BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ငန်းစောင်းမြွေဟာ...
      သတင်းအတု

      ငန်းစောင်းမြွေဟာ အဆိပ်ပြင်းတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

      ငန်းစောင်းမြွေရဲ့အဆိပ်ဟာ တောကြီးမြွေဟောင်တောင် ထွက်ပြေးရတယ်ဆိုပြီး တမင်လုပ်ကြံဖန်တီးကာ ဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  11 Jun 2024 5:19 AM IST
    • ငန်းစောင်းမြွေဟာ အဆိပ်ပြင်းတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ AB VLOG ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူ တစ်သန်းကျော်ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့ အတူ 'တောကြီးမြွှေဟောက်တောင်ထွက်ပြေးရတဲ့မြွှေအဆိပ်မသေးဘူး' လို့ ရေးသားထားပါတယ်။

      ဗီဒီယိုဖိုင်ထဲမှာတော့ ငန်းစောင်းမြွေနဲ့ တောကြီးမြွေဟောက် နှစ်ကောင် တွေ့ဆုံနေတဲ့ဖိုင်ကို Reaction လုပ်သလို နောက်က လိုက်လံပြောဆိုထားတာပါ။ သူ့ရဲ့ပြောဆိုမှုထဲမှာ 'တောကြီးမြွေဟောက်နဲ့ ငန်းစောင်းမြွေ ဘယ်ကောင်က ဘုရင်၊ ဘယ်ကောင်က ဆရာလဲဆိုတာ ကြည့်ရအောင်။ သူတို့ နှစ်ကောင် ဖိုက်တဲ့ ဗီဒီယိုလေးပေါ့နော်။ ငန်းစောင်းမြွေဟာ အဆိပ်မရှိဘူးလို့ တချို့လူတွေ ပြောတာ ကြားဖူးတယ်၊ တချို့ပြောတာ အဆိပ်ပြင်းတဲ့ မြွေထဲမှာ ပါတယ်လို့ ပြောတာလည်း ကြားဘူးတယ်။ သိတဲ့အတိုင်းပဲ တောကြီးမြွေဟောက်ကတော့ ဘာမှ မကြောက်တဲ့ ကောင်ပေါ့နော်။ တို့ထက်လိုက်ပြီ။ အာ ပြေးပြီ။ တောကြီးမြွေဟောက် ပြေးပြီ အမျိုးတို့ရေ။ ကြည့်ရအောင် သူဘယ်လိုတို့လိုက်လဲဆိုတာ' လို့ ပြောဆိုနေတာပါ။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်အမှားတွေ ဖြစ်တာကို တွေ့ရပါတယ်။

      ဒီဗီဒီယိုဖိုင်ထဲမှာ ပါတဲ့ ငန်းစောင်းမြွေ (ဝါ) Radiated rat snake ဟာ လုံးဝ အဆိပ်မရှိတဲ့ မြွေမျိုးစိတ် ဖြစ်ပါတယ်။

      ဒီငန်းစောင်းမြွေနဲ့ ပက်သတ်တဲ့ အချက်အလက်အမှန်တွေကို AB VLOG ဖေစ့်ဘွတ်ပေချ့်က ဖြန့်ဝေထားတဲ့ ပိုစ့်အောက်မှာ မြွေတွေနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေမျှဝေနေတဲ့ မစိုးသန္တာအောင်ကိုယ်တိုင် ဝင်ရောက်ရေးသားပြောဆိုပေမယ့် ဖြန့်ဝေမှုကို ပြန်လည်ဖျက်ခြင်း တောင်းပန်ခြင်း ပြုလုပ်တာ မတွေ့ရပါဘူး။


      ဒီအချက်အလက်မှားနေတဲ့ ဗီဒီယိုပိုစ့်အောက်မှာ All about Snakes- Saw Thanda Awng ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ရေးသားထားတဲ့ ငန်းစောင်းမြွေနဲ့ ပက်သတ်တဲ့ အချက်အလက်တွေကို မျှဝေထားတာပါ။

      ဒီအချက်တွေထဲမှာ ငန်းစောင်းမြွေတွေဟာ အဆိပ်လုံးဝမရှိတဲ့ မြွေမျိုးစိတ်ဖြစ်ကြောင်း၊ သွားသေးသေးလေးတွေနဲ့ မေးရိုးပျော့သာ ပါရှိကြောင်း၊ ငန်းစောင်းတွေရဲ့ ရန်လိုတဲ့ ပုံစံကြောင့် အယူအဆမှားတွေ ရှိလာကြောင်း၊ ငန်းစောင်းမြွေတွေဟာ မိန်းကလေးတွေကိုပဲ ရွေးပြီးလိုက်တယ်ဆိုတာ အချက်အလက်အမှားဖြစ်ကြောင်း၊ ငန်းစောင်းဟာ သူ့ကို အန္တရာယ်ပေးနိုင်တယ် လို့ထင်တဲ့ လူတိုင်းကို သူ့သွားသေးလေးတွေနဲ့ ပြေးလိုက်ခြောက်တတ်ကြောင်း၊ စောင်းသုံးစောင်းမှာ ငန်းစောင်းကိုက်ရင် သေတတ်တယ်ဆိုတဲ့ အယူဟာလည်း အမှားသာ ဖြစ်ကြောင်း ရေးသားထားပါတယ်။


      All about Snakes- Saw Thanda Awng ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားတာကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      ဒါ့အပြင် မစိုးသန္တာအောင်ရဲ့ ယူကျူ့ချန်နယ်ဖြစ်တဲ့ All about Snakes မှာ ဖော်ပြထားတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဆိပ်မရှိတဲ့မြွေ ၁၀ မျိုး ဆိုတဲ့ အကြောင်းအရာမှာလည်း ငန်းစောင်းမြွေနဲ့ ပက်သတ်ပြီး ဖော်ပြထားတာမှာ ငန်းစောင်းဟာ အရမ်းအသုံးဝင်တဲ့ မြွေမျိုးစိတ် ဖြစ်ကြောင်း၊ ငန်းစောင်းဟာ ကြွက်တွေကို အဓိကစားတာဖြစ်တဲ့အတွက် ကြွက်တွေတိုးပွားလာမှုကို ထိန်းညှိပေးကြောင်း၊ အခြား နိုင်ငံတွေမှာ ဒီမြွေကို ဥပဒေတွေနဲ့ ကာကွယ်ပေးထားတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာတော့ ရှေးအယူအဆတွေကြောင့် ငန်းစောင်းမြွေ တွေဟာ အသတ်ခံနေရကြောင်း၊ စောင်းသုံးစောင်းမှာ ငန်းစောင်းကိုက်ရင် သေတယ်ဆိုတဲ့ အစွဲရှိကြောင်း၊ ငန်းစောင်းဆိုတာ အဆိပ် လုံးဝမရှိတဲ့ မြွေဖြစ်ကြောင်း၊ အဆိပ်မရှိတဲ့ မြွေဟာ ဘယ်အခြေအနေမှာပဲ ကိုက်ကိုက် အဆိပ်မရှိကြောင်း၊ သို့ရာတွင် အဆိပ်မရှိ ပေမယ့် မေးခိုင်ကာကွယ်ဆေး ထိုးဖို့လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

      မြန်မာနိုင်ငံမှာရှိတဲ့ အဆိပ်မရှိတဲ့မြွေ (၁၀) မျိုး မှာ ရေမြွေဗျောက်မ၊ ငန်းစောင်း၊ မြွေဝံပုလွေ၊ ဆင်ပြစ်မြွေ၊ လင်းမြွေ၊ ကြက်ဥခိုးမြွေ၊ မျက်လျော၊ ခေါင်းနှစ်လုံးမြွေ၊ မြွေပြဒါးနဲ့ မြွေပိန် တို့ပဲ ဖြစ်ပါတယ်။

      All about Snakes ယူကျူ့ချန်နယ်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      Tags

      ငန်းစောင်းမြွေအဆိပ်ပြင်းအချက်အလက်အမှားpoisonous snakeMisinformationအဆိပ်မရှိမြွေsnakes in Myanmar
      Read Full Article
      Claim :   ငန်းစောင်းမြွေတွေဟာ အဆိပ်ပြင်းတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!