BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မကွေးလေတပ် သိမ်းပိုက်ခံရတယ်ဆိုတဲ့...
သတင်းအတု

မကွေးလေတပ် သိမ်းပိုက်ခံရတယ်ဆိုတဲ့ သတင်းအမှား

မကွေးလေတပ်စခန်း သိမ်းပိုက်ခံရပြီး စစ်ကောင်စီအရာရှိအကုန် အဖမ်းခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  18 Nov 2022 3:56 PM IST
  • မကွေးလေတပ် သိမ်းပိုက်ခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းအမှားကို Ly La ဆိုတဲ့ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'မကွေးလေတပ်စခန်းကြီး သိမ်းပိုက်လိုက်ပြီ။ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ အကုန်အဖမ်းခံရ' လို့ ရေးသားဖြန့်ဝေထားတာပါ။

    နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်ခံရတဲ့ မကွေးလေတပ်စခန်း ဖြစ်စဉ်ပြီးနောက် ဒီလိုသတင်းတွေ လုပ်ကြံရေးသားလာတာပါ။

    အချို့ဖြန့်ဝေမှုတွေမှာတော့ 'မကွေးလေတပ် ဗုံး ၂၀ ကျော် ပေါက်ကွဲ။ ဂျက်ဖိုက်တာ ၃ စီး မီးလောင်ပျက်စီး။ လေတပ်ကာချုပ် သေဆုံး' လို့ ရေးသားဖြန့်ဝေနေတာလည်း ရှိပါတယ်။


    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက မကွေးလေတပ်စခန်းဌာနချုပ်ကို KNU နဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့ငါးဖွဲ့ ပူးပေါင်းပြီး ၁၀၇ ရှော့တိုက်ဒုံးသုံးလုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ ဖြန့်ဝေမှုမှာ ရေးသားထားသလို ဗုံး ၂၀ ကျော် ပေါက်ကွဲတာ မဟုတ်ပါဘူး။

    ဒီတိုက်ခိုက်မှုကြောင့် ဂျက်တိုက်လေယာဉ်သုံးစီး၊ တိုက်လေယာဉ်နှစ်စီး ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားရှစ်ဦးလောက် သေဆုံးသွားတယ်လို့ မြေလတ်ရွှေလင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Golden Eagle Myaylatt က သတင်းထုတ်ပြန်ထားပါတယ်။

    ဖြန့်ဝေမှုတွေမှာ ရေးသားနေသလို လေတပ်စခန်း သိမ်းပိုက်တာမဟုတ်သလို လေတပ်ကာချုပ်သေဆုံးတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ခုဖြန့်ဝေနေတာတွေဟာ လူအများစိတ်ဝင်စားနေချိန်မှာ အချိန်ကိုက် လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    မကွေးလေတပ်စခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယုံကြည်ရတဲ့ သတင်းဌာနတွေမှာ ရေးသားထားကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

    Tags

    Magwe Air ForceAir Force occupiedလေတပ် သိမ်းပိုက်ခံရမကွေးလေတပ်Military CoupPDF အဖွဲ့Fakenews
    Read Full Article
    Claim :   မကွေးလေတပ်စခန်း သိမ်းပိုက်ခံရပြီး စစ်ကောင်စီအရာရှိအကုန် အဖမ်းခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!