BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဦးကျော်မိုးထွန်းရဲ့ တောင်းဆိုချက်...
      သတင်းအတု

      ဦးကျော်မိုးထွန်းရဲ့ တောင်းဆိုချက် ကုလအတည်ပြုတယ်ဆိုတဲ့ သတင်းအမှား

      သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ တောင်းဆိုချက် ကုလသမဂ္ဂက အတည်ပြုကာ စစ်မှုထမ်းဥပဒေ ဖျက်သိမ်းလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  29 April 2024 8:15 AM IST
    • ဦးကျော်မိုးထွန်းရဲ့ တောင်းဆိုချက် ကုလအတည်ပြုတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဦးကျော်မိုးထွန်းရဲ့ တောင်းဆိုချက် ကုလအတည်ပြု။ စစ်မှုထမ်းဥပဒေ ဖျက်သိမ်းလိုက်ပြီ။ စစ်အုပ်စု ငုတ်တုတ်မိပြီ' လို့ ရေးသားထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဦးကျော်မိုးထွန်းရဲ့ တောင်းဆိုချက် ကုလအတည်ပြုတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဧပြီလ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ 'မြန်မာစစ်တပ်က အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုနေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်း အဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြပြီး နိုင်ငံတကာက အရေးယူပေးရန် တောင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

      Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းထဲမှာ မြန်မာစစ်တပ်အနေနဲ့ အဓမ္မပြုကျင့်တာကို စစ်လက်နက်တစ်ခုလို အသုံးပြုနေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုတဲ့အကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းက စစ်ကောင်စီကို အရေးယူပေးဖို့နဲ့ စစ်အာဏာရှင်ကို တော်လှန်နေမှုတွေကို ပံ့ပိုးကူညီပေးဖို့ တောင်းဆိုထားတာသာ ဖြစ်ပါတယ်။

      ဒီအကြောင်းအရာထဲမှာ ကုလသမဂ္ဂက အတည်ပြုလိုက်တယ်ဆိုတဲ့ အကြောင်းရယ်၊ စစ်မှုထမ်း ဥပဒေ ဖျက်သီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာတွေ မပါဝင်ပါဘူး။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      ကုလသမဂ္ဂအတည်ပြုUN Security CouncilUN approvedMisinformationစစ်မှုထမ်းဥပဒေ ဖျက်သိမ်းRepeal of the conscription law
      Read Full Article
      Claim :   ဦးကျော်မိုးထွန်းရဲ့ တောင်းဆိုချက် ကုလအတည်ပြုတယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!