BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီက ပြုလုပ်မယ့် ...
သတင်းအတု

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲ ဖျက်သိမ်းပြီဆိုတဲ့ သတင်းအမှား

စစ်ကောင်စီက ကျင်းပပြုလုပ်ပေးမယ့် ရွေးကောက်ပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတွေဟာ သတင်းအမှားတွေသာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  28 Jan 2023 11:28 AM IST
  • စစ်ကောင်စီက ပြုလုပ်မယ့်  ရွေးကောက်ပွဲ ဖျက်သိမ်းပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Krovan Kamsan ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၂၀ ရက်နေ့က စတင်ပြီး အကြိမ်ကြိမ် ဖြန့်ဝေခဲ့တာပါ။ ဒီအကြောင်းအရာကို အခြားသတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာလည်း အများအပြား ကူးယူဖြန့်‌ဝေနေတာ ရှိပါတယ်။

    ဖြန့်ဝေရာမှာ ဗွီဒီယိုဖိုင်အချို့ကို အသုံးပြုပြီး ‘စစ်ကောင်စီရွေးကောက်ပွဲ ဖျက်သိမ်းခံရ။ NDAA အတိုင်း ကြမ်းပြပြီ’ လို့ ရေးသား ဖြန့်ဝေမှုတွေ ရှိသလို အချို့ဖြန့်ဝေမှုတွေမှာတော့ ‘စကစရဲ့ ရွေးကောက်ပွဲ မလုပ်ရတော့ဘူး။ အကုန်ဖျက်သိမ်းပြီ’ လို့ ရေးသားဖြန့်ဝေ နေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ စစ်ကောင်စီက ကျင်းပပြုလုပ်ပေးမယ့် ရွေးကောက်ပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းကို အခြားပြည်တွင်း ပြည်ပသတင်းဌာနတွေမှာလည်း ဖော်ပြထားတာမရှိသလို စစ်ကောင်စီရဲ့ မီဒီယာတွေကလည်း ထုတ်ပြန်မထားပါဘူး။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်တွေထဲမှာ ' ရွေးကောက်ပွဲ ဖျက်သိမ်းတယ်' ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပဲ ဥပဒေအထောက်အကူပြု ကွန်ရက် တည်ထောင်သူ ဦးအောင်ထူးကို Burma News Network က အင်တာဗျူး အမေးအဖြေပြုလုပ်ထားတဲ့ ရုပ်သံဖိုင်ကို ပြန်လည်ပြုပြင်ပြီး တင်ထားတာသာ ဖြစ်ပါတယ်။

    Burma News Network မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    စစ်တပ်က တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့နဲ့ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တဲ့ ဥပဒေကို ပြင်ဆင်နိုင်ဘို့ ညွှန်ကြားထားတဲ့အကြောင်း စစ်ခေါင်းဆောင်က ၇၅ နှစ် မြောက်စိန်ရတု လွတ်လပ်ရေးနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့သလို စစ်ကောင်စီပိုင် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

    ရွေးကောက်ပွဲကို အချိုးကျ ကိုယ်စားပြု ပီအာစနစ်နဲ့ ပြုလုပ်သွားဖို့ စီစဉ်နေကြောင်းနဲ့ ရွေးကောက်ပွဲ ကျင်းပရေးအတွက် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ အခြေခံဥပဒေနဲ့ အညီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပမှာဖြစ်ပြီးတော့ အနိုင်ရတဲ့ပါတီကို အာဏာလွှဲသွားမယ်လို့ ပြောဆိုထားပါတယ်။

    ဒါပေမယ့် စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး အနိုင်ရပါတီကို အာဏာမလွှဲဘဲ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

    Tags

    ရွေးကောက်ပွဲပီအာစနစ်ElectionMilitary CoupFalenews
    Read Full Article
    Claim :   စစ်ကောင်စီက ကျင်းပပြုလုပ်ပေးမယ့် ရွေးကောက်ပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!