BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရားလိုကိုယ်တိုင်...
သတင်းအတု

တရားလိုကိုယ်တိုင် အမှုတွေရုပ်သိမ်းဆိုတဲ့ သတင်းအမှား

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံကို အသုံးပြုကာ တရားလိုကိုယ်တိုင် အမှုတွေပြန်လည်ရုပ်သိမ်းတယ်ဆိုပြီး အများပြည်သူ အထင်အမြင်လွဲစေဖို့ တမင်ရည်ရွယ်ဖြန့်ဝေထားမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  23 July 2023 8:52 PM IST
  • တရားလိုကိုယ်တိုင် အမှုတွေရုပ်သိမ်းဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ Burma TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၂၀ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၂၄ မိနစ်နီးပါး ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ပုံကို အသုံးပြုကာ ‘တရားလိုကိုယ်တိုင် အမှုတွေရုပ်သိမ်း’ လို့ ရေးသားထားပါတယ်။

    ဒီဖြန့်ဝေမှုကို အပေါ်ယံ ကြည့်မိပါက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေကို တရားလိုဘက်က ပြန်လည်ရုပ်သိမ်း တယ်ဆိုတဲ့ အမြင်ဖြစ်စေဖို့ တမင်ရည်ရွယ် ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘တရားလိုကိုယ်တိုင် အမှုတွေရုပ်သိမ်း’ ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    ဗွီဒီယိုထဲမှာ Khit Thit Media မှာ ဇူလိုင်လ ၂၀ ရက်နေ့က ဖော်ပြထားတဲ့ 'လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို လုပ်ကြံ တရားစွဲဆိုခဲ့သော အဂတိတိုက်ဖျက်ရေး ကော်မရှင်မှ တရားခံများ အပိုင်း (၁)' ဆိုတဲ့ သတင်းနဲ့ အခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။


    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၉ ခုအတွက် ထောင်ဒဏ် ၃၃ နှစ် ကျခံနေရတာဖြစ်ပါတယ်။

    ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ အများပြည်သူ အထင်အမြင်လွဲအောင် တမင်လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    လူထုခေါင်းဆောင်တရားစွဲအမှုတွေရုပ်သိမ်းဒေါ်အောင်ဆန်းစုကြည်Daw Aung San Suu KyiFakenewsClickbaits
    Read Full Article
    Claim :   လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရာစွဲဆိုထားမှု တရားလိုကိုယ်တိုင် အမှုတွေပြန်လည်ရုပ်သိမ်းတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!