BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဂျပန်နိုင်ငံက ပြည်နယ်အချို့မှာ...
သတင်းအတု

ဂျပန်နိုင်ငံက ပြည်နယ်အချို့မှာ ကင်ဆာရောဂါသည် မရှိဘူးဆိုတဲ့ သတင်းအမှား

ဂျပန်နိုင်ငံရှိ ပြည်နယ် ၄၇ ခုအနက် အချို့ပြည်နယ်တွေမှာ ဒေသခံတွေက ကြက်ဟင်းခါးသီး စားကြတဲ့အတွက် ကင်ဆာရောဂါ ဖြစ်ပွားသူ လုံးဝမရှိဘူးဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  25 Jan 2025 9:44 PM IST
  • ဂျပန်နိုင်ငံက ပြည်နယ်အချို့မှာ ကင်ဆာရောဂါသည် မရှိဘူးဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို ကျန်းမာရေး အသိပညာတွေ ဖြန့်ဝေနေတယ်ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေ၊ ဂရုတွေမှာ ဇန်နဝါရီ ၁၀ ရက်နေ့က စတင်ပြီး ကူးယူဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ 'ကင်ဆာကာကွယ်တဲ့အသီး။ FB က မိတ်ဆွေတဦးက ကင်ဆာမျိုးရိုးရှိပါတယ်တဲ့။ ,အမေကလည်းအဆုတ်မှာ အလုံးဖြစ်နေတယ်။ သူတို့ကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်ထားရမလဲတဲ့။

    ဂျပန်နိုင်ငံမှာ ပြည်နယ်၄၇ခုရှိတယ်။ အဲဒီထဲမှာ ကင်ဆာဖြစ်သူ လုံးဝမရှိတဲ့ပြည်နယ်တွေ ပါပါတယ်။ အဲဒီပြည်နယ်တွေက ကြက်ဟင်းခါးသီး လှိုင်လှိုင်ထွက်ပြီး, ဒေသခံတွေက ကြက်ဟင်းခါးသီးကို အမြတ်တနိုးစားကြပါတယ်တဲ့ သူတို့ဟာ အလွန် ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါးသီးကြောင့် ကင်ဆာမဖြစ်ကြတာ ဖြစ်ပါတယ်တဲ့။

    ကျနော်တို့ မြန်မာတွေက အခါးအရသာကို သိပ်ကြောက်ကြတယ်။ အခါးကို မစားကြဘူး။ ဒါကြောင့် ကြက်ဟင်းခါးသီးကို သိပ်မစားဖြစ်ကြဘူး။ ရှေးတုန်းက မြန်မာတွေကတော့ ကြက်ဟင်းခါးသီး ဆေးဖက်ဝင်မှန်းသိလို့ တော်တော်စားကြတယ်။ အသက်လည်း တော်တော်ရှည်ခဲ့ကြပါတယ်။

    တချို့ကလည်း ကြက်ဟင်းခါးသီးကို တက်စာဆိုပြီးရှောင်ကြပါတယ်။ တကယ်တော့ ကြက်ဟင်းခါးသီးထဲက အူတိုင်တွေကို မထုတ်ဘဲ ချက်ရင် တက်ပါတယ်။ အူတိုင်ထုတ်ပြီး ချက်ရင် မတက်ပါဘူး။ ပြီးတော့ အကြာကြီး ပျော့ပြဲအောင် မချက်ရဘူး။ ခပ်မာမာ ခပ်စိမ်းစိမ်း လောက်ပဲ ချက်မှ သူ့မှာပါတဲ့ အင်ဇိုင်းတွေ မပျက်စီးဘဲ ဆေးဖက်ဝင်တာဖြစ်ပါတယ်။ ကြက်ဟင်းခါးသီး ဟင်းတခွက် ပါရင် ထမင်းလည်းမြိန်ပါတယ်။ ဒါကြောင့် ကြက်ဟင်းခါးသီးကို တပတ်၂ ရက်လောက် ချက်စားပြီး ကင်ဆာရောဂါကို ကာကွယ်ပါ’ ဆိုပြီး ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ အချက်အလက်တွေ လွဲမှားနေတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

    ဂျပန်နိုင်ငံမှာ ကြက်ဟင်းခါးသီး စားလို့ ကင်ဆာမဖြစ်ဘူးဆိုတဲ့ ပြည်နယ်ဆိုတာ မျိုး မရှိပါဘူး။

    ဂျပန်နိုင်ငံ The Nippon Communications Foundation မှာ ၂၀၁၉ ခုနှစ်က ဖော်ပြထားတဲ့ အချက်အလက်တွေအရ နာဂါဆာကီစီရင်စုမှာ ကင်ဆာ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်ပြီး လူတစ်သိန်းမှာ ၄၅၄ ယောက်ခန့်နှုန်းဖြစ်ပွားပါတယ်။

    အိုကီနာဝါ မှာတော့ ကင်ဆာဖြစ်ပွားမှုနှုန်း အနိမ့်ဆုံးဖြစ်ပြီး လူတစ်သိန်းမှာ ၃၅၆ ယော်ခန့်နှုန်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    အထက်က ဖော်ပြထားတဲ့ ဇယားကိုကြည့်ရင် ဂျပန်နိုင်ငံမှာ ကင်ဆာရောဂါ ဖြစ်ပွားမှု အနိမ့်ဆုံးဒေသမှာတောင် လူတစ်သိန်းမှာ သုံးရာငါးဆယ်ကျော် ဖြစ်ပွားတယ်ဆိုတာ တွေ့ရမှာပါ။

    ဂျပန်နိင်ငံရဲ့ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနရဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာအရ ဂျပန်နိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားသူ ဦးရေ တစ်သန်းခန့်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

    The Nippon Communications Foundation က ဖော်ပြထားတဲ့ အချက်အလက်တွေကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင်

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ထုတ်ပြန်ထားချက်အရ ၂၀၂၂ ခုနှစ်မှာ ကင်ဆာရောဂါဖြစ်ပွားမှု တွေ့ရှိမှုပေါင်း တစ်သန်းကျော်ရှိပြီး လေးသိန်းကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    နောက်ထပ် အချက်အနေနဲ့ ကြက်ဟင်းခါးသီးဟာ ဆီးချိုအပါအဝင် အခြားရောဂါတွေကို ကာကွယ်တာနဲ့ ကုသမှုပိုင်းမှာ ကောင်းမွန်တယ်လို့ ဆေးပညာကျွမ်းကျင်သူတွေက ထောက်ခံပြောဆိုထားပေမယ့် ကင်ဆာရောဂါ ကုသမှု ပိုင်းမှာတော့ လေ့လာနေဆဲ အဆင့်သာ ရှိပါသေးတယ်။

    အမေရိကန် အမျိုးသားဆေးပညာ စာကြည့်တိုက်က ထုန်ပြန်တဲ့ ၂၀၁၇ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ် လေ့လာမှုတွေအရ ကြက်ဟင်းခါးသီးမှာ ကင်ဆာရောဂါကို ကုသ ကာကွယ်နိုင်တဲ့ အချက်အလက်တွေ တွေ့ရှိခဲ့ပေမယ့် နောက်ထပ် သုတေသန ပြုလုပ်ချက်တွေ များစွာ လိုနေသေးတယ်လို့ လေ့လာမှုမှာ ရေးသားဖော်ပြထားပါတယ်။

    ထုတ်ပြန်ထားတဲ့ သုတေသနစာတမ်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ကျန်းမာရေးအသိပညာပေးသတင်းမှားကင်ဆာပျောက်ဆေးကင်ဆာရောဂါcancerFakenews
    Read Full Article
    Claim :   ဂျပန်နိုင်ငံက ပြည်နယ်အချို့မှာ ကင်ဆာရောဂါသည် မရှိဘူးလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!