BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာ့အရေး ဗြိတိန်ဘုရင်...
သတင်းအတု

မြန်မာ့အရေး ဗြိတိန်ဘုရင် အရေးယူပြီဆိုတဲ့ သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိလွှတ်ပေးဖို့အပါအဝင် မြန်မာ့အရေးကို ဗြိတိန်ဘုရင် အရေးယူပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  15 May 2023 10:50 AM IST
  • မြန်မာ့အရေး ဗြိတိန်ဘုရင် အရေးယူပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Breaking News Page ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်အပြင် အခြား ပေချ့်အတုတွေက မေလ ၈ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ဘလော့ဝက်ဆိုက်တစ်ခုရဲ့ လင့်ကို ရှယ်ပြီး ဖြန့်ဝေနေတာတွေ ရှိသလို အချို့ဖြန့်ဝေမှုတွေမှာတော့ ဗွီဒီယိုဖိုင်တစ်ခုနဲ့ တွဲဖက်ကာ ‘မြန်မာ့အရေး ဗြိတိန်ဘုရင် အရေးယူပြီ။ ဒေါ်စုကို ချွင်းချက်မရှိ လွှတ်ဖို့ နောက်ဆုံး ရာဇသံပေးပြီ။ မြန်မာ့အရေးထူးပြီ။ ဗြိတိန်ဘုရင် စစ်ကောင်စီကို ရာဇသံပေး’ လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုနဲ့ ဘလော့လင့်တွေထဲဟာ Mizzima သတင်းဌာနမှာ မေလ ၈ ရက်နေ့ နေ့လည်ပိုင်းက ဖော်ပြထားတဲ့ 'မြန်မာ့အရေး ဗြိတိန်ဘုရင် ချားလ်စ်နှင့် တွေ့ဆုံစဉ် ရှောင်တာနယ် တင်ပြ' ဆိုတဲ့ သတင်းအပါအဝင် အခြားသတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

    မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတဲ့ မစ္စတာရှောင်တာနယ်ဟာ ဗြိတိန်ဘုရင် ချားလ်စ်မင်းသားနဲ့ တွေ့ဆုံစဉ် မြန်မာ့အရေးကို တင်ပြပြောကြားခဲ့တာလို့ သူရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့တာပါ။

    သတင်းထဲမှာ ချားလ်စ်ဘုရင်အနေနဲ့ မြန်မာနိုင်ငံအပါအဝင် အခြားသော နိုင်ငံများက ယူကေရဲ့ လုပ်ဆောင်မှုတွေကို ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပြီး ငြိမ်းချမ်းရေး ၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ မြှင့်တင်ဘို့ ကူညီပေးသွားမှာဖြစ်တဲ့အကြောင်း ဗြိတိန်သံရုံးက ထုတ်ပြန်ထားတယ်လို့ ရေးသားဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Burmese issueMyanmar affairsthe King of Britainဗြိတိန်ဘုရင်မြန်မာ့အရေးFakenewsMilitary Coup
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိလွှတ်ပေးဖို့အပါအဝင် မြန်မာ့အရေးကို ဗြိတိန်ဘုရင် အရေးယူပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!