BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒုံးပျံအပိုင်းအစတွေ ဧရာဝတီတိုင်း...
သတင်းအတု

ဒုံးပျံအပိုင်းအစတွေ ဧရာဝတီတိုင်း ပုသိမ်မြို့ဧရိယာအတွင်း ပြုတ်ကျနိုင်တယ်ဆိုတဲ့ အချက်အလက်အမှား

ကမ္ဘာမြေပေါ်ကို ပျက်ကျလာတဲ့ တရုတ်နိုင်ငံပိုင် Long March 5B ဒုံးပျံရဲ့ အပိုင်းအစတွေဟာ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ဧရိယာအတွင်း ပြုတ်ကျမယ်ဆိုတဲ့အကြောင်းအရာတွေ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  30 July 2022 7:58 PM IST
  • ဒုံးပျံအပိုင်းအစတွေ ဧရာဝတီတိုင်း ပုသိမ်မြို့ဧရိယာအတွင်း ပြုတ်ကျနိုင်တယ်ဆိုတဲ့ အချက်အလက်အမှား

    ဒီသတင်းကို ဇူလိုင် ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ တရုတ်နိုင်ငံက လွှတ်တင်လိုက်တဲ့ဂြိုလ်တုဟာ အာကာသတွင်းပျက်စီးပြီး တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံ ဧရာ၀တီတိုင်းထဲက ပုသိမ်မြို့ဧရိယာအတွင်း ပြုတ်ကျလာနိုင်တယ်လို့ NASA အဖွဲ့က ထုတ်ပြန်ထားကြောင်း၊ ဂြိုလ်တုအစိတ်အပိုင်းများဟာ လွင့်စင်ပြီး လူနေရပ်ကွက်တွေအပြင် ပုသိမ်အနီးတစ်ဝိုက် ၂၆ မိုင်အတွင်း သက်ရောက်နိုင်ကြောင်းနဲ့ တရုတ်ဂြိုလ်တု Long March 5B ပြုတ်ကျတာဟာ ၃ ကြိမ်ရှိခဲ့ပြီး ၂၀၂၀ မေလတုန်းက အာဖရိကနိုင်ငံ အနောက်ဖက်ကမ်းခြေသို့ ပျက်ကျခဲ့စဉ်က လူ ၂၀၀ ကျော် သေကြေခဲ့ရကြောင်းတွေ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒုံးပျံအပိုင်းအစတွေ မည်သည့်နေရာကို ပြုတ်ကျမယ်ဆိုတာနဲ့ ပတ်သတ်ပြီး နေရာအတိအကျ ခန့်မှန်းထားနိုင်ခြင်းမရှိသေးကြောင်းနဲ့ ကမ္ဘာနဲ့ ပိုနီးကပ်လာပြီး ပြုတ်ကျဖို့ နာရီပိုင်းအလိုလောက်မှသာ သိရှိနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားထားပါတယ်။

    အာကာသအကြောင်း ဖော်ပြနေတဲ့ Aerospace က ခန့်မှန်းထားတဲ့ ဒုံးပျံပျက်ကျနိုင်တဲ့ နေရာကို အောက်ပါပုံမှာ ကြည့်ရှု့နိုင်ပါတယ်။


    ပုံမှာ ပြသထားတဲ့ အပြာနဲ့ အဝါရောင် မျဉ်းကြောင်းတွေရဲ့ ဘယ်နေရာမှာမဆို ဒုံးပျံပြန်လည်ကျရောက်လာနိုင်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ဒါဟာ ဧရာ၀တီတိုင်းအတွင်း အတိအကျ ကျရောက်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး

    ဒါကြောင့် အခုဖြန့်ဝေနေတဲ့ ဒုံးပျံအပိုင်းအစတွေ ဧရာဝတီတိုင်း၊ ပုသိမ်မြို့အနီးကို ကျရောက်မယ်ဆိုတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကိုယ်တိုင် နေရာအတိအကျ ခန့်မှန်းထားနိုင်ခြင်းမရှိသေးကြောင်းနဲ့ နာဆာကလည်း ဒီလိုထုတ်ပြန်ထားတာမျိုး မရှိပါဘူး။

    Aerospace မှာ ဖော်ပြပေးနေတဲ့ ဒုံးပျံကျရောက်နိုင်မယ့်နေရာနဲ့ အချိန် ခန့်မှန်းချက်ပြောင်းလဲမှုတွေကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    တရုတ်နိုင်ငံပိုင် ဒုံးပျံthe area of Patheinပုသိမ်မြို့ဧရိယာအတွင်း ပြုတ်ကျNASAတရုတ်ဂြိုလ်တုLong March 5B
    Read Full Article
    Claim :   ကမ္ဘာမြေပေါ်ကို ပျက်ကျလာတဲ့ တရုတ်နိုင်ငံပိုင် Long March 5B ဒုံးပျံရဲ့ အပိုင်းအစတွေဟာ ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ဧရိယာအတွင်း ပြုတ်ကျမယ်လို့ဆို။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!