BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကော်သူးလေတပ်မတော် BGF စခန်းကို...
သတင်းအတု

ကော်သူးလေတပ်မတော် BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့ သတင်းအမှား

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော်က မြဝတီမြို့ BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 July 2022 10:15 PM IST
  • ကော်သူးလေတပ်မတော် BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို ဇူလိုင်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းက စတင်ပြီး သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေလေ့ရှိတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဖြန့်ဝေနေတာ ဖြစ်ပြီး အချို့ဖြန့်ဝေမှုတွေမှာ ကြည့်ရှု့သူ သောင်းကျော်ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ "ကော်သူးလေတပ်မတော် BGF စခန်းကိုတတ်သိမ်းလိုက်ပြီဗျို့။ ဗိုလ်စောချစ်သူ လောက်ကောင်သေပြီ။ မြဝတီမြို့ BGF စခန်းကို ကော်သူးလေတပ်မတော် သိမ်းပြီ။ လောက်ကောင် (၇၀) ကျော် သေဆုံး" လို့ ရေးသားထားတဲ့ ကာဗာပုံနဲ့အတူ ၁၆ မိနစ်နီးပါး ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့တဲ့ မြဝတီမြို့အနီးက BGF စခန်းကို KNLA နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတာသာဖြစ်ပါတယ်။

    ဗွီဒီယိုဖိုင်ရဲ့ ကာဗာပုံမှာရေးသားထားသလို ကော်သူးလေတပ်မတော်က သိမ်းပိုက်ခဲ့တာ မဟုတ်သလို အယောက် (၇၀) ကျော် သေဆုံးတယ်ဆိုတာလည်း လုပ်ကြံရေးသားထားတာသာ ဖြစ်ပါတယ်။

    မူရင်းသတင်းမှာ မြဝတီမြို့နဲ့ ၂ မိုင်လောက်အကွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ BGF စခန်းကို KNLA နဲ့ PDF ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်စီးနိုင်ခဲ့ကြောင်း၊ စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ BGF တပ်သား ၇ ဦးရှိနေပြီး ၄ ဦးကိုအရှင်ဖမ်းမိကာ ၂ ဦးကတော့ သေဆုံးပြီး ၁ ဦးကတော့ ထွက်ပြေးသွားကြောင်း ရေးသားထားပါတယ်။

    ဒီသတင်းကို Ayeyarwaddy Times သတင်းဌာနမှာ ဇူလိုင်လ ၂၄ ရက်နေ့မှာ ဖော်ပြထားပါတယ်။။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့ဟာ ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် ဖွဲ့စည်းလိုက်တဲ့အပေါ် အသိအမှတ်မပြုကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

    Tags

    BGF campBGF စခန်းသိမ်းပိုက်ခံရPDFကော်သူးလေတပ်မတော်misinfomationFakenewsMilitary CoupThai-Myanmar Border
    Read Full Article
    Claim :   ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော်က မြဝတီမြို့ BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!