BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • EU က စစ်ရေးထုတ်ပြန်တယ်ဆိုတဲ့...
သတင်းအတု

EU က စစ်ရေးထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

အီးယူ ဥရောပသမဂ္ဂ (EU) နဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO က မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ စစ်ရေးဆိုင်ရာကြေငြာချက်ထုတ်ပြန်သယောင် ရေးသားဖြန့်ဝေတဲ့အကြောင်းအရာတစ်ခု ဒီရက်ထဲထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar |
Published -  31 May 2023 7:45 AM IST
  • EU က စစ်ရေးထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Video besse ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၂၅ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ကူးယူဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၇ မိနစ် ကျော်ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘EU စစ်ရေးထုတ်ပြန်ပြီ’ လို့ ရေးသားထားပါတယ်။ သတင်းအမှား ဖြန့်ဝေလေ့ရှိတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာတော့ 'NATO စစ်ရေးထုတ်ပြန်ပြီ' လို့ ရေးသားဖြန့်ဝေနေတာလည်း ရှိပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ လူထုနွေဦး သတင်းဝက်ဆိုက်မှာ ဖော်ပြထားတဲ့ 'အာဏာသိမ်း​ခေါင်း​ဆောင်အပါအဝင် လူပုဂ္ဂိုလ် ၁၁၆ ဦးနှင့် အဖွဲ့အစည်း ၁၈ ခုကို အရေးယူပိတ်ဆို့မှုတွင် ဥရောပ ၁၀ နိုင်ငံ ထပ်တိုးလာ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် စစ်ကောင်စီအဖွဲ့ဝင် စုစုပေါင်း ၂၄ ဦးနဲ့ အဖွဲ့အစည်း တစ်ခု တို့ကို ဥရောပကောင်စီ၏အရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့ကြောင်း၊ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် လူပုဂ္ဂိုလ် ၁၁၆ ဦးနဲ့ အဖွဲ့အစည်း ၁၈ ခုကို အရေးယူပိတ်ဆို့ထားတဲ့ ဥရောပသမဂ္ဂ(EU) ရဲ့ ဆုံးဖြတ်ချက်ကို ဥရောပရှိ နိုင်ငံ ၁၀ နိုင်ငံမှာ ထပ်တူ အရေးယူပိတ်ဆို့မှာဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

    လူထုနွေဦး သတင်းဝက်ဆိုက်မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။သတင်းထဲမှာ EU နဲ့ NATO တို့ရဲ့ စစ်ရေးထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေဟာ နိုင်ငံရေး၊ စီးပွားရေး သတင်းတွေသာမက လူမျိုးရေးနဲ့ ဘာသာရေးလို သတင်းတွေကိုတောင် တမင်လိမ်ညာ အသုံးချပြီး ဖြန့်ဝေလာတာ တွေ့ရပါတယ်။ သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

    Tags

    EUစစ်ရေးထုတ်ပြန်NATOmilitary actionအရေးယူပိတ်ဆို့Clickbaits
    Read Full Article
    Claim :   အီးယူ ဥရောပသမဂ္ဂ (EU) နဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO က စစ်ရေးထုတ်ပြန်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!