BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဗဟိုဘဏ်ဥက္ကဌကို...
      သတင်းအတု

      ဗဟိုဘဏ်ဥက္ကဌကို စစ်တပ်ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

      ဗဟိုဘဏ်ဥက္ကဌကို စစ်တပ်ဖမ်းဆီးပြီး ဘဏ်ကို ဒေဝါလီခံလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  30 Jun 2024 8:46 AM IST
    • ဗဟိုဘဏ်ဥက္ကဌကို စစ်တပ်ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့Mandalay Khit Thit Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဗဟိုဘဏ်ဥက္ကဌ စစ်တပ်ဖမ်းဆီး။ ဘဏ်အပ်ငွေ (၅) ဘီလျံ စစ်သားတွေ ခိုးထုတ်နေပြီ။ ဒေဝါလီ ခံလိုက်ပြီ' လို့ ရေးသားထားတာပါ။

      ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၁၂ နာရီအတွင်း ဝင်ရောက်ကြည့်ရှူ့သူ ခုနှစ်သောင်းကျော် ရှိနေပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဗဟိုဘဏ်ဥက္ကဌကို စစ်တပ်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring သတင်းဌာနမှာ ဇွန်လ ၂၈ ရက်နေ့က ဖြန့်ဝေထားတဲ့ 'စစ်ကောင်စီလက်နက်ခဲယမ်းဝယ်ယူမှုများတွင်ငွေကြေးလွှဲပြောင်းပေးခြင်းမရှိဟု စစ်ကောင်စီထိန်းချုပ်ထား​သောဘဏ်များကငြင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောထားတာသာ ဖြစ်ပါတယ်။

      People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      လက်ရှိ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ၂၀၂၂ ခုနှစ် ဧပြီလက သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါသေးတယ်။ ဒါ့အပြင် ဒေါ်သန်းသန်းဆွေ အပါအဝင် ၄၄ ဦးကို အကြမ်းဖက်သမားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကြေညာထားပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      ဗဟိုဘဏ်ဥက္ကဌ ဖမ်းဆီးခံရဒေဝါလီခံchairman was arrestedဘဏ်အပ်ငွေFakenewsMilitary Coup
      Read Full Article
      Claim :   ဗဟိုဘဏ်ဥက္ကဌကို စစ်တပ်ဖမ်းဆီးတယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!