BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြည်ပထွက်ခွာသူအကုန်လုံး UID...
သတင်းအတု

ပြည်ပထွက်ခွာသူအကုန်လုံး UID လိုမယ်ဆိုတာ မဟုတ်ပါ

ထိုင်းနိုင်ငံကို ထွက်မယ့်သူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်စာအုပ် အပြာ၊ အနီ၊ အစိမ်းတွေအကုန် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးတဲ့ စမတ်ကတ် UID (Unique Identity Number) နံပါတ် ပြနိုင်မှ ထွက်လို့ရနိုင်တော့မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  6 May 2024 8:49 AM IST
  • ပြည်ပထွက်ခွာသူအကုန်လုံး UID လိုမယ်ဆိုတာ မဟုတ်ပါ

    ဒီအကြောင်းအရာကို Nyein's HoHo DD ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီ ၂၉ ရက်နေ့က စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် အပြာရောင် စာအုပ် (Border Pass) ကိုင်ဆောင် ဓာတ်ပုံရိုက်ထားတဲ့ အမျိုးသမီးပုံနဲ့ အတူ 'ထိုင်းလာမယ့်သူများ စာအုပ်အပြာသမားကအစ UID ကဒ်လိုပါတော့မယ်။ ဘယ်မြို့နယ်တွေမှာ စာထုတ်ထားပြီလဲနော်။ တခြား မြို့နယ်တွေမှာတော့ အရင်လိုနေ့ချင်းမရတော့ပဲ ပိုက်ဆံပေးနေရပြီတဲ့နော်။ ရသေးတဲ့မြို့နယ်တွေ ရတုန်း မြန်မြန်သာ လုပ်ထားကြ ပါနော်။ ၅ လပိုင်းကစမယ်တဲ့။ စာအုပ်အပြာတောင်ပါပီဆိုတော့ စာအုပ်အနီ၊ အစိမ်းသမားလည်း လိုပြီနော်။ မကုန်သင့်တာ မကုန်ရ လေအောင် ကြိုကြိုတင်တင်လုပ်ထားလို့ရအောင် မြန်မာလူမျိုးအချင်းချင်း ကူညီရှဲပေးလိုက်ကြပါဦး။ တခြားမြို့နယ်တွေကတော့ UID ရဖို့ ကြာချိန် ၃ ရက်လို့ကြားထားတယ်။ ခုမှ ထိုင်း အမြန်လာချင်သူတွေလည်း မြန်မြန်လာလို့ရအောင် အတွေ့အကြုံလေးတွေလည်း မျှဝေပေးကြပါဦးနော်' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ထိုင်းနိုင်ငံကို ထွက်ခွာမယ့်သူတွေ အကုန်လုံး စမတ်ကတ် UID နံပါတ် လိုတယ် ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ နားလည်မှု လွဲစေတဲ့ သတင်းအချက်အလက် အမှားတွေပဲ ဖြစ်ပါတယ်။

    စစ်ကောင်စီလက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မေလ ၁ ရက်နေ့က စပြီး ဂဏန်း(၁၀)လုံးပါ UID (Unique Identity Number) ပါရှိမှ နယ်စပ်ဖြတ်ကျော်ဂိတ်တွေကတဆင့် နယ်စပ်ဖြတ်သန်းခွင့် ပြုမယ်ဆိုပြီး အသိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

    ဒီထုတ်ပြန်ချက်မှာ အခြား နိုင်ငံကူးလက်မှတ် အနီ၊ အပြာ (သံတမန်နိုင်ငံကူးလက်မှတ်/Diplomatic Passport) နဲ့ အစိမ်း (နိုင်ငံ့ဝန်ထမ်း နိုင်ငံကူးလက်မှတ်) တွေကို ရည်ညွှန်းထားတာ မဟုတ်ပါဘူး။


    ဒီထုတ်ပြန်ချက်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဧပြီလ ၄ ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပြီး ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိင်ပါတယ်။

    ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအတွင်း နေထိုင်သူ အသက် ၁၀ နှစ်နဲ့ အထက်တွေကို ကိုယ်ရေးအချက်အလက်တွေ ကောက်ယူပြီး ဂဏန်း (၁၀) လုံးပါ UID (Unique Identity Number) နံပါတ်တွေ ထုတ်ပေးနေကြောင်း၊ မြန်မာနိုင်ငံသားတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကို နယ်စပ်ဖြတ်ကျော် ဝင်/ထွက် သွားလားရာမှာ နယ်စပ်ဂိတ်တွေမှာ TBP၊ BP လက်မှတ်တွေ ထုတ်ပေးပြီး ခွင့်ပြုပေးနေကြောင်း၊ ယခုအခါ မေလ ၁ ရက်နေ့က စတင်ပြီး TBP၊ BP လက်မှတ် လျှောက်ရာမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ UID စာရွက်ပါမှ နယ်စပ်ဖြတ်သန်းခွင့် ပြုမည်ဖြစ်ကြောင်း ရေးသားထားတာပါ။

    ဒါကြောင့် အခုဖြန့်ဝေနေတဲ့ ထိုင်းနိုင်ငံကို ထွက်ခွာမယ့်သူတွေ အကုန်လုံး စမတ်ကတ် UID နံပါတ် လိုတယ်ဆိုပြီး ဖြန့်ဝေနေတာဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

    နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) လုပ်ဆောင်မယ့်သူတွေ အနေနဲ့လည်း UID နံပတ် ပါမလာခဲ့ရင် လုပ်ပေးမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက မတ်လ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

    Tags

    UID (Unique Identity Number)မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး
    Read Full Article
    Claim :   ထိုင်းနိုင်ငံကို ထွက်ခွာမယ့်သူတွေ အကုန်လုံး စမတ်ကတ် UID နံပါတ် လိုတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!