သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ အကြောင်းအရာကတော့ UWSA ထိန်းချုပ်ဒေသက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လူငယ်တွေ နေ့စဉ်လူကုန်ကူးရောင်းစားခံနေရတယ်ဆိုတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      UWSA forces will attack SASစစ်ကောင်စီကိုအပြုတ်တိုက်ClickbaitsFakenewsMilitary Coup၀ တပ်ဖွဲ့
      Read Full Article
      Claim :   ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က စစ်ကောင်စီကို အပြုတ်တိုက်ဖို့ ဆုံးဖြတ်လိုက်မယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!