BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကရင်နယ်ခြားစောင့်တပ် BGF...
သတင်းအတု

ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ကို ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခန့်အပ်တယ်ဆိုတဲ့ သတင်းအမှား

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူကို ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) ရာထူးတိုးမြှင့် ခန့်အပ်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  25 Jan 2024 8:48 PM IST
  • ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ကို ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခန့်အပ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာတွေကို စစ်တပ်ထောက်ခံသူတွေကြားမှာ ဇန်နဝါရီ ၂၃ ရက်နေ့ နေ့လည်ပိုင်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ နယ်ခြားစောင့်တပ် BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူရဲ့ ဓာတ်ပုံနဲ့အတူ

    ‘ဒေသဆိုင်ရာစစ်ဆင်ရေးကွပ်ကဲရေးမှူး(ဒစက-BGF)အဖြစ် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့များ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူကို ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့် ခန့်အပ်။ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့များ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူအား ဒေသဆိုင်ရာစစ်ဆင်ရေးကွပ်ကဲရေးမှုး(ဒစက-BGF) ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့်ပေးလိုက်ကြောင်း သိရသည်’ လို့ ဖြန့်ဝေထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဗိုလ်မှူးကြီး စောချစ်သူကို ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့် ခန့်အပ်တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေဘက်က ဝါဒဖြန့် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    RFA သတင်းဌာနမှာ ဇန်နဝါရီ ၂၄ ရက်‌ ညပိုင်းက ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနဲ့ အင်တာဗျူးကို ဖော်ပြထားပါတယ်။

    ဒီအင်တာဗျူးထဲမှာ စစ်ကောင်စီက ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) ရာထူးတိုး ပေးတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းနဲ့ ပက်သတ်ပြီး RFA ရဲ့ မေးမြန်းထားမှုကို ဗိုလ်မှူးကြီး စောချစ်သူက မဟုတ်မှန်ကြောင်းနဲ့ သူဘာမှ မသိရကြောင်း ပြန်လည် ဖြေကြားထားပါတယ်။


    အင်တာဗျူးထဲမှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF အနေနဲ့ စစ်ကောင်စီကနေ လစာနဲ့ ရိက္ခာမယူတော့ဘဲ သီးခြား ရပ်တည်ဖို့ ကြိုးပမ်းနေကြောင်း၊ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ကရင်ပြည်နယ် ဘားအံမြို့မှာ ဆွေးနွေးခဲ့ကြောင်း၊ စစ်ကောင်စီက ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) ရာထူးတိုး ပေးတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း၊ သီးခြား ရပ်တည်ရခြင်း အကြောင်းနဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းမယ့် အကြောင်းတွေ ပြောကြားထားပါတယ်။

    RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ အင်တာဗျူး အပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့ကြောင့် ဗိုလ်မှူးကြီး စောချစ်သူကို ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့် ခန့်အပ်တယ်ဆိုပြီး ဖြန့်ဝေနေတာတွေဟာ စစ်တပ်ထောက်ခံသူတွေ ဘက်က ဝါဒဖြန့် လုပ်ကြံရေးသားနေကြတာ ဖြစ်ပါတယ်။

    Tags

    နယ်ခြားစောင့်တပ်စစ်ဆင်ရေးကွပ်ကဲရေးမှူးရာထူးသီးခြားရပ်တည်ဗိုလ်မှူးချုပ်ရာထူးMilitary coupKaren Border Guard BGFFakenews
    Read Full Article
    Claim :   ဗိုလ်မှူးကြီး စောချစ်သူကို ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူး (ဒ.စ.က မှူး) ရာထူးတိုးမြှင့် ခန့်အပ်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!