BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အာကာသစခန်း အစိတ်အပိုင်းတွေ အာရှနဲ့...
သတင်းအတု

အာကာသစခန်း အစိတ်အပိုင်းတွေ အာရှနဲ့ အာဖရိကတိုက်ပေါ် ပြုတ်ကျမယ်ဆိုတဲ့ သတင်းအမှား

ရုရှားနိုင်ငံ Roscosmos အာကာသအေဂျင်စီက နိုင်ငံတကာ အာကာသစခန်း (ISS) ကနေ ရုရှားရဲ့အပိုင်းကို သီးခြားခွဲထုတ်နေတဲ့ ဗွီဒီယိုကလစ်ကို ဖော်ပြအပြီးမှာ အဲ့ဒီကကျန်ရှိတဲ့ ISS ရဲ့အစိတ်အပိုင်းတွေဟာ မြန်မာနိုင်ငံအပါအဝင် အာရှနဲ့ အာဖရိကတိုက်ပေါ်ကို မကြာခင် ပြုတ်ကျတော့မယ်ဆိုတဲ့အကြောင်းအရာတွေလူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  26 March 2022 6:48 PM IST
  • အာကာသစခန်း အစိတ်အပိုင်းတွေ အာရှနဲ့ အာဖရိကတိုက်ပေါ် ပြုတ်ကျမယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို မတ်လ ၇ ရက်နေ့ကတည်းက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ စတင်ဖြန့်ဝေနေကြတာဖြစ်ပြီမူရင်းရေးသားမှုထဲမှာ‌တော့ "နိုင်ငံတကာ အာကာသစခန်းကနေ ရုရှားဟာ သူ့ရဲ့အပိုင်းကို ဖြုတ်လိုက်ပြီဖြစ်တဲ့အတွက် ISS ဟာ ကမ္ဘာပတ်လမ်းထဲမှာ တည်ရှိနေနိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း၊ ရုရှားက သူ့ရဲ့ လွန်းပျံယာဉ် အင်ဂျင်တွေကို ဆက်လက်ရောင်းချခြင်း မပြုတဲ့အတွက် အမေရိကန် အာကာသ စူးစမ်းရေးတွေဟာရပ်ဆိုင်းရတော့မယ့် အနေအထားမှာ ရှိနေကြောင်း၊ နိုင်ငံတကာ အာကာသစခန်းး ဆက်လက်မလည်ပတ်နိုင်တော့ဘဲ ကမ္ဘာမြေပေါ်ကို 2031 မှာ ပြုတ်ကျမှာ ဖြစ်ပြီး အစိတ်အပိုင်းတွေဟာ မြန်မာနိုင်ငံအပါအဝင် အာရှ နဲ့ အာဖရိက တိုက်ကို ပြုတ်ကျမယ်လို့ ခန့်မှန်းထားကြောင်းနဲ့ ခုချိန်ကစလို့ အာကာသသတင်းတွေ ပြတ်တောက်သွားပြီလို့ သတင်းရကြောင်း" ရေးသားဖြန့်ဝေ နေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ယူကရိန်း ပဋိပက္ခကြားတွင် တင်းမာမှုများ မြင့်တက်နေချိန်မှာ ရုရှားနိုင်ငံ Roscosmos အာကာသအေဂျင်စီက နိုင်ငံတကာ အာကာသစခန်း (ISS) ကနေ ရုရှားရဲ့ အပိုင်းကို သီးခြားခွဲထုတ်နေတဲ့ သရုပ်ဖော် ဗီဒီယိုကလစ်ကို ဖြန့်ဝေခဲ့ကာ Roscosmos ရဲ့ ညွှန်ကြားရေးမှူးချုပ် Dmitry Rogozin က "အာကာသအတွင်း ပူးပေါင်းဆောင်ရွက်မှု ပြိုကွဲခြင်း" ဆိုပြီး ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

    နိုင်ငံတကာ အာကာသစခန်းကို ရုရှက ဒီလိုခွဲထုတ်လိုက်တဲ့အတွက် အာကာသစခန်းဟာ ထိန်းချုပ်မရနိုင်တဲ့ ပတ်လမ်း ကြောင်းထဲကို ဝင်ရောက်သွားမှာ ဖြစ်တယ်ဆိုပြီးတော့လည်း Rogozin က ပြောထားခဲ့ပါတယ်။ ဒီပြောဆိုမှုတွေအပြီးမှာ နိုင်ငံတကာ အာကာသစခန်းက ကမ္ဘာမြေပေါ်ကို ၂၀၃၁ ခုနှစ်မှာ ပြုတ်ကျလာတော့မယ်ဆိုတဲ့ရေးသားဖြန့်ဝေမှုတွေပေါ်ထွက်လာတာဖြစ်ပါတယ်။

    ဒီအဖြစ်အပျက်တွေ မတိုင်မီကတည်းက နာဆာအနေနဲ့ ISS ကို လာမယ့် ၂၀၃၀ ခုနှစ် အထိသာ အလုပ်လုပ်တော့မှာ ဖြစ်တဲ့ အကြောင်းနဲ့ ၂၀၃၁ ခုနှစ် အစောပိုင်းမှာ ပစိဖိတ် သမုဒ္ဒရာထဲကို ပျက်ကျလာလိမ့်မယ် သတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒါဟာ ISS ကနေ ရုရှားရဲ့အစိတ်အပိုင်း ခွဲထုတ်လိုက်တဲ့ ကိစ္စနဲ့ သက်ဆိုင်မှု မရှိပါဘူး။

    နာဆာက ISS ကို ရပ်နားဖို့ ဆုံးဖြတ်လိုက်တာဟာ ကမ္ဘာမြေနဲ့ နီးတဲ့ အာကာသထဲက ကမ္ဘာပတ်လမ်း အနိမ့်ထဲမှာ စီးပွားဖြစ် လုပ်ငန်းတွေ စတင်လာတာကြောင့် ဖြစ်တယ်လို့ ပြောထားပါတယ်။


    ဒီသတင်းကို ဘီဘီစီသတင်းဌာနမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။ သတင်းမှာ ရေးသားထားချက်အရ ISS ဟာ ပစိဖိတ် သမုဒ္ဒရာထဲက ပွိုင့် နီမိုလို့ ခေါ်တဲ့ နေရာကို ပျက်လာမှာ ဖြစ်ပြီး အဲဒီနေရာဟာ ကမ္ဘာပေါ်က ဘယ်ကုန်းမြေပြင်နဲ့ မဆို အဝေးဆုံး နေရာမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

    နောက်တချက်အနေနဲ့ ISS စခန်းကနေ ရုရှားရဲ့ အစိတ်အပိုင်းကို ခွဲထုတ်လိုက်တယ်ဆိုပေမယ့် အာကာသစခန်းကို တကိုယ်တော် လည်ပတ်လို့ ရနိုင်တယ်လို့ အာကာသ ကျွမ်းကျင်သူတွေက Newsweek သတင်းဌာနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။


    ရုရှားအနေနဲ့ ၁၉၉၀ ခုနှစ်တွေ ကတည်းက အမေရိကန်ကို Atlas လွှတ်တင်ရေး ယာဉ်တွေကို စွမ်းအင်ပေးရာမှာ အသုံးပြုတဲ့ RD- 180 အင်ဂျင် ၁၂၂ လုံးပေးပို့ခဲ့ပြီး ဖြစ်ပေမယ့် နာဆာရဲ့ ကျွမ်းကျင်ပညာရှင်တွေက အမေရိကန်ရဲ့ ပုဂ္ဂလိက အာကာသကဏ္ဍတွေဟာ သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်ကြောင်းနဲ့ အမေရိကန်အာကာသ အေဂျင်စီပိုင် SpaceX ဟာ ISS ရဲ့ ပတ်လမ်းကို ထိန်းသိမ်း နိုင်တယ်ဆိုတဲ့ ရုရှားရဲ့ စွမ်းရည်ကိုတောင် အစားထိုးနိုင်တဲ့ အခြေအနေမှာ ရှိနေပြီလို့ ပြောဆိုထားပါတယ်။

    သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဖတ်ရှု့နိုင်ပါတယ်။

    Tags

    ရုရှားနိုင်ငံမြန်မာနိုင်ငံအာရှအာဖရိကအာကာသစခန်းthe International Space StationISSISS will fall on Asia and AfricaFake newsUkarine
    Read Full Article
    Claim :   နိုင်ငံတကာ အာကာသစခန်း (ISS) ရဲ့အစိတ်အပိုင်းတွေ မြန်မာနိုင်ငံအပါအဝင် အာရှနဲ့ အာဖရိကတိုက်ပေါ်ကို မကြာခင် ပြုတ်ကျမယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!