BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ခေါင်းဆောင် ကင်ဆာဖြစ်တယ်ဆိုပြီး...
သတင်းအတု

စစ်ခေါင်းဆောင် ကင်ဆာဖြစ်တယ်ဆိုပြီး ထပ်မံဖြန့်ဝေတဲ့ သတင်းအမှား

စစ်အာဏာသိမ်းခေါင်းဆောင် စအိုကင်ဆာဖြစ်ပြီး ကြာကြာမနေရတော့ဘူးဆိုပြီး လူမှုမီဒီယာပေါ်မှာ မကြာခန live လွှင့်လေ့ရှိတဲ့ နွေဦးဘုန်းဘုန်း ရဲ့ ပြောဆိုထားမှုဟာ အချက်အလက် ခိုင်မာမှုမရှိပဲ တကိုယ်ရည် ခံစားချက်နဲ့ ပြောဆိုနေတာသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 Sept 2023 1:59 PM IST
  • စစ်ခေါင်းဆောင် ကင်ဆာဖြစ်တယ်ဆိုပြီး ထပ်မံဖြန့်ဝေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Babt Imelda ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ လူမှုမီဒီယာပေါ်မှာ မကြာခန live လွှင့်လေ့ရှိတဲ့ နွေဦးဘုန်းဘုန်း ဆိုသူ ပြောဆိုထားတဲ့ ကြာချိန် ၁၂ မိနစ်နီးပါး ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့ အတူ ‘နွေးဦးဘုန်းဘုန်းရဲ့ တိကျတဲ့ သတင်းထး’ လို့ ရေးသား ဖြန့်ဝေထားတာပါ။

    ဗီဒီယိုဖိုင်ထဲမှာ နွေဦးဘုန်းဘုန်း ဆိုတဲ့ ဘုန်းကြီးတပါးက စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကြာရှည်မခံတော့ကြောင်း၊ နောက်ဆုံးအဆင့် ကင်ဆာဖြစ်နေကြောင်း၊ အလွန်ဆုံးခံ ၆ လသာ ခံနိုင်ကြောင်းတွေ အစပိုင်းမှာ ပြောခဲ့ပြီး စစ်တပ်ရဲ့ အားနည်း လာတယ်ဆိုတဲ့ အကြောင်းတွေကို အချက်အလက် အကိုးအကားမပါပဲ ပြောဆိုထားတာ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ပြောဆိုထားတဲ့အချက်အလက်မဲ့ ဗီဒီယိုကို လူကြည့်များရုံရည်ရွယ်ဖြန့်ဝေထားတဲ့ အကြောင်းအရာပြီဖြစ်ပြီးဗီဒီယိုထဲက အကြောင်းအရာဟာလည်း တစ်ဦးတစ်ယောက်ရဲ့ စိတ်အထင်နဲ့ပြောဆိုထားတဲ့ ဗီဒီယိုသာဖြစ်ပါတယ်။

    စစ်အာဏာသိမ်းခေါင်းဆောင် စအိုကင်ဆာဖြစ်တယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ မည်သည့် သတင်းဌာနမှာမှ ဖော်ပြဖူးခြင်းမရှိသလို မင်းအောင်လှိုင်ရဲ့ကျန်မာရေးချို့ယွင်းတဲ့အခြေအနေမျိုးတောင် သတင်းတွေပေါ်ထွက်ခဲ့ဖူးခြင်းမျိုးမရှိပါဘူး။ စစ်ကောင်ဆီ ခေါင်းဆောင် ကင်ဆာဖြစ်တယ်ဆိုပြီး လူအများထင်ကြေးပေး ပြောဆိုမှုတွေကို ပြီးခဲ့တဲ့နှစ် မတ်လအတွင်းမှာ ဖြစ်ပွား ခဲ့တာရှိပေမယ့် ဒါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာယုံကြည်စိတ်ချရတဲ့ သတင်းအရင်အမြစ်အကိုးအကာတွေတော့ ပါဝင်ခြင်းမရှိပါဘူး

    အာမငးဏာသိမ်းခေါင်းဆောင် လူမြင်ကွင်းကနေ တပတ်ကျော် ပျောက်နေတဲ့အတွက် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအမျိုးမျိုး ပြောဆို နေခဲ့ရာမှာ အချို့က ကိုဗစ်နိုင်တင်း ကူးစက်ခံရတယ်လို့ ပြောဆိုခဲ့သလို အချို့ကလည်း ခါးရိုးကင်ဆာ ခံစားနေရတယ်ဆိုပြီးလည်း ထင်ကြေးပေး ပြောဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။


    ဒီအကြောင်းအရာနဲ့ ပက်သတ်ပြီး ဧရာဝတီသတင်းဌာနမှာလည်း ဖော်ပြခဲ့ဖူး ပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် အချက်အလက် တိကျမှု မရှိပဲ စိတ်ခံစားမှုနဲ့ ရေးသားပြောဆိုနေတဲ့ လူမှုမီဒီယာပေါ်က အချို့အကြောင်းအရာတွေကို စဉ်စားပြီး ယုံကြည်ကြဖို့ လိုပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ကင်ဆာစစ်ခေါင်းဆောင် ကင်ဆာဖြစ်စစ်အာဏာသိမ်းခေါင်းဆောင်military leader has cancerFakenewsMilitary Councilခါးရိုးကင်ဆာ
    Read Full Article
    Claim :   စစ်ကောင်စီခေါင်းဆောင် ကင်ဆာဖြစ်ပြီး ကြာကြာမနေရတော့ဘူးလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!