BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြည်ထောင်စု လွှတ်တော်နာယကကို...
သတင်းအတု

ပြည်ထောင်စု လွှတ်တော်နာယကကို ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့အရေးယူနိုင်တယ်ဆိုတဲ့ သတင်းအမှား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး လေးပုံတစ်ပုံက လွှတ်တော် အစည်းအဝေး ခေါ်ယူကျင်းပပေးရန် တောင်းဆိုပါက ပြည်ထောင်စုလွှတ်တော် နာယကမှ လွှတ်တော်ခေါ်ယူပေးရမှာဖြစ်ပြီး ပျက်ကွက်ပါက ဖွဲ့စည်းအခြေခံဥပဒေပါ ပုဒ်မ-၂၀(စ) ကျင့်ဝတ်ဖောက်ဖျက်မှု့ဖြင့် အရေးယူခံရမှာ ဖြစ်ကြောင်း လူမှုမီဒီယာတွေအပေါ် ဖြန့်ဝေရေးသားမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  18 Jan 2021 3:31 PM IST
  • ပြည်ထောင်စု လွှတ်တော်နာယကကို ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့အရေးယူနိုင်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို ဇန်နဝါရီလ ၈ ရက်နေ့က စတင်ပြီး လူမှုမီဒီယာတွေအပေါ်မှာ ရေးသားဖြန့်ဝေလာတာ ဖြစ်ပြီး " ဒုတိယအကြိမ် လွှတ်တော်သက်တမ်းဟာ တစ်လနီးပါးခန့် ကျန်ရှိနေသေးတဲ့အတွက် ပြန်လည်ခေါ်ယူပေးပါရန် အတိုက်အခံပါတီတွေက ထုတ်ပြန်ချက်နှင့်တကွ တောင်းဆိုထားကြောင်း၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ(၈၄) ရဲ့ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက တောင်းဆိုလျှင် ပြည်ထောင်စုလွှတ်တော် နာယကက အထူးအစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပရမှာ ဖြစ်ကြောင်း၊ ပျက်ကွက်ပါက နာယကအနေဖြင့် ဖွဲ့စည်းအခြေခံဥပဒေ ပုဒ်မ-၂၀(စ) အရ ကျင့်ဝတ်ဖောက်ဖျက်မှု့ဖြင့် အရေးယူခံရမှာဖြစ်ကြောင်း" ရေးသား ထားတာပါ။

    ရေးသားဖြန့်ဝေနေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဇန်နဝါရီ ၁၁ ရက်မှာ USDP ပါတီ၊ တပ်မတော်နဲ့ တိုင်းရင်းသားပါတီအချို့က ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အထူးအစည်းအဝေး ခေါ်ဖို့ တောင်းဆိုခဲ့ကြရာမှာ လွှတ်တော်ရုံးက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၈၁၊ ၄၀၂ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပုဒ်မ ၁၁ တွေအရ အစည်းအဝေးခေါ်ဘို့ မလိုအပ်ဘူးလို့ ပြန်ကြားခဲ့ပါတယ်။

    သတင်းဆန်းစစ်ချက်

    "အခြေံ ဥပဒေပုဒ်မ ၂၀ ကို အဓိပ္ပါယ်ဖော်တာ မှားနေတယ်။ ပုဒ်မ ၂၀ ရဲ့ သဘောတရားက တပ်ပိုင်းဆိုင်ရာတွေကို လွတ်လပ်စွာ လုပ်ခွင့်ရှိတာ ဖြစ်တယ်။ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နိုင်တယ်လို့ အဓိပ္ပါယ်ဖွင့်လို့ မရပါဘူး။ ဖေဖေါ်ဝါရီလမှာ လွှတ်တော်ခေါ်ရမယ်။ အစိုးရဖွဲ့ရမယ်။ မတ်လမှာ အာဏာလွှဲပြောင်းရေးတွေ လုပ်ရမယ်ဆိုတဲ့ အခြေခံ ဥပဒေမှာပါတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်နေတာ" လို့ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဌ ဦးကြီးမြင့်က ပြောပါတယ်။

    NLD လွှတ်တော်အမတ် တရားလွှတ်တော်ရှေ့နေ ဦးနေမျိုးထွန်းကလည်း "တစ်နှစ်ကို လွှတ်တော်တစ်ကြိမ်၊ မဖြစ်မနေခေါ်ယူရမယ့် ကိစ္စမှာ နာယက အနေနဲ့ ငြိစွန်းမှု မရှိပါဘူး။ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ခေါ်တယ်ဆိုတာက ရွေးကောက်ပွဲ ကျင်းပအပြီး ၃ လအတွင်း ခေါ်ရမယ်ဆိုတဲ့ ဥပဒေအရ ခေါ်တာ ဖြစ်ပါတယ်။" လို့ ပြောပါတယ်။

    အခြေခံဥပဒေ ပုဒ်မ ၂၀ (စ) မှာ တပ်မတော်ဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ဖော်ပြထားပါတယ်။

    Tags

    Speaker of the Pyidaungsu HluttawParliamentလွှတ်တော် အစည်းအဝေးဖွဲ့စည်းအခြေခံဥပဒေပါ ပုဒ်မ-၂၀(စ)ပြည်ထောင်စု လွှတ်တော်နာယMilitaryEthnic Party
    Read Full Article
    Claim :   ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး လေးပုံတစ်ပုံက လွှတ်တော် အစည်းအဝေး ခေါ်ယူကျင်းပပေးရန် တောင်းဆိုပါက ပြည်ထောင်စုလွှတ်တော် နာယကမှ လွှတ်တော်ခေါ်ယူပေးရမှာဖြစ်ပြီး ပျက်ကွက်ပါက ဖွဲ့စည်းအခြေခံဥပဒေပါ ပုဒ်မ-၂၀(စ) ကျင့်ဝတ်ဖောက်ဖျက်မှု့ဖြင့် အရေးယူခံရမှာ ဖြစ်ကြောင်း လူမှုမီဒီယာတွေအပေါ် ဖြန့်ဝေရေးသားမှုတွေအပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!