BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မိုင်းဖုန်းဆရာတော်ကို...
သတင်းအတု

မိုင်းဖုန်းဆရာတော်ကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအတု

ပြီးခဲ့ရက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ မိုင်းဖုန်းဆရာတော်တို့ လမ်းခုလတ်တနေရာမှာတွေ့ဆုံတဲ့ ဗီဒီယိုဖိုင်ပျံံ့နှံ့ပြီးတဲ့နောက် စစ်ကောင်စီက မိုင်းဖုန်းဆရာတော်ကို ပုဒ်မ ၅၀၅ အမှုနဲ့ တရားစွဲ ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအတုသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 April 2023 8:35 AM IST
  • မိုင်းဖုန်းဆရာတော်ကို ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းအတု

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mama News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ဖြန့်ဝေရာမှာ ကြာချိန် ၁၂ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မိုင်းဖုန်းဆရာတော်ကို ဖမ်းဝရမ်းထုတ်လိုက်ပြန်တဲ့ စစ်ကောင်စီ။ PDF တွေနဲ့ တွေ့ဆုံလိုက်တဲ့ မိုင်းဖုန်းဆရာတော်ကို (၅၀၅) အမှုနဲ့ တရားစွဲ။ ဝရမ်းထုတ်’ လို့ ရေးသာထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    နယ်လှည့်သာသနာပြုခရီးအဖြစ် ကြွနေတဲ့ မိုင်းဖုန်းဆရာတော်ဟာ မိုင်းလုံမြို့သို့သွားတဲ့လမ်းမှာ မန္တလေး PDF တွေနဲ့ တွေ့ဆုံပြီး ဆုတောင်းမေတ္တာပို့ကာ ဩဝါဒ ချီးမြှင့်ခဲ့တယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF ) က ဧပြီလ(၂၂)ရက်နေ့မှာ ဗီဒီယိုမှတ်တမ်းနဲ့အတူ သတင်းထုတ်ပြန်ထားပေမယ့် မိုင်းဖုန်းဆရာတော်ကို (၅၀၅) အမှုနဲ့ တရားစွဲ၊ ဝရမ်းထုတ်တယ်ဆိုတဲ့ သတင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြမထားသလို စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်တဲ့ ဝက်ဆိုက်တွေ ချန်နယ်တွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

    ဒါ့အပြင် ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ထဲမှာလည်း မိုင်းဖုန်းဆရာတော်ကို (၅၀၅) အမှုနဲ့ တရားစွဲခံရတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပါဘူး။ ဒီဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။တကယ်တော့ မိုင်ဖုန်းဆရာတော်ဟာလည်း စစ်ကောင်စီကိုးကွယ်တဲ့ ဆရာတော်တွေထဲက တစ်ပါးအပါအဝင်ဖြစ်သလို ဆရာတော်ရဲ့ PDF တွေနဲ့တွေ့ဆုံတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က မှတ်ချက်တစုံတရာပြုထားတာမျိုးတောင်မရှိပါဘူး

    သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    မိုင်းဖုန်းဆရာတော်ဖမ်းဝရမ်းထုတ်Maing Hpone SayadawSection 505 (A)Fakenewsmilitary council
    Read Full Article
    Claim :   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ တွေဆုံခဲ့တဲ့အတွက် မိုင်းဖုန်းဆရာတော်ကို စစ်ကောင်စီက ၅၀၅ အမှုနဲ့ တရားစွဲ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!