BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • လေယာဉ်ပစ်လက်နက် US ကူညီပြီဆိုတဲ့...
      သတင်းအတု

      လေယာဉ်ပစ်လက်နက် US ကူညီပြီဆိုတဲ့ သတင်းအမှား

      NUG အစိုးရကို လေယာဉ်ပစ်လက်နက်တွေ ကူညီလိုက်ပြီလို့ အမေရိကန်ကြေညာတယ်ဆိုပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  4 Dec 2022 9:17 AM IST
    • လေယာဉ်ပစ်လက်နက် US ကူညီပြီဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ 'အချက်အလက်အစစ်အမှန်' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ၂၄ နရီမပြည့်မီ ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိနေပါတယ်။ ဖြန့်ဝေရာမှာ လေယာဉ်ပစ်လက်နက် US ကူညီပြီလို့ ရေးသားကာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ကာဗာပုံပေါ်မှာ 'လေယာဉ်ပစ်လက်နက်ရ။ NUG အထူးအောင်ပွဲကြီး။ အမေရိကန် ကြေညာပြီ' လို့ ရေးသားဖြန့်ဝေထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      လေယာဉ်ပစ်လက်နက် US ကူညီပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့ VOA သတင်းဌာနမှာ ဒီဇင်ဘာ ၁ ရက်နေ့က ဖော်ပြထားတဲ့ 'NUG ယာယီသမ္မတ လေယာဉ်ပစ်လက်နက် အကူအညီတောင်း' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

      REUTERS Next Leadership Summit နှင့် Global Broadcast မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီးလက မြန်မာ့ဒီမိုကရေစီအရေးနှင့် အမျိုးသားတန်းတူအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု ဆွေးနွေးချက်ကို ဖော်ပြထားတဲ့ သတင်းဖြစ်ပါတယ်။

      ဒီဆွေးနွေးချက်ထဲမှာ NUG ယာယီသမ္မတက မြန်မာပြည်သူတွေဟာ မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံနေရတဲ့အတွက် အမေရိကန်နဲ့ အီးယူတို့က ယူကရိန်းကိုကူညီသလိုမျိုး မြန်မာကို အကူအညီပေးကြဖို့အကြောင်း၊ စစ်တပ်က နိုင်ငံရေးကနေ လုံးဝဆုတ်ခွာရမယ်ဆိုတာအပါအဝင် အချက်လေးချက်ပါ ကြိုတင်သတ်မှတ် ချက်လက်ခံမယ်ဆိုရင်တော့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကောင်းဆွေးနွေးမှာဖြစ်ကြောင်းနဲ့ လေယာဉ်ပစ်ချတဲ့ လက်နက်များရှိပါက ၆ လလောက်နဲ့ အနိုင်ရလိမ့်မယ်လို့ ထင်မြင်ကြောင်းတွေ ပြောဆိုသွားတာပါ။

      ယာယီသမ္မတရဲ့ တောင်းဆိုမှုသာဖြစ်ပြီး လေယာဉ်ပစ်လက်နက်တွေ အမေရိကန်က ကူညီပြီဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ VOA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

      Tags

      လေယာဉ်ပစ်လက်နက်anti-aircraft weaponsUS helped Weaponsလေကြောင်းတိုက်ခိုက်မှုFakenewsMilitary Coup
      Read Full Article
      Claim :   NUG အစိုးရကို လေယာဉ်ပစ်လက်နက်တွေ ကူညီလိုက်ပြီလို့ အမေရိကန်ကြေညာတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!