BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG ကို...
သတင်းအတု

NUG ကို အာဆီယံအစည်းအဝေးဖိတ်တယ်ဆိုတဲ့ သတင်းအမှား

NUG ကို အာဆီယံအစည်းဝေး တက်ရောက်ဘဖို့ တရားဝင်ဖိတ်ခေါ်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  11 Oct 2022 6:00 PM IST
  • NUG ကို အာဆီယံအစည်းအဝေးဖိတ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို အောက်တိုဘာလ ၄ ရက်နေ့က စတင်ပြီး သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ 'မန္တလေးအိမ်ခြံမြေ ရောင်းဝယ်ငှား' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ အာဆီယံအစည်းအဝေး NUG ကို ဖိတ်ခေါ်ပြီလို့ ရေးသားကာ ကြာချိန် ၈ မိနစ်ကျော်ကြာတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ဖြန့်ဝေထားတာပါ။ ဗွီဒီယိုနဲ့တွဲထားတဲ့ ပုံမှာလည်း 'NUG ကို တရားဝင် ဖိတ်ခေါ်ပြီ။ မင်းအောင်လှိုင် ပယ်ချခံရ' ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတာဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG ကို အာဆီယံအစည်းဝေး တက်ရောက်ဖို့ တရားဝင်ဖိတ်ခေါ်လိုက်တယ်ဆိုတဲ့ ရေးသားဖြန့်ဝေ‌မှုတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ လာမယ့် နိုဝင်ဘာလမှာ ပြုလုပ်မယ့် အကြိမ် (၄၀) နဲ့ (၄၁) ကြိမ်မြောက် အာဆီယံအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေကို စစ်ကောင်စီခေါင်းဆောင်ကို ကမ္ဘောဒီးယားဘက်က မဖိတ်ကြားဘူးလို့ ကမ္ဘာဒီယား နေ့စဉ်ထုတ် သတင်းစာ The Phnom Penh Post က အောက်တိုဘာ ၄ ရက်က ရေးသားဖော်ပြထားပါတယ်။

    ကမ္ဘောဒီးယား နိုင်ငံခြားရေးရာနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sunry ရဲ့ ရေးသားဖော်ပြချက်အရ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးကို ဖိတ်ထားပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံမပါဝင်ကြောင်း၊ မြန်မာနိုင်ငံက အစိုးရနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တစ်ဦး တက်ရောက်ဖို့ကိုသာ ကမ်းလှမ်းထားကြောင်း RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)၊ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) နဲ့ မလေးရှားအစိုးရ အပါအဝင် မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက အာဆီယံအနေနဲ့ NUG အစိုးရကို တရားဝင်တွေ့ဆုံဖို့ တောင်းဆိုနေတယ်ဆိုပေမယ့် အာဆီယံအစည်းအဝေးကို ဖိတ်ကြားတယ်ဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။

    Tags

    အာဆီယံအစည်းဝေးthe ASEAN meetingNUG အစိုးရFakenewsMilitary CouncilSAC
    Read Full Article
    Claim :   NUG ကို အာဆီယံအစည်းဝေး တက်ရောက်ဘို့ တရားဝင်ဖိတ်ခေါ်
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!