BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း...
သတင်းအတု

ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း စီးလာတဲ့ ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအမှား

အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း စီးလာတဲ့ ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 March 2024 8:34 PM IST
  • ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း စီးလာတဲ့ ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ် ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စိုးဝင်းစီးလာတဲ့ ရဟတ်ယာဉ် ပစ်ချခံရ။ အထူးရဟတ်ယာဉ်ဖြင့် နယ်လှည့်လာစဉ် ပစ်ချခံရ။ နေပြည်တော်မှ တိုက်လေယာဉ်များ ထွက်လာပြီ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ ငါးသောင်းနီးပါး ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း စီးလာတဲ့ ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ အခြားသတင်းဌာနရဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာထဲမှာ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း စီးလာတဲ့ ရဟတ်ယာဉ် ပစ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာမပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    ဒါ့အပြင် နေပြည်တော်မှာ ဒီနေ့ (မတ်လ ၂၉ ရက်) ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၂/၂၀၂၄) ကို အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မြဝတီသတင်းဌာနမှာ ထုတ်ပြန်ထားပါသေးတယ်။

    မြဝတီ သတင်းမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    military leaderhelicopter shot downရဟတ်ယာဉ်ပစ်ချခံရလုပ်ကြံခံရFakenewsClickbaits
    Read Full Article
    Claim :   ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း စီးလာတဲ့ ရဟတ်ယာဉ် ပစ်ချခံရတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!