BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်မှူးကြီး စောချစ်သူရဲ့...
သတင်းအတု

ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ်က စစ်တပ်နဲ့ ဆက်လက်ပူးပေါင်းမယ်ဆိုတဲ့ သတင်းအမှား

ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ အဖွဲ့ဟာ တပ်မတော်ဖက်မှာပဲ ဆက်လက်ရပ်တည်သွားမယ်လို့ ပြောဆိုတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  17 March 2024 9:29 PM IST
  • ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ်က စစ်တပ်နဲ့ ဆက်လက်ပူးပေါင်းမယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံအားပေးနေတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ ပေချ့်တွေမှာ မတ်လ ၁၂ ရက်နေ့က စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရမှာ BGF တပ်ဖွဲ့ဝင်တွေနဲ့ ဘုန်းကြီးတစ်ပါး ပါဝင်တဲ့ ဓာတ်ပုံဟောင်းကို အသုံးပြုပြီး ‘'သတင်းကောင်း။ ဘီဂျီအက်ဖ်က မင်းသားကြီး ဗိုလ်ချစ်သူက တပ်မတော် ဖက်ပဲ ဆက်လက်ရပ်တည်သွားမယ်တဲ့။ အလှူခံပြီး စစ်တိုက်နေရတဲ့ တာပေါတို့ လက်ပြတ်တို့ကို မမြင်ချင်တော့ဘူးဆိုပဲ' လို့ ရေးသားထားပါတယ်။

    အချို့ဖြန့်ဝေမှုတွေမှာတော့ ‘တပ်မတော်+ကရင်နယ်ခြားစောင့်.BGF။ တပ်မတော်..မဂ်လာသတင်းအမှန်ပါ။ မီဒီယာနဲ့ KIC ဖွပြီး သွေးခွဲ.ရန်တိုက်ပေးခဲ့သော်လည်း ငြိမ်းချမ်းရေးမှတပါး စိတ်မဝင်စားသော BGF ဗိုလ်မှူးချုပ် စောချစ်သူ တပ်မတော်ဘက်မှ ရပ်တည်ကြောင်း အတိအလင်းကြေငြာ။ တဆက်တည်း ဆရာတော် စောကြယ်ဖြူကို ဂုဏ်ပြုပါတယ်။ ကရင်ပြည်နယ်မှ ဖားစည်သံ’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ကရင်နယ်ခြားစောင့်တပ် BGF က တပ်မတော်ဖက်မှာပဲ ဆက်လက်ရပ်တည်သွားမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေဘက်က လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူဟာ ၎င်းလက်အောက်က နယ်ခြားစောင့်တပ်တွေ အနေနဲ့ စစ်တပ် လက်အောက်မှ ခွဲထွက်ကာ သီးခြားရပ်တည်သွားမှာ ဖြစ်ပြီး စစ်ကောင်စီထံကနေ လစာနဲ့ ရိက္ခာ မယူတော့ဘူးလို့ ဇန်နဝါရီလ လယ်မှာ တရားဝင် ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

    ဒါ့အပြင် ဒီလအစောပိုင်းမှာ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ် BGF ဟာ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် Karen National Army ဆိုပြီး သူ့ရဲ့ တပ်နာမည်ကို ပြောင်းလဲလိုက်ပြီး တပ်သားသစ် စုဆောင်းဖိတ်ခေါ်တာတွေလည်း လုပ်နေတာ ရှိပါတယ်။

    ဗိုလ်မှူးကြီး စောချစ်သူက မီဒီယာတွေနဲ့ အင်တာဗျူးမှာ ကရင်အချင်းချင်း ပြန်မတိုက်ချင်တော့တာအပြင် စစ်တပ်ကပေးတဲ့ ရိက္ခာကိုလည်း ဆက်မယူချင်တော့ဘူးလို့ ပြောဆိုထားပါတယ်။

    ကရင်နယ်ခြားစောင့်တပ်ရဲ့ တပ်နာမည်ပြောင်းလဲတဲ့ သတင်းတွေကို သတင်းဌာနတွေမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

    BGF က တပ်မတော်ဖက်မှာပဲ ဆက်လက်ရပ်တည်သွားမယ်ဆိုပြီး ဖြန့်ဝေနေတာတွေဟာ စစ်တပ်ထောက်ခံသူတွေက လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    Tags

    juntaခွဲထွက်separationFakenewsသတင်းမှားLobbyစစ်ရေးသတင်းBGFနယ်ခြားစောင့်တပ်
    Read Full Article
    Claim :   ကရင်နယ်ခြားစောင့်တပ်က စစ်တပ်နဲ့ ဆက်လက်ပူးပေါင်းမယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!