BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်တပ်ပိုင် ဦးပိုင်...
      သတင်းအတု

      စစ်တပ်ပိုင် ဦးပိုင် ဖျက်သိမ်းခံရတယ်ဆိုတဲ့ သတင်းအမှား

      မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဖျက်သိမ်းခံရတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  19 May 2023 9:07 PM IST
    • စစ်တပ်ပိုင် ဦးပိုင် ဖျက်သိမ်းခံရတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Car 50 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အပြင် အခြား ပေချ့်အတုတွေက မေလ 16 ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ဦးပိုင် ဖျက်သိမ်းခံရပြီ။ မင်းအောင်လှိုင် ဇာတ်သိမ်းပြီ’ လို့ ရေးသားဖြန့်ဝေနေတာပါ။ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အခုဖြန့်ဝေထားတဲ့ ဗွီဒီယိုဟာ RFA သတင်းဌာနမှာ မေလ ၁၅ ရက်နေ့ ညနေပိုင်းက ဖော်ပြထားတဲ့ 'Adani Ports ကုမ္ပဏီ ပြန်ထွက်တာ ပိတ်ဆို့ဒဏ်ခတ်မှုရဲ့ ရလဒ်ဖြစ်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

      သတင်းထဲမှာ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ငါးနှစ်ကြာ လက်တွဲလုပ်ကိုင်ခဲ့တဲ့ အိန္ဒိယကုမ္ပဏီ Adani Ports ဟာ မြန်မာနိုင်ငံကသူ့ရဲ့ လုပ်ငန်းတွေကို အမေရိကန်ဒေါ်လာသန်း ၉၀ ကျော် အရှုံးခံရောင်းချမယ့်အကြောင်းနဲ့ မြန်မာနိုင်ငံကနေ ကုမ္ပဏီကြီးတွေ ပြန်ထွက်တဲ့ အကြောင်းတွေကို ရေးသားဖော်ပြထားတာပါ။

      ဒီသတင်းထဲမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီ ဖျက်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ အခြား သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

      Tags

      military holding companyဦးပိုင်ဖျက်သိမ်းမြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)InvestmentCompany liquidatedFakenews
      Read Full Article
      Claim :   မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဖျက်သိမ်းခံရတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!