BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကုလသမဂ္ဂမှာ NUG တရားဝင်...
သတင်းအတု

ကုလသမဂ္ဂမှာ NUG တရားဝင် အစိုးရဖြစ်ပြီဆိုတဲ့ သတင်းအမှား

ကုလသမဂ္ဂမှာ NUG အစိုးရကို တရားဝင်အတည်ပြုလိုက်ပြီလို့ ကြေညာလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  6 Oct 2022 5:42 PM IST
  • ကုလသမဂ္ဂမှာ NUG တရားဝင် အစိုးရဖြစ်ပြီဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို စက်တင်ဘာလ အစောပိုင်းကတည်းက သတင်းအမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဆက်တိုက် ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေတာပါ။

    ဒီသတင်းတွေကို လူစိတ်ဝင်စားမှု များနေတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မကျင်းပမီနဲ့ ကျင်းပနေစဉ်အတွင်းမှာ အချိန်ကိုက်ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေရာမှာ 'NUG တရားဝင်အစိုးရဖြစ်ပြီဟေ့။ ယနေ့ည NUG တရားဝင်အစိုးရ ဖြစ်ခွင့်ရပြီ။ ကုလမှာ NUG တရားဝင် အစိုးရဖြစ်ကြောင်း ခုလေးတင် ကြေညာလိုက်ပြီ' ဆိုပြီး အမျိုးမျိုးရေးသား ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ကုလမှာ NUG တရားဝင် အစိုးရဖြစ်ကြောင်း ခုလေးတင် ကြေညာလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    လက်ရှိမှာ နိုင်ငံကို ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး NUG နဲ့ စစ်ကောင်စီတို့ အပြိုင်လျှောက်ထားကြမှုတွေကို အရည်ချင်းစစ် ကော်မတီက နိုဝင်ဘာလအတွင်းမှာမှ စိစစ်သွားမှာဖြစ်ပြီး ကုလ အထွေထွေညီလာခံကြီးက အတည်ပြုနိုင်ဖို့ရာ အကြံပြုကြမှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်က နိုင်ငံကို ကိုယ်စားပြုခွင့် လျှောက်ထားမှုနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်မချဘဲ ရွှေ့ဆိုင်းခဲ့ရာမှာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလမှာ ဆက်ရှိနေနိုင်ခဲ့ပါတယ်။

    ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းကို ဆက်ခန့်ထားဖို့ အခြေအနေကောင်းကြောင်း NUG ဒုနိုင်ငံခြားရေးဝန်ကြီး ဦးဇော်မိုးထွန်းက ပြောဆိုထားတာကို DVB သတင်းဌာနမှာ စက်တင်ဘာလ ၅ ရက်နေ့က ဖော်ပြထားပါသေးတယ်။


    ဦးဇော်မိုးထွန်းရဲ့ ပြောကြားချက်အရ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ အရင်အတိုင်းဆက်လက်ရှိနေပြီး ကိုယ်စားပြုခွင့် ဆုံးဖြတ်ချက်ကိုလည်း မနှစ်ကအတိုင်း ရွှေ့ဆိုင်းဘို့ ပိုများတယ်လို့ ယူဆကြောင်း ပြောကြားထားတာပါ။ သူက ဆက်လက်ပြီး ဒီလိုသိရတဲ့ အကြောင်းတွေဟာ ရာခိုင်နှုန်းပြည့် စိတ်ချရမှုတော့ မရှိသေးကြောင်း ပြောကြားထားပါတယ်။

    DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းမူရင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    တရားဝင်အစိုးရတရားဝင်အတည်ပြုthe official governmentUN approved the NUGကုလသမဂ္ဂက အတည်ပြုမြန်မာ သံအမတ်ကြီးနိုင်ငံကို ကိုယ်စားပြုခွင့်Fakenews
    Read Full Article
    Claim :   ကုလသမဂ္ဂမှာ NUG အစိုးရကို တရားဝင်အတည်ပြုလိုက်ပြီလို့ ကြေညာ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!