BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အချက်အလက်အမှားတွေပါတဲ့...
သတင်းအတု

အချက်အလက်အမှားတွေပါတဲ့ ကျီးနဲ့လင်းယုန်ဇာတ်လမ်း ပုံပြင်

လင်းယုန်ငှက်ကျောပေါ်က ကျီးတစ်ကောင်ရဲ့ ပုံနဲ့အတူ စိတ်ခွန်အားမြှင့်တင်တဲ့ စာတွေ ရေးသားထားတဲ့ အချက်အလက်မှားတွေနဲ့ ပုံပြင်လို၊ ဇာတ်လမ်းလို အကြောင်းအရာတွေကို ထပ်မံဖြန့်ဝေနေတာတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  27 April 2024 8:52 AM IST
  • အချက်အလက်အမှားတွေပါတဲ့ ကျီးနဲ့လင်းယုန်ဇာတ်လမ်း ပုံပြင်

    ဒီအကြောင်းအရာကို ပြီးခဲ့တဲ့ သုံးနှစ်ခန့်ကတည်းက လူမှုကွန်ရက်တွေပေါ်မှာ အများအပြားဖြန့်ဝေခဲ့တာဖြစ်ပြီး ခုတစ်ကြိမ် ဧပြီလ အတွင်းမှာ ထပ်မံပြီး အများအပြား ဖြန့်ဝေလာတာပါ။

    ဖြန့်ဝေရာမှာ လင်းယုန်ငှက်ကျောပေါ်မှာ လိုက်ပါပျံသန်းနေတဲ့ကျီးတစ်ကောင်ရဲ့ ပုံကို အသုံးပြုကာ ‘ကျီးကန်းနဲ့ ရန်မဖြစ်နဲ့။ အမြင့်ကိုသာ ဆက်တက်ပါ။ သိန်းငှက်ပေါ်ကို တက်ပြီး ကိုက်ရဲတာ ကျီးကန်းဘဲ ရှိတယ်။ အဲဒီလို ဖြစ်လာရင် သိန်းငှက်ဟာ သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး ကျီးကန်းကို ပြန်မတိုက်ခိုက်ဘူးတဲ့။ အတောင်ပံကို ဖြန့်ပြီး အမြင့်သထက် မြင့်အောင် အပေါ်ကို ရောက်အောင် ထပ်ပျံတယ်။ အမြင့် ရောက်သွားတဲ့အခါ အောက်စီဂျင် နည်းသွားတဲ့ ကျီးကန်းဟာ သူ့ဟာသူ ပြုတ်ကျ သွားတယ်လို့ ဆိုတယ်။ သိန်းငှက်ဆီက သင်ခန်းစာ ယူပါ။ ကျီးကန်နဲ့ ရန်မဖြစ်ပါနဲ့။ အမြင့်ကိုသာ ဆက်တက်ပါ။ ကိုယ့်ကို လာ တိုက်ခိုက်သူတွေကို ပြန် မတိုက်ခိုက်ပါနဲ့ အမြင့်ဆုံးသာ တက်လှမ်းပါ သူ့ဟာသူ ပြုတ်ကျ ကျန်လိမ့်မယ်။ သတိပြုရမှာက ကိုယ်တိုင်က သိန်းငှက်လိုမျိုး အမြင့်ပျံနိုင်တဲ့ အရည်အချင်းရှိအောင် ဖြည့်ဖို့လိုပါတယ်’ စတဲ့ စာသားတွေ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အချို့ဖြန့်ဝေမှုတွေမှာတော့ ပိုစ့်ပိုင်ရှင်တွေက သူတို့ပုံတွေနဲ့ ရောပြီး စိတ်ခွန်အားစာပေပုံစံ ဖြန့်ဝေနေတာတွေလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာထဲမှာ လင်းယုန်ငှက်ကျောပေါ်မှာ နားနေတဲ့ ကျီးတစ်ကောင်ရဲ့ ပုံနဲ့အတူ ကျီးကန်းတွေက သိန်းငှက်ကို တိုက်ခိုက် ကြောင်းနုဲ့ သိန်းငှက်က တုံ့ပြန်ပုံတို့ကိုရေးသားထားတာဖြစ်ပါတယ်။

    တကယ်တော့ ဒီအကြောင်းအရာဟာ နိုင်ငံတကာ လူမှုကွန်ရက် တွေမှာ အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားထားတဲ့ ပို့စ်တချို့ကို အခြေခံထားတာဖြစ်သလို မူရင်း ပို့စ်တွေဟာလည်း မှားယွင်းရေးသား ထားတာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ ဖြန့်ဝေထားတဲ့ ပိုစ့်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဖြန့်ဝေထားတဲ့ပုံကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားအခြေစိုက် ဓာတ်ပုံဆရာ Phoo Chan က 2014 ခုနှစ် မေလ အတွင်းမှာ ရိုက်ယူထားတာ ဖြစ်ပါတယ်။ ဒီဓါတ်ပုံနဲ့ ပတ်သတ်ပြီး Phoo Chan က ရှင်းပြရာမှာ သူ့ရဲ့ အတွေ့အကြုံအရ ကျီးတွေဟာ သူတို့နယ်မြေကို ကျူးကျော်လာသူတွေကို ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ပေမယ့် အခုပုံထဲက ကျီးကတော့ လင်းယုန်နား ဒီလောက် နီးနီးကပ်ကပ် ရောက်နေတာတောင် တိုက်ခိုက်လိုတဲ့ပုံ မပေါ်ကြောင်းနဲ့ လင်းယုန်ကလည်း သူ့နားကပ်လာတဲ့ ကျီးကို စိတ်ထဲရှိပုံတောင် မပေါ်ဘူးလို့ ရေးသားထားပါတယ်။


    ဓာတ်ပုံ Phoo Chan ရဲ့ ဘလော့စာမျက်နှာမှာ ရှင်းလင်းထားတာကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီဓါတ်ပုံအကြောင်းကို နိုင်ငံတကာက သတင်းဌာနတွေမှာလည်း ဖော်ပြခဲ့တာ ဖြစ်ပြီး CBSN သတင်းဌာနရဲ့ ဖော်ပြမှုမှာ လင်းယုန်ငှက်နဲ့ ကျီးဟာ စက္ကန့်အတော်ကြာ အတူပျံသန်းခဲ့ပြီး တနေရာဆီကို ပျံသန်းထွက်ခွါသွားတယ်လို့ ဖော်ပြထားပါတယ်။ ခုဖြန့်ဝေနေသလို ကျီးကန်းဟာ လင်းယုန်ကို တိုက်ခိုက်ပြီး အမြင့်ရောက်တဲ့အချိန် အောက်ဆီဂျင် ပြတ်ပြီး ပြုတ်ကျ သွားတယ်ဆိုတဲ့ အချက်အလက်မျိုးတော့ မပါဝင်ပါဘူး။ CBSN သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    လင်းယုန်ကို ကျီးကန်းတွေကပဲ တိုက်ခိုက်ရဲတာလားဆိုတဲ့ Lead Stories ဆိုတဲ့ သတင်းဌာရဲ့ မေးခွန်းကို ငှက်မျိုးစိတ်နဲ့ ယင်းတို့ နေထိုင်ကျက်စားရာ နေရာထိမ်းသိမ်းရေးအတွက် ရည်ရွယ်တည်ထောင်ထားတဲ့ The Audubon Society ရဲ့ ပြောရေးဆိုခွင့်ရှိသူက အောက်ပါအတိုင်း ပြန်လည်ဖြေကြားထားပါတယ်။


    ငှက်မျိုးစိတ်ကျွမ်းကျင်သူက "လင်းယုန်ကို တိုက်ခိုက်ရဲတဲ့ တစ်ကောင်တည်းသော ငှက်ဟာ ကျီးကန်းပဲ ဖြစ်တယ်ဆိုတာ မဟုတ်ကြောင်း၊ တခြားငှက်တွေလည်း ပြန်လည်တိုက်ခိုက်တတ်ကြောင်း၊ လင်းယုန်ငှက်တွေဟာ ငှက်ငယ်တွေရဲ့ အုပ်လိုက် ဝိုင်းဝန်းတိုက်ခိုက်မှုက ကာကွယ်ဖို့ မြင့်မြင့် ပျံသန်းတတ်ပေမယ့် ဒါဟာ အောက်ဆီဂျင် ပြတ်တောက်ဘို့ ရည်ရွယ်တာ မဟုတ်ကြောင်း" ကို ပြန်လည်ဖြေရှင်းထားပါတယ်။

    Lead Stories သတင်းဌာနရဲ့ သတင်းဆန်းစစ်ချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Falsenewsသိန်းငှက်ကျီးကန်းMotivationbald eaglethe crowလင်းယုန်ငှက်a crow riding an eagleသိန်းငှက်သင်ခန်းစာ
    Read Full Article
    Claim :   လင်းယုန်ကို တိုက်ခိုက်ရဲတဲ့ တစ်ကောင်တည်းသော ငှက်ဟာ ကျီးကန်းလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!