BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • နိုင်ငံတကာက NUG နဲ့ မဖြစ်မနေ...
      သတင်းအတု

      နိုင်ငံတကာက NUG နဲ့ မဖြစ်မနေ အလုပ်တွဲ လုပ်ရတော့မယ်ဆိုတဲ့ သတင်းအမှား

      နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ NUG နဲ့ မဖြစ်မနေ အလုပ်တွဲ လုပ်ရတော့မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  20 March 2023 3:26 PM IST
    • နိုင်ငံတကာက NUG နဲ့ မဖြစ်မနေ အလုပ်တွဲ လုပ်ရတော့မယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ The Mercerneries ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၁၇ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘နိုင်ငံတကာက NUG နဲ့ မဖြစ်မနေ အလုပ်တွဲ လုပ်ရတော့မယ်’ လို့ ရေးသားဖြန့်ဝေထားတာပါ။ ဒါ့အပြင် ဗွီဒီယိုကာဗာပေါ်မှာ ‘တရားဝင်နှုတ်ထွက်ကြောင်း ကြေညာ။ တစ်စစီပြိုကွဲသွားတဲ့ PDF တပ်ဖွဲ့သတင်း’ လို့ ရေးသားထားပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘နိုင်ငံတကာက NUG နဲ့ မဖြစ်မနေ အလုပ်တွဲ လုပ်ရတော့မယ်’ ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

      ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ Myanmar Now သတင်းဌာနမှာ မတ်လ ၁၆ ရက်နေ့က ဖော်ပြထားတဲ့ ‘ခေါင်းဆောင်မှု မကြိုက်ဟု ဆိုကာ အင်းတော် PDF တပ်ဖွဲ့ဝင်တချို့ လက်နက်စွန့်’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားခြင်းသာ ဖြစ်ပါတယ်။


      Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      အင်းတော် pdfလက်နက်စွန့်work with NUGအမျိုးသားညီညွတ်ရေးအစိုးရအင်းတော် ပဖအClick baitsFalenews
      Read Full Article
      Claim :   နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ NUG နဲ့ မဖြစ်မနေ အလုပ်တွဲ လုပ်ရတော့မယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!