BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • လုံခြုံရေးကောင်စီက စစ်ကောင်စီကို...
      သတင်းအတု

      လုံခြုံရေးကောင်စီက စစ်ကောင်စီကို အပြီးသတ်အမိန့်ချလိုက်ပြီဆိုတဲ့ သတင်းအမှား

      ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေစစ်ကောင်စီကို အပြီးသတ်အမိန့်ချလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှား တွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  19 July 2023 2:59 PM IST
    • လုံခြုံရေးကောင်စီက စစ်ကောင်စီကို အပြီးသတ်အမိန့်ချလိုက်ပြီဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ Amelie Hughes ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၁၈ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘လုံခြုံရေးကောင်စီ အပြီးသတ် အမိန့်ချလိုက်ပြီ။ စစ်ကောင်စီ တရားဝင် ဖျက်သိမ်းခံရ’ လို့ ရေးသားထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘လုံခြုံရေးကောင်စီ အပြီးသတ် အမိန့်ချလိုက်ပြီ’ ဆိုတဲ့ အကြောင်း အရာ မပါဝင်ပါဘူး။

      ဗွီဒီယိုထဲမှာ Mizzima သတင်းဌာနမှာ ဇူလိုင် ၁၇ ရက်နေ့က ဖော်ပြထားတဲ့ 'ရိုဟင်ဂျာနဲ့ လူနည်းစုအရေးဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ အတည်ပြု' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

      ဒီသတင်းထဲမှာ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာမွတ်ဆလင်နဲ့ အခြား လူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇူလိုင် ၁၄ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအဝေးမှာ ချမှတ်အတည်ပြုလိုက်ကြောင်း၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ထဲမှာ နိုင်ငံတွင်းက အကြမ်းဖက်မှုတွေ၊ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေ အားလုံး ချက်ခြင်းရပ်တန့်ဖို့ စစ်ကောင်စီကို တောင်းဆိုကြောင်း၊ ကုလသမဂ္ဂ တာဝန်ပေးအပ် ထားသူတွေနဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ယန္တယားတို့ကို မြန်မာတာဝန်ရှိသူတွေဖက်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး၊ လူ့အခွင့်အရေးအခြေအနေကို အဟန့်အတားမရှိ စောင့်ကြည့်နိုင်ဖို့နဲ့ ပြေးလွှားပုန်းရှောင်နေကြရတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအတွက် သူတို့ဆန္ဒနဲ့အညီ နေရပ်ပြန်နိုင်မယ့် အခြေအနေမျိုး ဖန်တီးဖို့တိုက်တွန်းထားကြောင်းတွေ ပါဝင်ပါတယ်။

      Mizzima သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      စစ်ကောင်စီကို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အမှုကိစ္စတွေအပြင် အာဏာသိမ်းပြီးနောက် စစ်တပ်က လူပေါင်း ၃၅ဝဝ နီးပါးကို သတ်ဖြတ်ခဲ့မှုတွေအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်း တရားစီရင်ဖို့ မြန်မာ့အရေးလှုပ်ရှားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      လူ့အခွင့်အရေးစစ်ကောင်စီMilitary CouncilSecurity CouncilClickbaits
      Read Full Article
      Claim :   ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေစစ်ကောင်စီကို အပြီးသတ်အမိန့်ချလိုက်ပြီလို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!