BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်နဂါးရဲ့ညီ ဖမ်းဆီးခံရတယ်ဆိုတဲ့...
သတင်းအတု

ဗိုလ်နဂါးရဲ့ညီ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား

ပစည်းဝယ် ထောက်ပို့လုပ်နေတဲ့ ဗိုလ်နဂါးရဲ့ ညီတော်စပ်သူကို အခြား pdf တပ်ဖွဲ့ဝင်တွေနဲ့အတူ ကလေးဝမြို့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  23 Feb 2024 8:30 PM IST
  • ဗိုလ်နဂါးရဲ့ညီ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Moemyint Julyhtet ဆိုတဲ့ ဖေစ့်ဘွတ်အကာင့်မှာ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး စစ်ကောင်စီလော်ဘီ အကောင့်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာလည်း ကူးယူဖြန့်ဝေ နေမှုတွေ ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြည်လင်ပြတ်သားမှုမရှိတဲ့ လူတစ်ဦးထိုင်နေတဲ့ ဓာတ်ပုံနဲ့အတူ ‘ပစည်းဝယ် ထောက်ပို့ လုပ်နေသော ဗိုလ်နဂါး၏ ညီ တော်ဆက်သူအား အခြားဒေသခံ ပီဒက်များနှင့် တူတကွဖမ်းစီးရမိ။ ကလေးဝမြို့တွင်လက်နက်ခဲယမ်းများဝယ်ယူမည့် အချိတ် အဆက်နှင့် တွေ့ဆုံမည်ဟု သတင်းရရှိသဖြင့် တပ်မတော်စစ်ကြောင်းမှ အလစ်အငိုက်ဖမ်းစီးရမိကာမှ ဗိုလ်မှူးလင်၏ ဦးဆောင်မှုဖြင့် ဖမ်းစီးရမိခဲ့သည်’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဗိုလ်နဂါးရဲ့ညီ ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံ ဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီဖြန့်ဝေမှုတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းမှားတွေ ဖြစ်ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA ရဲ့ တရားဝင် ဖေစ့်ဘွတ် စာမျက်နှာမှာ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်းမှာ ဖော်ပြထားပါတယ်။


    BNRA ရဲ့ ဖြေရှင်းထားမှုထဲမှာ အခုဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေသာ ဖြစ်ကြောင်းနဲ့ ဗိုလ်နဂါးမှာ လက်နက်ခဲယမ်းတာဝန်ခံ ညီအရင်း မရှိကြောင်း ရေးသားထားပါတယ်။

    BNRA ရဲ့ ပြန်လည်ဖြေရှင်းထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ဗိုလ်နဂါးညီ အဖမ်းခံရarrestedMilitaryLobbyလော်ဘီFakenewsသတင်းမှားဗိုလ်နဂါးထောက်ပို့
    Read Full Article
    Claim :   ဗိုလ်နဂါးရဲ့ညီ ဖမ်းဆီးခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!