BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်နိုင်ငံမှာ NUG အစိုးရ...
သတင်းအတု

တရုတ်နိုင်ငံမှာ NUG အစိုးရ ရုံးခန်းဖွင့်ခွင့်ရတယ်ဆိုတဲ့ သတင်းအမှား

NUG ကို အစိုးရလို့ တရုတ်သမ္မတ ကြေညာပြီး တရုတ်နိုင်ငံမှာ NUG ရုံးခန်းဖွင့်ခွင့်ရပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 March 2024 9:52 PM IST
  • တရုတ်နိုင်ငံမှာ NUG အစိုးရ ရုံးခန်းဖွင့်ခွင့်ရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Naypudaw Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ် ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တနိုင်ငံလုံး ထခုန်နေကြပြီ။ အောင်ပြီ။ NUG ကို အစိုးရဟု တရုတ်သမ္မတကြေငြာ။ တရုတ်နိုင်ငံမှာ NUG ရုံးခန်းဖွင့်ခွင့်ရပြီ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ လေးသောင်းနီးပါး ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တရုတ်နိုင်ငံမှာ NUG အစိုးရ ရုံးခန်းဖွင့်ခွင့်ရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ DVB သတင်းဌာနမှာ မတ်လ ၁၄ ရက်နေ့က ဖော်ပြထားတဲ့ 'တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုရှိဟု NUG ပြော' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။


    သတင်းထဲမှာ NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က အစိုးရစဖွဲ့စကပင် တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားနေတာဖြစ်ကြောင်း၊ ဒါပေမဲ့လည်း ထုတ်ဖော်ပြောကြားဖို့ အခုချိန်မှာ မရသေးပါဘူး ဆိုတာတော့ ပြောကြားချင်ကြောင်း၊ ရုံးဖွင့်တဲ့ကိစ္စကို လူမှုကွန်ရက်ပေါ်မှာ ပြောနေကြတာဖြစ်ကြောင်း၊ အတည်ပြုချက် မလုပ်နိုင်သေးကြောင်းနဲ့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်လည်း မရှိကြောင်း ပြောကြားထားပါတယ်။

    DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    တရုတ်မြန်မာဆက်ဆံရေးFakenwsNUG ရုံးခန်းChina policyတရုတ်နိုင်ငံခြားရေးမူဝါဒFakenewsClickbaits
    Read Full Article
    Claim :   တရုတ်နိုင်ငံမှာ NUG အစိုးရ ရုံးခန်းဖွင့်ခွင့်ရတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!