BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သတင်းအမှား။ ဆွီဒင်နိုင်ငံက...
သတင်းအတု

သတင်းအမှား။ ဆွီဒင်နိုင်ငံက လိင်ဆက်ဆံခြင်းကို အားကစားအဖြစ်သတ်မှတ်တယ်ဆိုတာ မဟုတ်ပါ

ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆွီဒင်မှာ လိင်ဆက်ဆံတာကို အားကစားဖြစ်ကြေငြာခဲ့ပြီး လိင်ဆက်ဆံတဲ့ ပြိုင်ပွဲတွေလည်း ပြုလုပ်သွားမယ်ဆိုပြီး ရေးသားဖြန့်ဝေနေထားတဲ့အကြောင်းအရာတွေ ပြည်တွင်းနည်းတူ နိုင်ငံတကာ လူမှုကွန်ရက်တွေမှာလည်း အင်နဲ့အားနဲ့ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  5 Jun 2023 9:59 PM IST
  • သတင်းအမှား။ ဆွီဒင်နိုင်ငံက လိင်ဆက်ဆံခြင်းကို အားကစားအဖြစ်သတ်မှတ်တယ်ဆိုတာ မဟုတ်ပါ

    ဂျွန်လ သုံးရက်နေ့ကစပြီး နိုင်ငံတကာမှာပျံ့နှံ့ခဲ့တဲ့ ဒီအကြောင်းအရာဟာ ပြည်တွင်းက သတင်းပေ့ချ်အမည်ခံစာမျက်နှာတွေနဲ့ အားကစားသတင်းအမည်ခံပေ့ချ်တွေမှာ ဟာသနှောစရာကိစ္စ္စအဖြစ် အတည်အတံ့ရေးသားဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

    မူရင်းဖြန့်ဝေမှုတချို့မှာ ‘ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံတာကို အားကစားတစ်ခုအဖြစ် တရားဝင်ကြေငြာခဲ့ကြောင်း၊ ဒါ့အပြင် လိင်ဆက်ဆံခြင်း ပြိုင်ပွဲတွေကို ဇွန်လအတွင်းမှာ ပြုလုပ်သွားဘို့ စီစဉ်ထားကြောင်း၊ လိင်ဆက်ဆံခြင်းကို အားကစားတစ်ခုအနေနဲ့ ကြေညာတဲ့ ပထမဆုံးသော နိုင်ငံဖြစ်ကြောင်း၊ ကျား/မ/ LGBT ခွဲခြားမှု လုံးဝမရှိတဲ့အတွက် နိုင်ငံပေါင်း (၂၀)က ပါဝင်လိုသူတွေ စာရင်းပေးထားပြီး ဖြစ်ကြောင်းနဲ့ ပထမဆုံးသော ဥရောပချန်ပီယံရှစ်ကို ဇွန်လ (၈)ရက်နေ့မှာ ကျင်းပါမှာဖြစ်ကြောင်းတွေ ရေးသားထားပါတယ်။

    တချို့ဖြန့်ဝေမှုတွေမှာလည်း ဒီအကြောင်းအရာကို ချဲ့ကား ရေးသားကာ မူရင်းဖြန့်ဝေမှုမှာ မပါဝင်တဲ့ အကြောင်းအရာတွေ ကိုပါ စိတ်ကူးနဲ့ ထည့်သွင်းရေးသားထားပါတယ်။


    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်နေတာကို တွေ့ရပါတယ်။

    ဆွီဒင်နိုင်ငံအခြေစိုက် သတင်းဌာန Goteborgs-Posten က အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားသာ ဖြစ်ကြောင်း ဧပြီ ၂၃ ရက်နေ့က ဆွီဒင်ဘာသာစကားနဲ့ ရေးသားထားတဲ့ သူ့တို့ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။


    Goteborgs-Posten က ပြန်လည်ရှင်းလင်းထားတဲ့ သတင်းထဲမှာ ဆွီဒင်နိုင်ငံရှိ လိင်ပိုင်းဆိုင်ရာ အဖွဲ့ချုပ်တစ်ခုက အကြီးအကဲဖြစ်တဲ့ Dragan Bratic ဆိုသူက လိင်ဆက်ဆံမှုကို အားကစားတစ်ခုအဖြစ် သတ်မှတ်စေလိုတဲ့အတွက် ဒီနှစ်အစောပိုင်းက ဆွီဒင်နိုင်ငံရဲ့ အမျိုးသားအားကစားအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်လွှာတင်ခဲ့ကြောင်း၊ သူဟာ ဆွီဒင်နိုင်ငံအတွင်းမှာ အဖော်အချွတ်ကလပ် အများအပြား ဖွင့်လှစ်ထားသူလည်း ဖြစ်ကြောင်း၊ ဒါပေမယ့် သူ့ရဲ့ လျှောက်လွှာဟာ မပြည့်စုံဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    Goteborgs-Posten သတင်းမှာ ဆွီဒင်ဘာသာစကားနဲ့ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ဒီအကြောင်းအရာဟာ သတင်းအမှားဖြစ်ကြောင်းကို Goteborgs-Posten သတင်းကို ကိုးကားပြီး NDTV သတင်းမှာလည်း ဇွန်လ ၅ ရက်နေ့က ဖော်ပြထားပါတယ်။

    NDTV ရဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ဆွီဒင်နိုင်ငံsex championshipလိင်ဆက်ဆံပြိုင်ပွဲFakenewsသတင်းအမှားအမျိုးသားအားကစားအဖွဲ့ချုပ်
    Read Full Article
    Claim :   ဆွီဒင်မှာ လိင်ဆက်ဆံတာကို အားကစားဖြစ်ကြေငြာခဲ့ပြီး လိင်ဆက်ဆံတဲ့ ပြိုင်ပွဲတွေလည်း ပြုလုပ်သွားမယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!