BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG ဝန်ကြီးတွေကို...
သတင်းအတု

NUG ဝန်ကြီးတွေကို အမေရိကန်ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးအားလုံးကို အမေရိကန်ရဲ့ အကူအညီနဲ့ ဖမ်းဆီးခွင့် ရခဲ့ပြီလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 Nov 2025 9:22 PM IST
  • NUG ဝန်ကြီးတွေကို အမေရိကန်ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Jay Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ၂၄ နာရီ မပြည့်မီ ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ယုတ်မာလိုက်တာ။ NUG ဝန်ကြီးအားလုံး အမေရိကန် ဖမ်း။ အမေရိကန် ရဲ့ အကူအညီနဲ့ NUG အကြမ်းဖက်တွေကို ဖမ်းခွင့် ရခဲ့ပြီဟု ဇော်မင်းထွန်း ဒဲ့ ပြောလို့ လန့်ကုန်ပြီ' လို့ ရေးသား ထားပါတယ်။

    ဗီဒီယို ထဲမှာလည်း NUG ဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဦးရည်မွန်တို့ကို ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ ပုံ AI နဲ့ ပြုပြင်ပြီး ထည့်သွင်းကာ နောက်ခံစကားပြောနဲ့ ပြောဆိုထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG ဝန်ကြီးတွေကို အမေရိကန်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ NUG ဝန်ကြီးတွေ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ ပုံတွေကို AI နဲ့ ပြုပြင်ထည့်သွင်းကာ အမေရိကန်က NUG ဝန်ကြီးတွေကို ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်းနဲ့ သမ္မတ ထရမ့် လတ်တလော ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ အခြေအနေတိုးတက်လာတဲ့အတွက် အမေရိကန်ရောက် မြန်မာတွေကို ပေးအပ်ထားတဲ့ ယာယီခိုလှုံခွင့် (TPS) ကို အမေရိကန်အစိုးရက ရုပ်သိမ်းတယ်ဆိုတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

    ဗီဒီယိုရဲ့ ပထမပိုင်းမှာ ပြောဆိုထားတဲ့ အမေရိကန်က NUG ဝန်ကြီးတွေကို ဖမ်းဆီးချုပ်နှောင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပြီး ဒီအကြောင်းအရာကို သက်ဆိုင်ရာ နိုင်ငံနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ မရှိပါဘူး။

    အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို ယာယီခိုလုံခွင့်ပြုတဲ့ (TPS) အစီအစဉ်ကို ရုပ်သိမ်းတော့မယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအပြည့်အစုံကိုတော့ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    NUG minister arrestedFakenewsNUG ဝန်ကြီးသတင်းမှားNUG နိုင်ငံခြားရေးဝန်ကြီးNUG ဝန်ကြီးတွေအဖမ်းခံရသတင်းတု
    Read Full Article
    Claim :   NUG ဝန်ကြီးတွေကို အမေရိကန်ဖမ်းဆီးတယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!