BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လားရှိုးကို MNDAA တပ်တွေ...
သတင်းအတု

လားရှိုးကို MNDAA တပ်တွေ ပြန်လည်သိမ်းပိုက်တယ်ဆိုတဲ့ သတင်းအမှား

လားရှိုးကို ကိုးကန့်တပ်ဖွဲ့ (MNDAA) တပ်တွေက ပြန်လည်သိမ်းပိုက်လိုက်ပြီး PDF နဲ့ NUG ကို ပြန်လည်လွှဲပြောင်းပေးမယ်လို့ ကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  21 Nov 2025 9:24 PM IST
  • လားရှိုးကို MNDAA တပ်တွေ ပြန်လည်သိမ်းပိုက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လားရှိုး MNDAA ပြန်သိမ်းပြီ။ လူပါးဝနေတဲ့ စစ်တပ်ကို MNDA က ၁၈၀၀ ခန့် အရှင်ဖမ်း။ MNDAA ကို စိန်ခေါ်တဲ့ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ဖမ်းဆီးခံရ။ PDF နဲ့ NUG ကို လွဲပြောင်းပေးမည်ဟု MNDAA ကြေညာ' လို့ ရေးသား ထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လားရှိုးကို MNDAA တပ်တွေ ပြန်လည်သိမ်းပိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဟာ People's Spring သတင်းဌာနမှာ နိုဝင်ဘာ ၁၉ ရက်နေ့က ဖော်ပြထားတဲ့ 'နယ်ကျော်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မျက်နှာပျက်ရတဲ့ပွဲ' ဆိုတဲ့ ဆောင်းပါးကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    ဖော်ပြထားတဲ့ ဆောင်းပါးထဲမှာ စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့(ကစထ)မှုးဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး နဲ့ ရှမ်းမြောက်စစ်ရေး ဖြစ်စဉ်တွေကို ချတ်ဆက်ရေးသားထားတာဖြစ်ပါတယ်။

    ဒီဆောင်းပါးထဲမှာ လားရှိုးကို MNDAA တပ်တွေ ပြန်လည်သိမ်းပိုက်တယ်ဆိုတဲ့ အကြောင်းအရာမပါသလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    take over LashiorecapturedFakenewsMNDAAသတင်းမှားကိုးကန့်တပ်လားရှိုးမြို့သိမ်း
    Read Full Article
    Claim :   လားရှိုးကို MNDAA တပ်တွေ ပြန်လည်သိမ်းပိုက်တယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!