BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NUG မှာ ပုခုံးထမ်း...
      သတင်းအတု

      NUG မှာ ပုခုံးထမ်း လေယာဉ်ပစ်လက်နက်တွေ အများအပြားပိုင်ပြီဆိုတဲ့ သတင်းအမှား

      NUG အစိုးရမှာ ပုခုံးထမ်း လေယာဉ်ပစ်လက်နက်တွေ အများအပြားပိုင်ဆိုနေပြီဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေဟာ မူရင်းသတင်းအကြောင်းအရာကို ပုံစံပြောင်းဖြန့်ဝေနေတဲ့ သတင်းအမှားသာဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  30 Jan 2023 8:12 AM IST
    • NUG မှာ ပုခုံးထမ်း လေယာဉ်ပစ်လက်နက်တွေ အများအပြားပိုင်ပြီဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Krovan Kamsan ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီလ ၂၅ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၂၆ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘NUG ပုခုံးထမ်းလေယာဉ်ပစ်တွေ အများအပြားပိုင်ပြီ’ လို့ ရေးသား ဖြန့်ဝေထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ NUG အစိုးရမှာ ပုခုံးထမ်းလေယာဉ်ပစ် လက်နက်တွေ အများအပြားပိုင်ပြီဆိုတဲ့ အကြောင်းအရာအစား PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ အကြမ်းဖက် တိုက်ခိုက်ခံနေရတဲ့အတွက် ပုခုံးထမ်းလေယာဉ်ပစ်လက်နက်တွေ လိုအပ်နေတဲ့ သတင်းအကြောင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

      NUG ဝန်ကြီးတွေနဲ့ အခြားအရာရှိတွေအနေနဲ့ စစ်ရေးကိစ္စတွေနှင့် စစ်လက်နက်ကိစ္စရပ်တွေကို ထုတ်ပြန်ရာမှာ ပြည်သူတွေကို မျှော်လင့်ချက်အမှားတွေ မပေးဖို့နဲ့ ကြွားဝါခြင်း မပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေတ္တသမ္မတ ဒူဝါလရှီးလက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က သတိပေးထားပြီးဖြစ်ပါတယ်။


      အလားတူလူထုထောက်ခံလေးစားမှု ရယူဖို့ အရေးကြီးပေမယ့် ပကတိအခြေအနေနဲ့ မကိုက်ညီတဲ့မျှော်လင့်ချက်တွေ မပေးဖို့နဲ့ ထိန်းသိမ်းဖို့ လိုကြောင်း ခေတ္တသမ္မတက ပြောထားပါတယ်။ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ဒါကြောင့် NUG အစိုးရမှာ ပုခုံးထမ်းလေယာဉ်ပစ် လက်နက်တွေ အများအပြားပိုင်ပြီဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေ ဖြစ်ပါတယ်။

      Tags

      ပုခုံးထမ်းလေယာဉ်ပစ်လက်နက်shoulder-mounted anti-aircraft weaponsလေယာဉ်ပစ်လက်နက်FakenewsMilitary coup
      Read Full Article
      Claim :   NUG အစိုးရမှာ ပုခုံးထမ်း လေယာဉ်ပစ်လက်နက်တွေ အများအပြားပိုင်ဆိုနေပြီလို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!